What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 06 October 2020 14:14

သမ္မတ Trump ကို အိမ်ဖြူတော်မှာ ကျန်းမာရေး အချိန်ပြည့် စောင့်ကြည့်မည်

COVID-19 ဆက်လက် ကုသနေရပေမယ့်လည်း သမ္မတ Donald Trump ဟာ ဘေးကင်းလုံခြုံစွာ အိမ်ပြန်နိုင်ပြီဆိုတာကို

သမ္မတကို ကုသမှု ပေးနေတဲ့ ဆေးပညာရှင် အဖွဲ့ရော သူ့အနေနဲ့ပါ တသဘောတည်း ရှိပါတယ်လို့ သမ္မတရဲ့ ဆရာဝန် ဒေါက်တာ Sean Conley က ပြောဆိုသွားပါတယ်။

“သမ္မတဟာ အဖျား မရှိတာ ၇၂ နာရီကျော် ရှိခဲ့ပါပြီ။ အောက်ဆီဂျင် လယ်ဘယ်ရော နောက် အသက်ရှုမှုပါ အားလုံး ပုံမှန်ပါ။ လုံး၀ စိတ်ချရတဲ့ အထိ သက်သာ ပျောက်ကင်းတဲ့ အခြေအနေမျိုးထိ မရောက်သေးပေမယ့်လည်း သမ္မတ အိမ်ပြန်လို့ ရပြီဆိုတာကို အရေးကြီးဆုံး ဖြစ်တဲ့ သမ္မတရဲ့ ကျန်းမာရေး အခြေအနေ အရရော၊ အဖွဲ့ရဲ့ သုံးသပ်ချက်တွေကိုပါ သူ့အနေနဲ့ရော ဆေးအဖွဲ့ကပါ သဘောတူပါတယ်။ အိမ်ဖြူတော်မှာ ကမ္ဘာ့ထိပ်တန်း အဆင့် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အချိန်ပြည့် စောင့်ရှောက်မှု ပေးမှာ ဖြစ်တယ်” လို့ သမ္မတရဲ့ ဆရာဝန် ဒေါက်တာ Sean Conley က တနလာၤနေ့ နေ့ခင်းပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

သမ္မတကို ကုသမှု ပေးနေတဲ့ ဆေးပညာရှင် အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲ မတိုင်ခင်လေးမှာဘဲ သမ္မတ Trump က အမေရိကန် စံတော်ချိန် တနလာၤနေ့ ညနေခင်း ၆ နာရီခွဲ (မြန်မာစံတော်ချိန် အင်္ဂါနေ့ မနက်ခင်း) မှာ သူ ဆေးရုံက ဆင်းမယ်လို့ ကြေညာခဲ့တာပါ။ ကြာသပတေးနေ့ ညနေပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြု တွေ့ရှိခဲ့တဲ့ သမ္မတ Trump ဟာ သောကြာနေ့က Walter Reed စစ်ဆေးရုံကို တက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။

သမ္မတကို ကုသမှုပေးနေတဲ့ အခြေအနေကို တနလာၤနေ့ နေ့ခင်းပိုင်း Walter Reed စစ်ဆေးရုံရှေ့မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ဒေါက်တာ Brian Garibaldi က ရှင်းပြပါတယ်။

“သမ္မတကို Remdesivir ဆေးနဲ့ ၅ ရက်ကြာ ဆေးပတ်ပြည့်အောင် ကုသပေးနေတာ ဖြစ်ပြီး တနင်္လာနေ့ ညနေမှာ စတုတ္ထမြောက် Remdesivir ဆေးကို ပေးမှာ ဖြစ်ပြီး ပဉ္စမမြောက် ဆေးကိုတော့ အင်္ဂါနေ့မှာ အိမ်ဖြူတော်မှာ ပေးမှာ ဖြစ်တယ်” လို့ ရှင်းပြသွားတာပါ။

COVID-19 ကုသမှုခံယူနေတဲ့ သမ္မတ Trump ဆေးရုံတက်နေရာ ဝါရှင်တန် ဒီစီ အနီးက မယ်ရီလန်း ပြည်နယ် Walter Reed စစ်ဆေးရုံရှေ့မှာတော့ သူ့ကို ထောက်ခံသူတွေ ရှိနေကြပါတယ်။ တနင်္ဂနွေနေ့တုန်းကတော့ သမ္မတ Trump က လုံခြုံရေး အစောင့်အရှောက်တွေနဲ့ အတူ ဆေးရုံရှေ့ကို ယာဉ်တန်းနဲ့ ခေတ္တသွားရောက်ပြီး ထောက်ခံသူတွေကို ကားထဲကနေ နှုတ်ဆက်ခဲ့ပါတယ်။

  ttt.jpg

တချိန်တည်း ဖြစ်ထွန်းမှုမှာတော့ အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ Kayleigh McEnany က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တနလာၤနေ့မှာ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စလို့ နေ့စဉ် စစ်ဆေးနေတာမှာ ကူးစက်ခံရမှု မရှိဘူးလို့ အဖြေထွက်ပေမယ့် တနလာၤနေ့ မနက်ပိုင်း စမ်းသပ်မှုမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ အတည်ပြု တွေ့ရှိကြောင်းနဲ့ ရောဂါ လက္ခဏာ ဘာမှ ခံစားရတာ မရှိကြောင်း တွစ်တာကနေ ထုတ်ပြန်ခဲ့ပါတယ်။ သူမ အနေနဲ့ စပြီး Quarantine ဝင် သီးခြားခွဲနေထိုင်မှာ ဖြစ်ပြီး ရုံးမတက်ဘဲ အဝေးကနေ အလုပ်ဆက်လုပ်မယ်လို့လည်း ပြောဆိုထားပါတယ်။

 

 

 

Read times Last modified on Tuesday, 06 October 2020 14:18
Rate this item
(1 Vote)