What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 26 November 2021 10:56

ကိုဗစ် မျိုးကွဲအသစ် B.1.1.529 ဟောင်ကောင်သို့ စတင်ရောက်ရှိ

တောင်အာဖရိကမှာ ကိုဗစ် မျိုးကွဲအသစ် B.1.1.529 ကူးစက်နေပြီး ဘော့ဆွာနာမှာ ကူးစက် ခံထားရသူ ၆ ဦး ထပ်မံ အတည်ပြုပါတယ်။

မျိုးကွဲအသစ် B.1.1.529 က သန္ဓေပြောင်းလဲမှု အလွန်အမင်း မြင့်မားတဲ့အတွက် ကိုယ်ခန္ဓာရဲ့ ခုခံကာကွယ်ရေးကို ကျူးကျော် ဖောက်ဝင်နိုင်စွမ်း မြင့်မားတယ်လို့ သိပ္ပံပညာရှင်များက သတိပေးထားပါတယ်။

ကိုယ်ခံအားစနစ်ကို ပိုးက သန္ဓေပြောင်းလဲပြီး အလွယ်တကူ ဖောက်ဝင်နိုင်တာကြောင့် စိုးရိမ်စရာ ဖြစ်နေပြီး ကိုဗစ်လှိုင်းသစ် တစ်ခု ဖြစ်ပေါ်လာမယ့် အလားအလာ ဖြစ်ပေါနေစေတယ်လို့ ဆိုပါတယ်။

မျိုးကွဲအသစ် ကူးစက်ခံထားသူ ကူးစက်ခံထားရသူ ၁၀ ဦး အတည်ပြုပေးထားပြီး ဖြစ်ပါတယ်။
တောင်အာဖရိက ဘော့ဆွာနာမှာ ကိုဗစ် မျိုးကွဲအသစ် B.1.1.529 ကူးစက်ခံထားရသူ ၃ ဦး တွေ့ရှိခဲ့ပြီး နောက်ထပ် ကူးစက်ခံထားရသူ ၆ ဦး ထပ်မံ အတည်ပြုပေးနိုင်ခဲ့ပါတယ်။ ဟောင်ကောင်မှာ တောင်အာဖရိကမှ ပြန်လာတဲ့ ခရီးသည်တစ်ဦး ပိုးကူးခံထားရတာကို အတည်ပြုပေးခဲ့ပါတယ်။
အသက် ၃၆ နှစ်ရှိသူ အမျိုးသား ခရီးသည်က တောင်အာဖရိနိုင်ငံမှာ အောက်တိုဘာလ ၂၂ ရက်မှ နိုဝင်ဘာလ ၁၁ ရက်အထိ နေထိုင်ခဲ့ပြီး ဟောင်ကောင်ကို ပြန်လာခဲ့ပါတယ်။ လေယာဉ်မစီးခင် PCR test လုပ်ခဲ့တာမှာ ပိုးမတွေ့ negative အဖြေ ရရှိခဲ့ပါတယ်။ ဟောင်ကောင် ပြန်ရောက်ပြီး ကွာရင်တိုင်း ဝင်နေစဉ် နိုဝင်ဘာလ ၁၃ ရက်မှာ ဆေးစစ်တဲ့အခါ ပိုးရှိလူနာ positive အဖြေ ထွက်ခဲ့တာ ဖြစ်ပါတယ်။

Read times Last modified on Friday, 26 November 2021 15:21
Rate this item
(0 votes)