What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 04 November 2020 16:11

ပေါင် ၄၅ သန်းဖိုး NHS mask များ အရောင်းအဝယ် ပွဲပျက်ပြီး လိမ်လည်မှုဖြင့် တရားစွဲဆို

ပေါင် ၄၅ သန်းဖြင့် ဗြိတိသျှအစိုးရမှ ၀ ယ်ယူထားသော သန်းချီသော အရေအတွက် ရှိသည် ဆေးဘက်ဆိုင်ရာ မတ်စ်များ မရနိုင်တော့ဘဲ ကြီးမားသည့် PPE ပေးသွင်းရေး သဘောတူညီချက်ပျက်ပြားသွားသည်။ လိမ်လည်မှုဖြင့် တရားစွဲဆိုခြင်းများလည်း ဖြစ်ပေါ်နေသည်။

 

ဗြိတိန်အစိုးရဌာနဖြစ်သော Department of Health and Social Care က ပစ္စည်းပေးသွင်းသူ Purple Surgical ထံမှ 5m FFP3 respirator mask များ ဝယ်ယူရန် ငွေပေးချေခဲ့သည်။ ပစ္စည်းများကို Birmingham အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လတွင် အရောက်ပို့ပေးရမည် ဖြစ်သည်။ Purple Surgical က ကူးစက်ရောဂါ အစပျိုးကာလမှာကတည်းက Department of Health and Social Care နှင့် ပေါင် သန်း ၂၅၀ နီးပါး တန်ဖိုးရှိသော မတ်စ်များ ပေးသွင်းရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် DHSC ထံ ကတိအတိုင်း မတ်စ်များ ပေးသွင်းနိုင်ခဲ့ခြင်း မရှိချေ။

 

Purple Surgical က မတ်စ်များကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ Win Billion Investment Group ထံမှ မှာယူခဲ့ပြီး လက်ခံရရှိခြင်း မရှိသဖြင့် ယင်းကုမ္ပဏီကို တရားစွဲဆိုထားသည်။ ဧပြီလတွင် အစိုးရဌာနက Purple Surgical ထံမှ ပေါင် ၄၅ သန်းဖိုးရှိ 3M Aura 9332+ FFP3 masks များကို မေလလယ်တွင် ပေးသွင်းရန် အမှာစာကို သဘောတူခဲ့သည်။

 

၎င်းမတ်စ်များ ခုရေ ငါးသန်းကို ပေါင် ၂၁ သန်းဖြင့် Purple Surgical က Win Billion ထံမှ မှာယူခဲ့သည်ကို ပေးပို့ရန် ပျက်ကွက်နေသဖြင့် ကယ်လီဖိုးနီးယားတွင် အမှုဖွင့်ပြီး တရားစွဲဆိုထားခြင်း ဖြစ်သည်။ ဇွန်လဆန်းတွင် Win Billion သည် ပထမအရစ်ပေးငွေအဖြစ် ၃၅ % ကို လက်ခံရရှိခဲ့ပြီး ပစ္စည်းများ စစ်ဆေးမှု ခံယူရန် အသင့် စောင့်ဆိုင်းနေကြောင်း အီးမေးလ်ဖြင့် အကြောင်းပြန်ခဲ့သည်။ နောက်တစ်နေ့တွင် ငါးရက်အတွင်းဟု ပြင်ဆင်ချက် ပေးပို့သည်။

 

ဇွန်လ ၈ ရက်အထိ နှောင့်နှေးနေခဲ့ပြန်ရာ Purple Surgical ၏ chief executive ဖြစ်သူ Robert Sharpe က Win Billion ကို သတိပေးသည်။ “မနက်ဖြန် နေ့လည် မတိုင်ခင် သတင်းအချက်အလက်တွေ မလွဲမသွေ ရမှ ဖြစ်မယ်။ မွန်းလွဲ ၁ နာရီမှ ယူကေအစိုးရနဲ့ ငါ အဆက်အသွယ် လုပ်ရဖို့ ရှိတယ်။ သူတို့က ခိုင်မာတဲ့ အချက်အလက်တွေကို မျှော်လင့်ထားတယ်”


သို့သော် နှောင့်နှေးမှုသာ ဆက်လက်ဖြစ်ပေါ်နေသည်။ Win Billion ထံသို့ ပစ္စည်းပေးသွင်းမည့်လုပ်ငန်းသည် လိုအပ်သော ကုန်ကြမ်းကို ကိုဗစ်ကာလတွင် အဝယ် အရမ်းများကြသဖြင့် လိုသလောက် မရရှိသောကြောင့် နှောင့်နှေးနေရကြောင်း ရှင်းပြသည်။ ဇွန်လ ၂၅ ရက်တွင် ယူကေသို့ ပေးပို့ရန် အသင့်ဖြစ်မည် ဖြစ်ပြီး Birmingham လေဆိပ်သို့ ၃၀ ရက် မတိုင်ခင် ရောက်ရှိလာမည်ဟု ဆိုသည်။


ဩဂုတ်လတွင် Purple Surgical က မတ်စ်များ မရရှိသဖြင့် အမှုဖွင့်ပြီး တရားစွဲဆိုသည်။ 3M Aura 9332+ FFP3 masks များကို ထုတ်လုပ်သည့် 3M က ယခု အရောင်းအဝယ်တွင် 3M ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုသည်။

 

ပါဝင်ပတ်သက်နေသည့် ဖြန့်ဖြူးရေးလုပ်ငန်းများသည် 3M မှ ကိုယ်စားလှယ် ပေးထားသူများ မဟုတ်ကြောင်း ပြောသည်။ 3M ၏ ပြောရေးဆိုခွင့်ရှိသူက ဗြိတိန် အစိုးရကို ဇွန်လတွင် အကြံပြုခဲ့ရာ၌ ထိုအမှာစာသည် တရားဝင် မဟုတ်ကြောင်း အသိပေးခဲ့သည်။

 

3M ထုတ်ကုန် ပါဝင်ပတ်သက်သော လိမ်လည်မှုများ အမှု ၇,၀၀၀ ကျော် ကိုဗစ်ကူးစက်ကာလတွင် ဖြစ်ပွားခဲ့ကြောင်း ကုမ္ပဏီ သိရှိထားသည်။

Myanmar Health Guide

Read times
Rate this item
(0 votes)