What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 18 March 2022 14:54

ရောဂါရှာဖွေရေး အလိုအလျောက်စနစ်များ ပံ့ပိုးပေးထား ကွန်တိန်နာဓါတ်ခွဲခန်း

Covid-19 ကပ်ရောဂါဟာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများရဲ့ ပြည်သူ့ကျန်းမာရေးစနစ်များအတွက် စိန်ခေါ်မှုကြီးတစ်ခုအဖြစ်နဲ့ ဆက်ရှိနေသေးတဲ့အချိန်မှာ

ဒေသတွင်း ရောဂါဆက်လက်ပျံ့နှံ့ဖြစ်ပွားမှုတွေကြောင့် အရှေ့တောင်အာရှနိုင်ငံများရဲ့ ရောဂါကြိုတင်ကာကွယ်ရေးနဲ့ ထိန်းချုပ်မှုစနစ်တွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ အထူးပဲအရေးကြီးနေပါတယ်။

တစ်ချိန်တည်းမှာပဲ ဒေသတွင်း ဇီဝသိပ္ပံနည်းပညာပိုင်းဆိုင်ရာ၊ ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းကြီးများဟာလည်း Covid-19 စစ်ဆေးရေး၊ ထိန်းချုပ်ရေး၊ တားဆီးကာကွယ်ရေးလုပ်ငန်းများအတွက် အမျိုးမျိုးသော နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေပေးအပ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

ဒီလိုလုပ်ငန်းမျိုးတွေအနက်ကမှ ဇီဝသိပ္ပံနည်းပညာ ပိုင်းဆိုင်ရာ လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ MGI Tech Co., Ltd. (MGI) ရဲ့ အရှေ့တောင်အာရှတွင်း Covid-19 ရောဂါစစ်ဆေးရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ထားရှိပုံများကို ဖော်ပြပေးပို့လိုက်ပါတယ်။

MGI ဟာ လက်ရှိမှာ ကွန်တိန်နာဓါတ်ခွဲခန်းနည်းပညာကိုအသုံးပြပြီး ဒေသတွင်း COVID-19 ကပ်ရောဂါကို တိုက်ဖျက်ရန် ကူညီပေးအားဖြည့်လျက်ရှိပါတယ်။

ခေတ်မီနည်းပညာများ တပ်ဆင်ထားတဲ့၊ ရွှေ့ပြောင်းရလွယ်ကူတဲ့ ဒီဓါတ်ခွဲခန်းကို လာအိုနိုင်ငံ၊ Champasack ပြည်နယ်၊ Champasack ခရိုင်ဆေးရုံကြီးမှာ ထားရှိထားပြီး လူအများအပြား တစ်ပြိုင်တည်း Covid-19 ရောဂါ စစ်ဆေးနိုင်အောင် ကူညီပေးနေပါတယ်။

တစ်ဖက်မှာလည်း လာအိုနိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွင်း နယ်စပ်များကို တဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်နိုင်စေဖို့ရည်ရွယ်ထားတဲ့အတွက် ဤဓါတ်ခွဲခန်းဟာ နိုင်ငံရဲ့ ရောဂါစစ်ဆေးထိန်းချုပ်ရေးစွမ်းရည်ကို မြှင့်တင်ပေးခြင်းအားဖြင့် နယ်စပ်များပြန်လည်ဖွင့်လှစ်နိုင်ဖို့ အထောက်အကူပြုလျက်ရှိပါတယ်။

အထက်ပါ ဓါတ်ခွဲခန်းနည်းပညာအပြင် MGI ဟာ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၇၀ ကျော်သို့ ရောဂါရှာဖွေရေး အလိုအလျောက်စနစ်များ ပံ့ပိုးပေးထားပြီး ကပ်ရောဂါကို ပြန်လည်တွန်းလှန်ရာမှာ တစ်စိတ်တစ်ပိုင်း ကူညီနိုင်ဖို့ လုပ်ဆောင်ထားလျက်ရှိပါတယ်။

အထက်ဖော်ပြပါ ဓါတ်ခွဲခန်း နည်းပညာအကြောင်းနဲ့ MGI ရဲ့ ဆောင်ရွက်ထားရှိမှုများကို သတင်းထုတ်ပြန်ချက်မှာ အသေးစိတ် ရေးသားဖော်ပြထားပါတယ်။

ဤသတင်းထုတ်ပြန်ချက်ဟာ ကမ္ဘာ့ကပ်ရောဂါကာလမှာ အရှေ့တောင်အာရှဒေသတွင်း ကျန်းမာရေးကဏ္ဍရဲ့အရွေ့ကို တစ်စိတ်တစ်ပိုင်း လှစ်ဟပြသနိုင်မယ်လို့ ထင်မြင်မိပြီး စာဖတ်သူများအတွက် စိတ်ဝင်စားဖွယ်၊ ဗဟုသုတ ဖြစ်ဖွယ်အကြောင်းအရာဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Read times Last modified on Friday, 18 March 2022 17:01
Rate this item
(1 Vote)