What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 04 October 2020 11:47

သာကေတမြို့နယ်ရှိ Fortune Plaza အား ကိုဗစ်-၁၉ လူနာများ သက်သောင့်သက်သာ နေထိုင်ကုသနိုင်ရန် Happy Covid Center အဖြစ် ပြင်ဆင် ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ လူနာများ သက်သောင့်သက်သာ ပျော်ပျော်ရွှင်ရွှင်ဖြင့် နေထိုင် ကြပြီး၊

ကုသမှုခံယူနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းရှိ Fortune Plaza အား ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အနီးကပ်ကြီးကြပ်မှုဖြင့် Happy Covid Center အဖြစ် ပြင်ဆင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

Fortune Plaza အား Happy Covid Center အဖြစ် စတင်ဖွင့်လှစ်နိုင်ရန် အကောင်းဆုံးနှင့် အမြန်ဆုံး ကြိုးစားပြင်ဆင်လျက်ရှိကြောင်း၊ ကိုဗစ်လူနာများ သက်သောင့်သက်သာနှင့် စိတ်ကြည်လင်စွာနေနိုင်ဖို့ ဦးစားပေးစီစဉ်လျက်ရှိကြောင်း သာကေတမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ငြိမ်းကျော်က ပြောကြားသည်။

 

အဆိုပါ စင်တာအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် We love Yangon အဖွဲ့၊ Fortune Plaza မှ တာဝန်ရှိသူများ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ စက်တင်ဘာ (၂၈) ရက်မှ စတင်၍ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိပြီး မကြာမီပြီးစီးရန် ခန့်မှန်းထားကြောင်း၊ ကိုဗစ်လူနာ (၆၀၀) မှ (၁၀၀၀) ကြား ထားရှိနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

 

Fortune Plaza Covid Center တွင် (၂၄ )နာရီ လျှပ်စစ်ဓာတ်အားပေးစနစ်၊ ကောင်းမွန်သည့် Free Wifi၊ လုံလောက်သည့် Air Condition စနစ်များနှင့် ရေပူရေအေး နှစ်မျိုးသုံး Water Cooler များ၊ စာကြည့်တိုက်၊

 

ကိုယ်လက် ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများ၊ အနားယူအပန်းဖြေနိုင်သည့် ဧရိယာများကို စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ တာဝန်ထမ်းဆောင်မည့် ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများအတွက် ရေခဲသေတ္တာများ၊ အဝတ်လျှော်စက်များ၊ အဝတ်အခြောက်ခံစက်များနှင့် Hair Dryer များကို စီမံဆောင်ရွက်ထားရှိမည်ဖြစ်ပြီး၊ လိုအပ်သည့် သောက်ရေ သန့်များကို ကုသရေးစင်တာပြီးစီးသည်အထိ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

စားသောက်ရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ We Love Yangon တို့နှင့် ပူးပေါင်း၍ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကုသရေးစင်တာတွင် အထူးကြပ်မတ်စောင့်ရှောက်မှုအခန်းများ ( HDU / ICU ) ပါရှိမည့်အပြင် ရေချိုးခန်းနှင့် သန့်စင်ခန်းများကိုလည်း လုံလောက်မှုရှိစေရန် ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

MRTV
Myanmar Expo Hall at Fortune Plaz

Read times
Rate this item
(0 votes)