What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 16 October 2020 17:17

Covid-19 ကုသဆေး Remdisvir (ရမ်ဒက်ဆီဗီးယား) အကျိုးသက်ရောက်မှုမရှိကြောင်း WHO ပြော

Covid-19 အတွက်ဖြစ်နိုင်ဖွယ်ကုသဆေး Remdisvir (ရမ်ဒက်ဆီဗီးယား) ကို WHO က Covid-19 အတွက် နည်းနည်း (သို့မဟုတ်) ဘာအကျိုးကျေးဇူးမှမရှိဘူးလို့ ဆိုလိုက်ပါတယ်။

 

US အမေရိကန်သမ္မတထရမ့် ကိုဗစ်နဲ့ဆေးရုံတက်တုန်းကတောင် သူ့သမားတော်တွေက ထိုးပေးခဲ့ပါသေးတယ်။ အခု WHO က သူ့ရဲ့ ကိုဗစ်အတွက် ဆေးလေးမျိုးသုတေသနမှာ လူနာနလန်ထတဲ့ရက် တိုမသွားဘူးလို့ ဆိုခဲ့တာပါ။ အဲ့ဒီ WHO စမ်းသပ်ခဲ့တဲ့ repurposed ဆေး ၄ မျိုးကတော့ ....

• Remdisvir

• hydroxychloroquine

• lopinavir/ritonavir

• interferon တို့ဖြစ်ပါတယ်။

 

စုစုပေါင်း လူနာ ၁၁၂၆၆ ယောက်ကို နိုင်ငံပေါင်း ၃၀ ကျော်မှာစမ်းသပ်ခဲ့ပါတယ်။

▪️၂၇၅၀ ယောက်ကို Remdisvir ပေးခဲ့တယ်။

▪️၉၅၄ ယောက်ကို hydroxychloroquine ပေးခဲ့တယ်။

▪️၁၄၁၁ ယောက်ကို lopinavir ပေးခဲ့တယ်။

▪️၆၅၁ ယောက်ကို interferon နဲ့ lopinavir ပေးခဲ့တယ်။

▪️၁၄၁၂ ယောက်ကို interferon ပေးခဲ့တယ်။

▪️၄၀၈၈ ယောက်ကို အဲ့ဒီဆေးတွေထဲကမပေးခဲ့ဘူး။

 

အဲ့ဒီသုသေသနအရ အဲ့ဒီတွေဟာ ကိုဗစ်နဲ့ဆေးရုံတက်နေရတဲ့လူနာတွေမှာ အကျိုးကျေးဇူးနည်းနည်း (သို့မဟုတ်) လုံးဝမပေးပါဘူးတဲ့။

 

hydroxychloroquine နဲ့ lopinavir/ritonavir က အကျိုးမရှိဘူးဆိုတာတွေ့လို့ ဇွန်လကတည်းက စပြီး ကိုဗစ်အတွက်မသုံးတော့တာလို့ WHO ကဆိုပါတယ်။

 

Remdisvir ဆေးထုတ်တဲ့ Gilead ကုမ္ပဏီကတော့ အနည်းဆုံးဆေးရုံတက်ရက် ၅ ရက်လောက်ကျဆင်းသွားတယ်လို့ သူတို့ရဲ့သုတေသနမှာ ဆိုထားတာပါ။ အဲ့ဒီတုန်းက လူနာ ၁၀၆၂ ယောက်မှာ စမ်းသပ်ခဲ့တာပါ။

 

Gilead က WHO ရဲ့ သုတေသန စမ်းသပ်မှုဒီဇိုင်းမှာ လိုအပ်ချက်တွေရှိနေနိုင်ပြီး သိပ္ပံနည်းကျဆွေးနွေးမှုတွေ လိုအပ်တယ်လို့ ဆိုထားပါတယ်။

 

WHO အနေနဲ့ monoclonal antibodies ကုထုံးတွေရယ်၊ immunomodulators လို့ခေါ်တဲ့ ကိုယ်ခံအားထိန်းညှိတဲ့ဆေးတွေရယ်၊ မကြာခင်လပိုင်းက အသစ်ထွက်လာတဲ့ anti-viral ဆေးတွေရယ်ကို ဆက်လက်လေ့လာသွားမယ်လို့ဆိုပါတယ်။

 

အဲ့လိုသာဆိုရင်ကုသဆေးဘက်မှာ လက်ရှိ anti-viral ဆေးတွေက ကိုဗစ်အတွက်အကျိုးသက်ရောက်မှု သိပ်မရှိဘူးဆိုရင် monoclonal antibodies ကုထုံးတွေဘက်ကိုလှည့်ကြပါလိမ့်မယ်။ Regeneron ရဲ့ REGN-CoV2 တို့ Eli Lilly တို့ရဲ့ antibodies ကုထုံးတို့ကို လူတွေပိုစိတ်ဝင်စားလာပါလိမ့်မယ်။ REGN-CoV2 ကတော့ သမ္မတထရမ့်မှာ ထိုးပေးခဲ့ပါတယ်။

 

ဒါပေမယ့် Eli Lilly ရဲ့ ကုထုံးကလည်း safety ကိစ္စနဲ့ ရပ်ဆိုင်းထားရပါတယ်။ အမှန်တော့ စင်ကာပူအပါအဝင် လူ ၁၀၀၀၀ မှာ phase 3 စမ်းသပ်ဖို့ လုပ်နေတာပါ။ AstraZeneca ကရော antibodies ကုထုံးမစမ်းသပ်ဘူးလားလို့ မေးကြပါတယ်။

 

AstraZeneca ရဲ့ AZD7442 LAAB ကုထုံး ကတော့ phase 3 စမ်းသပ်မှုကို လူ ၆၀၀၀ မှာ ကာကွယ်ဆေးကုထုံးအနေနဲ့စမ်းသပ်ပြီး လူ ၄၀၀၀ မှာ ကုသတဲ့ ကုထုံးအနေနဲ့ စမ်းသပ်ဖို့ပြင်ဆင်နေပါတယ်။ နောက်မှအသေးစိတ်ရေးပါမယ်...။ Remdisvir အတွက်ကတော့ WHO ရဲ့ စမ်းသပ်မှုနဲ့ Gilead ရဲ့ စမ်းသပ်မှု ရလဒ်တွေအတော်ကြီးကွဲလွဲနေတဲ့အတွက် ဘယ်သူမှန်မလဲ စောင့်ကြည့်ရပါမယ်။

 

လောလောဆယ်တော့ နိုင်ငံတော်ကအကုန်အကျခံပြီး Remdisvir ကို အိန္ဒိယကမှာထားတာပါ။

 

Richard Myo Thant

Read times Last modified on Friday, 16 October 2020 17:46
Rate this item
(0 votes)