What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 14 April 2020 21:13

တရုတ်တွင် ကိုဗစ် တိုက်ဖျက်ရေး ဆေး ၃ မျိုး ပထမအဆင့် အတည်ပြု

ကိုဗစ်တိုက်ပွဲအတွက် တရုတ်နိုင်ငံမှာ ဆေးဝါးများ စမ်းသပ်လျက် ရှိရာမှာ ယနေ့ ထုတ်ပြန်ချက်တွင် adenovirus vector vaccine တစ်ချိုးနှင့် inactivated vaccine နှစ်မျိုးတို့ကို စမ်းသပ်မှု အောင်မြင်အဆင်ပြေကြောင်း Ministry of Science and Technology (MOST) က အတည်ပြုပေးလိုက်သည်ဟု ဆင်ဟွာမှ သတင်းထုတ်ပြန်သည်။

COVID.png

 

 

မိမိဆန္ဒအလျောက် အရဲစွန့် စမ်းသပ်ခံသူများကို ဝူဟန်တွင် adenovirus vector vaccine ထိုးဆေးဖြင့် စမ်းသပ်ကြည့်ခဲ့သည်။ clinical trials ပထမအဆင့် ပြီးမြောက်အောင်မြင်ခဲ့ပြီး ယခုအခါ ဒုတိယအဆင့် စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်ခြင်း ဖြစ်သည်။


ဝူဟံရှိ အသက် ၈၄ နှစ်ရှိသူကို ဧပြီလ ၁၃ ရက်တွင် ကာကွယ်ဆေး ထိုးပေးခဲ့ကြသည်။ သူသည် ဗော်လံတီယာများထဲတွင် အသက်အကြီးဆုံး ဖြစ်သည်။ ဒုတိယအဆင့်တွင် ဗော်လံတီယာများကို အသက် ၆၀ ကျော်သူများကိုလည်း ပါဝင်ခွင့် ပေးထားသည်း ပထမအဆင့် စမ်းသပ်မှုတွင် အသက် ၆၀ နှစ် ရှိသူအထိသာ လက်ခံခဲ့သည်။


အိုမင်းသူများသည် COVID-19 လူနာ ဖြစ်လာသည့်အခါ ရောဂါပြင်းထန်ကြသည်။ ကုသပုံမှာ ဗိုင်းရပ်စ်ကို ပရိုတင်းဖြင့် တွယ်ကပ်ဖုံးအုပ်သည့်နည်း ဖြစ်သည်။ ထိုနည်းကို သွေးအရည်သုံး၍ ကုသနည်းများတွင်လည်း သုံးကြသည်။

လူနာဟောင်းရဲ့ သွေးဖြင့် အတည်ပြုလူနာကို ကုသနည်းတွေ့ရှိ


လူနာဟောင်းသွေး နဲ့ ကုတဲ့လင့် ထည့်ရန် ပထမအဆင့် စမ်းသပ်မှုကို ဗော်လံတီယာ ၁၀၆ ဦးဖြင့် မတ်လ ၂၇ ရက်တွင် စမ်းသပ်အောင်မြင်ခဲ့သည်။ ထိုသူတို့အားလုံး နေထိုင်ကောင်းလျက် ရှိကြသည်။ ဒုတိယအဆင့်ကို ဗော်လံတီယာ ၅၀၀ ဖြင့် စမ်းသပ်သည်။ ဧပြီလ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် စမ်းသပ်ခံ ၂၇၃ သုံးကို ကာကွယ်ဆေး ထိုးပေးပြီးပြီ ဖြစ်သည်။

 

COVID-19 inactivated vaccine တစ်မျိုးကို ဘီဂျင်းမြို့တော်ရှိ China National Pharmaceutical Group (Sinopharm) ၏ စက်ရုံတစ်ခုတွင် စမ်းသပ်လျက် ရှိသည်း ထို့ပြင် Wuhan Institute of Biological Products တွင် China National Pharmaceutical Group (Sinopharm) ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသည်။ clinical trials ကို ဧပြီလ ၁၂ ရက် အတည်ပြုပေးခဲ့သည်။

 


နောက်ထပ် inactivated vaccine တစ်မျိုးကို ဘီဂျင်းမြို့တော်ရှိ Sinovac Research and Development Co., Ltd. တွင် စမ်းသပ်လျက် ရှိပြီး ဧပြီလ ၁၃ ရက်တွင် အတည်ပြုချက် ရရှိခဲ့ပြီးပြီ ဖြစ်သည်း။

 

Inactivated vaccine သည် အသည်းရောဂါ (အေ)၊ တုပ်ကွေး၊ လက်မှတစ်ဆင့် ပါးစပ်တွင်းသို့ ပိုးရောက် ကူးစက်သည့် ရောဂါများ၊ ပိုလီယိုတို့ကို ကာကွယ်ရန် သုံးသည့် ထိုးဆေးပုံစံတစ်မျိုး ဖြစ်ပါသည်။

HPD.png

Ref : Xinhuanet

Read times Last modified on Tuesday, 14 April 2020 22:05
Rate this item
(1 Vote)