What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 06 May 2020 19:43

စင်ကာပူ၏ အသက်အငယ်ဆုံး Covid-19 လူနာ အမျိုးသမီး ဗိုင်းရပ်စ်ကင်းစင်ကြောင်း ကြေညာခဲ့ပြီး တစ်ပတ်ကျော်အကြာ ကွယ်လွန်

အသက် ၅၈ နှစ်ရှိ Salha သည် လွန်ခဲ့သောကိုးရက်က ဗိုင်းရပ်စ်ပိုးကင်းစင်ကြောင်း ကြေညာခဲ့သော်လည်း

ရောဂါကူးစက်ခံရမှုကြောင့် သူမ၏ ခန္ဓာကိုယ်အပေါ် ဆိုးကျိုးများ သက်ရောက်မှုရှိခဲ့သည်။သူမ၏ ကျောက်ကပ်နှင့်အသည်း အပါအဝင် သူမ၏ ခန္ဓာတွင်းမှ အရေးကြီးသောအင်္ဂါများသည် ပျက်စီးနေသောကြောင့် ဆိုးဝါးသော အခြေအနေတွင် ရောက်ရှိနေသည်။

Coronavirus ရောဂါဒဏ်ကြောင့်သေဆုံးရသူမှာ အငယ်ဆုံးလူနာ ဖြစ်တဲ့ Salha Mesbee ရဲ့ခင်ပွန်းနှင့်ကလေးသုံးယောက်သည် သူမသေဆုံးမှီနာရီအနည်းငယ်အလိုတွင် Ng Teng Fong အထွေထွေရောဂါကုဆေးရုံရှိအထူးကြပ်မတ်စောင့်ရှောက်မှုဌာန (ICU) ရှိ သူမ၏အိပ်ရာဘေးတွင် နောက်ဆုံးအနေဖြင့် စုရုံးခဲ့သည်။ သူမ၏ နောက်ဆုံးသောနေ့၌ မိသားစုဝင်တွေ့ရန် ခွင့်မပြုခြင်းကို ခြွင်းချက် ပြုပေးခဲ့ခြင််း ဖြစ်သည်။

ဆရာဝန်က သူမ၏ ဦးနှောက် သေနေပြီ ဖြစ်ပြီး စက်ကိရိယာများ အားကိုးဖြင့် ထိန်းပေးထားခြင်း ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ မိသားစုက ကြေကွဲစို့နင့်စရာ မြင်ကွင်းဖြစ်နေသည်။ သို့ဖြစ်ရာ စက်ကိရိယာများ ရပ်ဆိုင်းရန် သဘောတူပေးခဲ့သည်။


Ms Salha သည် လူနာနံပါတ် ၇၀၃ ဖြစ်သည်။ တူရကီနိုင်ငံသို့ ၁၀ ရက် သွားရောက်နေထိုင်ခဲ့သည်။ အသက် ၆၁ နှစ်ရှိ ခင်ပွန်းနှင့်အတူ သွားခဲ့သော ခရီးဖြစ်သည်။ သူတို့နှစ်ဦီး၏ မင်္ဂလာ ၃၈ နှစ်မြောက် နှစ်ပတ်လည်အဖြစ် အပျော်ခရီး ထွက်ခဲ့ကြခြင်း ဖြစ်သည်။

စင်ကာပူသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက်တွင် အသက်ရှူမရသဖြင့် ဆေးရုံတင်ခဲ့ပြီး ဆေးစစ်ရာ ကိုဗစ် လူနာ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ခင်ပွန်းသည်လည်း အတည်ပြု လူနာ ဖြစ်နေသည်။ တူရကီမှ မပြန်ခင်ညတွင် အဖျားရှိခဲ့သည်။ ယခုအခါ သက်သာပျောက်ကင်းပြီး ပိုးမရှိတော့သဖြင့် ဆေးရုံမှ ဆင်းခဲ့ပြီးပြီ ဖြစ်သည်။
သူတို့ခရီးတွင် လိုက်ပါခဲ့ခြင်း မရှိသောလည်း ထိတွေ့မှုများပြားသည့် သားနှစ်ယောက်တွင် ပိုးမတွေ့ရချေ။

zawgyi

စင္ကာပူ၏ အသက္အငယ္ဆုံး Covid-19 လူနာ အမ်ိဳးသမီး ဗိုင္းရပ္စ္ကင္းစင္ေၾကာင္း ေၾကညာခဲ့ၿပီး တစ္ပတ္ေက်ာ္အၾကာ ကြယ္လြန္

အသက္ ၅၈ ႏွစ္ရွိ Salha သည္ လြန္ခဲ့ေသာကိုးရက္က ဗိုင္းရပ္စ္ပိုးကင္းစင္ေၾကာင္း ေၾကညာခဲ့ေသာ္လည္းေရာဂါကူးစက္ခံရမႈေၾကာင့္ သူမ၏ ခႏၶာကိုယ္အေပၚ ဆိုးက်ိဳးမ်ား သက္ေရာက္မႈရွိခဲ့သည္။သူမ၏ ေက်ာက္ကပ္ႏွင့္အသည္း အပါအဝင္ သူမ၏ ခႏၶာတြင္းမွ အေရးႀကီးေသာအဂၤါမ်ားသည္ ပ်က္စီးေနေသာေၾကာင့္ ဆိုးဝါးေသာ အေျခအေနတြင္ ေရာက္ရွိေနသည္။

Coronavirus ေရာဂါဒဏ္ေၾကာင့္ေသဆုံးရသူမွာ အငယ္ဆုံးလူနာ ျဖစ္တဲ့ Salha Mesbee ရဲ႕ခင္ပြန္းႏွင့္ကေလးသုံးေယာက္သည္ သူမေသဆုံးမွီနာရီအနည္းငယ္အလိုတြင္ Ng Teng Fong အေထြေထြေရာဂါကုေဆး႐ုံရွိအထူးၾကပ္မတ္ေစာင့္ေရွာက္မႈဌာန (ICU) ရွိ သူမ၏အိပ္ရာေဘးတြင္ ေနာက္ဆုံးအေနျဖင့္ စု႐ုံးခဲ့သည္။ သူမ၏ ေနာက္ဆုံးေသာေန႔၌ မိသားစုဝင္ေတြ႕ရန္ ခြင့္မျပဳျခင္းကို ႁခြင္းခ်က္ ျပဳေပးခဲ့ျခင္္း ျဖစ္သည္။

ဆရာဝန္က သူမ၏ ဦးေႏွာက္ ေသေနၿပီ ျဖစ္ၿပီး စက္ကိရိယာမ်ား အားကိုးျဖင့္ ထိန္းေပးထားျခင္း ျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့သည္။ မိသားစုက ေၾကကြဲစို႔နင့္စရာ ျမင္ကြင္းျဖစ္ေနသည္။ သို႔ျဖစ္ရာ စက္ကိရိယာမ်ား ရပ္ဆိုင္းရန္ သေဘာတူေပးခဲ့သည္။


Ms Salha သည္ လူနာနံပါတ္ ၇၀၃ ျဖစ္သည္။ တူရကီႏိုင္ငံသို႔ ၁၀ ရက္ သြားေရာက္ေနထိုင္ခဲ့သည္။ အသက္ ၆၁ ႏွစ္ရွိ ခင္ပြန္းႏွင့္အတူ သြားခဲ့ေသာ ခရီးျဖစ္သည္။ သူတို႔ႏွစ္ဦီး၏ မဂၤလာ ၃၈ ႏွစ္ေျမာက္ ႏွစ္ပတ္လည္အျဖစ္ အေပ်ာ္ခရီး ထြက္ခဲ့ၾကျခင္း ျဖစ္သည္။

စင္ကာပူသို႔ ျပန္လည္ေရာက္ရွိၿပီးသည့္ေနာက္တြင္ အသက္ရႉမရသျဖင့္ ေဆး႐ုံတင္ခဲ့ၿပီး ေဆးစစ္ရာ ကိုဗစ္ လူနာ ျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္။
ခင္ပြန္းသည္လည္း အတည္ျပဳ လူနာ ျဖစ္ေနသည္။ တူရကီမွ မျပန္ခင္ညတြင္ အဖ်ားရွိခဲ့သည္။ ယခုအခါ သက္သာေပ်ာက္ကင္းၿပီး ပိုးမရွိေတာ့သျဖင့္ ေဆး႐ုံမွ ဆင္းခဲ့ၿပီးၿပီ ျဖစ္သည္။
သူတို႔ခရီးတြင္ လိုက္ပါခဲ့ျခင္း မရွိေသာလည္း ထိေတြ႕မႈမ်ားျပားသည့္ သားႏွစ္ေယာက္တြင္ ပိုးမေတြ႕ရေခ်။

 

Read times
Rate this item
(0 votes)