What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 04 April 2020 09:56

အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၅၆ ဦးနှင့် ကူးစက်လူနာ ၂၃၀၀ ကျော် ရှိလာ

90251442_832926683874316_4730726126572273664_n.png

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၅၆ ဦးနှင့် အတည်ပြု ကူးစက်လူနာအရေအတွက် ၂၃၀၁ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ယနေ့နံနက်ပိုင်းတွင် ပြောကြားသည်။

 

ယမန်နေ့ညနေနောက်ပိုင်း သေဆုံးသူသုံးဦးနှင့် ကူးစက်မှု ၂၃၂ မှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကျန်းမာရေးကောင်းမွန်လာသည့် လူ ၁၅၇ ဦးကို ဆေးရုံများ မှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၌ ကူးစက်လူနာ ၂၀၈၈ ဦးရှိကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဧပြီ ၃ ရက်သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရန် အစိုးရက ကြေညာခဲ့သည့် နိုင်ငံတစ်ဝန်း ၂၁ ရက်ကြာ ပြည်သူများ အသွားအလာပြုလုပ်ခွင့် ပိတ်ပင်ထားသည့် ၁၀ ရက်မြောက်နေ့ဖြစ်သည်။

 

နိုင်ငံတစ်ဝန်း ပြည်သူများ၏လှုပ်ရှားမှုကို တားဆီးရန် အာဏာပိုင်များက တင်းကျပ်သော ညမထွက်ရ အမိန့် ပြဋ္ဌာန်းခဲ့သည်။ ခြွင်းချက်ပေးထားသည့် မရှိမဖြစ် လုပ်ငန်းများမှလွဲ၍ ကုန်းလမ်း၊ ရထားလမ်း၊ လေကြောင်း လုပ်ငန်းများအားလုံး ရပ်ဆိုင်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုထိန်းချုပ်ရန်နှင့် နိုင်ငံအတွင်း ကူးစက်မှု လမ်းကြောင်းကို ချိုးဖျက်ရန် လက်ရှိသတ်မှတ်ထားသော ပြည်သူများ အသွားအလာပြုလုပ်မှု ပိတ်ပင်ခြင်းကို တင်းကျပ်စွာ ပြဋ္ဌာန်းရန် ဗဟိုအစိုးရက ပြည်နယ်များသို့ တိုက်တွန်းခဲ့သည်။

 

လာမည့် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၉ နာရီတွင် နေအိမ်များ၌ မီးများပိတ်ကာ ကိုးမိနစ်ကြာ ဖယောင်းတိုင် ထွန်းခြင်း၊ မိုဘိုင်းဖုန်းများဖြင့် မီးဖွင့်ပြခြင်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပူးတွဲစိတ်ဓာတ်ကြံ့ခိုင်မှု ပြသရန် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြည်သူများသို့ တိုက်တွန်းခဲ့သည်။

90165828_212716063139335_1462378197545910272_n.png

The Mirror Daily

Read times
Rate this item
(1 Vote)