What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 07 October 2020 19:56

မြန်မာနိုင်ငံသည် တတိယနေရာတွင် ရှိနေသည်မှာ တစ်ပတ်ကျော်ခဲ့ပြီ

အာဆီယံ ဒေသတွင်းအနှံ့အပြား အတည်ပြုလူနာဦးရေ ၉,၁၀၀ ကျော်သော ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့်

ညနေ ၇း၀၀ နာရီတွင်အတည်ပြုလူနာဦးရေ ၇၄၂,၀၀၀ ကို ကျော်လွန်သွားပြီ ဖြစ်သည်။

အင်ဒိုနီးရှားသည် အရှေ့တောင်အာရှတွင် ဖြစ်ပွားမှုအသစ်များအတွက် အမြင့်ဆုံး နေ့စဉ်စံချိန်ကို ဆက်လက်စံချိန်တင်ထားသည်။ ကျန်းမာရေး၀န်ကြီးဌာနက ဗုဒ္ဓဟူးနေ့က အမှုပေါင်း ၄,၅၃၈ ခုကို ကြေညာခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ၃၁၅,၇၁၄ အထိ ရှိခဲ့သည်။ ၀န်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ထိုရောဂါကြောင့် လူ ၉၈ ဦး သေဆုံးပြီး အင်ဒိုနီးရှားနိုင်ငံတွင် ထိုရောဂါကြောင့် စုစုပေါင်းသေဆုံးမှု ၁၁,၄၇၂ ဦး အထိရှိခဲ့ရာ ဒေသတွင်း အမြင့်ဆုံးဖြစ်သည်။

ဒုတိယနေရာတွင် ဖိလစ်ပိုင်နိုင်ငံ ရှိနေသည်။ နိုင်ငံအတွင်းရှိ ကျန်းမာရေးဌာနက ကူးစက်ရောဂါစတင်ဖြစ်ပွားကတည်းက COVID-19 ၏စုစုပေါင်းဖြစ်ပွားမှုများမှာ ယခုအချိန်တွင် အသစ်ထပ်မံအတည်ပြုထားသော လူနာပေါင်း ၂,၈၂၅ ကို COVID-19 လူနာများစာရင်းတွင် ထည့်သွင်းပြီးနောက် ယခုအခါ ၃၂၉,၆၃၇ ဦး အထိရှိသည်ဟု အစီရင်ခံခဲ့သည်။

မြန်မာနိုင်ငံသည် တတိယနေရာတွင် ရှိနေသည်မှာ တစ်ပတ်ကျော်ခဲ့ပြီ။ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာတွင် COVID-19 ဖြစ်ပွားမှုစုစုပေါင်းသည် ယမန်နေ့ည ထုတ်ပြန်ချက်တွင် ၁၂,၅၂ ဦး ထပ်တိုးခဲ့ရာ ၂၀,၀၃၃ အထိမြင့်တက်လာခဲ့ပြီ ဖြစ်သည်။ COVID-19 ကြောင့် မြန်မာနိုင်ငံတွင် အသစ်ထပ်မံသေဆုံးမှု ၂၇ ခု ဖြစ်ပွားခဲ့ပြန်သဖြင့် စုစုပေါင်းသေဆုံးမှု ၄၇၁ ခုသို့ရောက်ရှိခဲ့ပြီဖြစ်သည်။

မလေးရှားသည် coronavirus လှိုင်းသစ်ကို တိုက်လှန်နေရသည်။ နိုင်ငံ၏ကျန်းမာရေးဝန်ကြီးဌာန (MOH) သည် COVID-19 ရောဂါဖြစ်ပွားမှု ၄၈၉ ခုကို ယနေ့မှတ်တမ်းတင်ခဲ့သည်။ ၂ ခုမှာ ပြည်ပမှ ရောက်လာသူများ ဖြစ်ပြီး ကျန်သည့် ၄၈၇ ခုသည် ပြည်တွင်း ကူးစက်မှုများ ဖြစ်သည်။ ဤသည်မှာ မလေးရှားသည် ဂဏန်းသုံးလုံးပါသောကိန်းဂဏန်းများဖြင့် အတည်ပြုလူနာသစ် အရေအတွက် ထုတ်ပြန်ပေးနေရသည်မှာ ခုနစ်ရက်မြောက်နေ့ဖြစ်သည်။

ထိုင်းအစိုးရက ယနေ့ ကူးစက်မှုအသစ် ၁၅ ဦး ကြေညာသည်။ ဘင်္ဂလားဒေ့ရ်ှ၊ ဟောင်ကောင်၊ အိန္ဒိယ၊ မြန်မာ၊ တောင်ဆူဒန်နှင့်အမေရိကန်ပြည်ထောင်စုတို့မှ ၀ င်ရောက်လာသူများ ဖြစ်ကြပြီး အသွားအလာ ကန့်သတ်ထားသူများ ဖြစ်သည်။
၁၅ ဦး ထပ်တိုးသဖြင့် နိုင်ငံတော်အတွင်း စုစုပေါင်း ကူးစက်မှုပေါင်း ၃,၆၁၅ သို့ ရောက်ရှိသည်။

စင်ကာပူနိုင်ငံသည်ယနေ့ COVID-19 ဖြစ်ပွားမှု ၁၀ ​​ခုကို အစီရင်ခံခဲ့ပြီး ကျွန်းနိုင်ငံ၏ စုစုပေါင်း ကူးစက်မှုပေါင်း ၅၇,၈၄၀ ဖြစ်သွားသည်။ ရောဂါဖြစ်ပွားမှုအသစ်များတွင် အလုပ်သမားအဆောင်များမှ ၄ ဦးနှင့် စင်ကာပူသို့ရောက်သည့်အခါ အိမ်တွင် နေထိုင်ရန် သတိပေးကန့်သတ်ထားသူများထဲမှ ၆ ဦးတို့ ဖြစ်သည်။

ဗီယက်နမ်သည် ကူးစက်မှုအသစ် ၂ ခုကို အစီရင်ခံခဲ့သည်။

အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများက မည်သည့် ကူးစက်မှုအသစ်ကိုမျှ ယနေ့အစီရင်ခံခြင်း မရှိပါ။

အရှေ့တောင်အာရှနိုင်ငံများတွင်စုစုပေါင်းသေဆုံးမှုသည်အမှတ် ၁၈၀၀၀ ကိုကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ သေဆုံးမှုအသစ် ၁၈၅ ဦး(အင်ဒိုနီးရှား ၉၈ ခု၊ ဖိလစ်ပိုင် ၆၀)နှင့်မြန်မာ၂၇) ရှိခဲ့သည်။

ယခုအချိန်အထိ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအားလုံးတွင် ဆေးရုံမှ ဆင်းခဲ့သူ စုစုပေါင်း ၅၉၂၀၀၀ ဦးကျော်ရှိသည်။

Read times
Rate this item
(0 votes)