What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 11 October 2020 20:30

ဆေးရုံဆင်းသတ်မှတ်ချက်တွင် ဆေးရုံဆင်းရက်ကို လျော့ပေါ့သတ်မှတ်ပေးလိုက်ပြီ

ဆေးရုံဆင်းသတ်မှတ်ချက်တွင် ဆေးရုံဆင်းရက်ကို လျော့ပေါ့သတ်မှတ်ပေးလိုက်ပြီ ဖြစ်သဖြင့် ရက်ပိုင်းအတွင်း

ဆေးရုံဆင်းလူနာအရေအတွက် များလာမည်ဖြစ်ပါသည် 

 

ဆေးရုံဆင်းသတ်မှတ်ချက် အကျဉ်းအားဖြင့် ဆိုရသော်

- ရောဂါလက္ခဏာ သာမန်/အသင့်အတင့်ရှိသူ ဆေးရုံတွင် ၁၁ ရက်နေပြီးဆင်းရန်

- ရောဂါပြင်းသူ ဆေးရုံတွင် ၂၀ ရက်နေပြီးဆင်းရန်

- ရောဂါလက္ခဏာမပြသူ (ဓာတ်ခွဲနမူနာယူသည့်ရက်မှ စရေတွက်ရန်) ဆေးရုံတွင် ၁၀ ရက်နေပြီးဆင်းရန်ဖြစ်ပါသည်

 


 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

ကုသရေးဦးစီးဌာန COVID-19 ဓာတ်ခွဲအတည်ပြုလူနာအား ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များ

(as of 10-10-2020) (Version-6)

၁။ ရောဂါလက္ခဏာရှိသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ 

(က) သာမန် (သို့မဟုတ်) အသင့်အတင့်ရောဂါလက္ခဏာရှိသည့်လူနာများ 

(ကိုယ်ခံအား ကျဆင်းနေသော လူနာများ မပါဝင်ပါ)

 • ရောဂါလက္ခဏာပြသည့် ရက်ရာဇဝင်သေချာပါက ရောဂါလက္ခဏာပြသည့်ရက် မှစ၍ (၁၀) ရက်နှင့် ရောဂါလက္ခဏာပျောက်ကင်းပြီးနောက် (၁) ရက် ကြာရှိခြင်း (ကိုယ်ပူကျဆေး အကူအညီမပါဘဲ ဖျားနာခြင်း မရှိ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် COVID-19 အခြားရောဂါလက္ခဏာများ မရှိခြင်း)

 • ရောဂါလက္ခဏာပြသည့်ရက်ရာဇဝင်မသေချာပါက လူနာအား အတွင်းလူနာအဖြစ် အနည်းဆုံး (၁၁) ရက် ထားရှိရမည်။

 

 (ခ) ပြင်းထန်သော ရောဂါလက္ခဏာ ရှိသည့်လူနာများ (သို့မဟုတ်) အသည်းအသန် လူနာများ (သို့မဟုတ်) ကိုယ်ခံအား ကျဆင်းနေသူများ 

• ရောဂါလက္ခဏာပြသည့်ရက်မှစ၍ (၁၀) ရက် နှင့် ရောဂါလက္ခဏာပျောက်ကင်းပြီးနောက် (၄) ရက် ကြာရှိခြင်း

(ကိုယ်ပူကျဆေး အကူအညီမပါဘဲ ဖျားနာခြင်းမရှိ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာနှင့် COVID-19 အခြားရောဂါလက္ခဏာများ မရှိခြင်း)၊

 • လူနာအား အတွင်းလူနာအဖြစ် အနည်းဆုံး (၂၀) ရက် ထားရှိရမည်။ 

 

၂။ ရောဂါလက္ခဏာမရှိသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ

SARS-COV-2 ရောဂါပိုးတွေ့ရှိသောဓာတ်ခွဲနမူနာယူသည့်ရက်မှ (၁၀) ရက် ပြည့်ပြီး ဖြစ်ခြင်း။

 

 

say_yone_sin.jpg

 

Read times
Rate this item
(0 votes)