What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 April 2020 11:18

Family Quarantine (Home Stay) လုပ်​တော့မယ်ဆိုရင် ဘာ​တွေ ပြင်ဆင်ကြမလဲ

90251442_832926683874316_4730726126572273664_n.png

 

Covid 19 ​ရောဂါကို ကာကွယ် ထိန်းချုပ်ရန် မိသားစုတိုင်း တာဝန်ရှိပါတယ်။ နိုင်ငံ​တော်အစိုးရအ​နေဖြင့် Covid နှင့် တိုက်ပွဲဝင်​နေချိန်မှာ ပြည်သူ​တွေ အ​နေနဲ့လည်း Stay Home ကို ၇၅% ဖြစ်​အောင် ထိန်းချုပ်အ​ကောင်အထည်​​ဖော်ခြင်းဖြင့် ၁ လအတွင်း ဒီ​ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်​အောင် ကြိုးစားရပါမယ်။

 

၁။ သက်ကြီးရွယ်အိုနှင့် က​လေးငယ်များကို ၁၀၀% အိမ်မှာပဲ​နေခိုင်းပါ။

 

၂။ အပြင်ထွက်အလုပ်လုပ်ရ​သောသူများ အိမ်မှ အလုပ်၊ အလုပ်မှအိမ် သာ တန်းသွား/ပြန်ရန်၊ အိတ်များခြင်း​တောင်းများတတ်နိုင်သ​လောက် မယူပါက ပို​ကောင်းပါသည်။ (ရက်ခြားဆင်းရပါက ပိုအဆင်​ပြေနိုင်)

 

၃။ အိမ်ရှင်မများ ၃ - ၄ ရက်ခြား တခါခန့်သာ ​အပြင်ထွက်၍ အချိန်တိုအတွင်း စျေးဝယ်ရန်။

 

၄။ အပြင်မှပြန်လာလျင် ဆပ်ပြာဖြင့် လက်​ဆေး၊ ​ခြေ​ဆေး၊ အဝတ်အစားလဲ ပြီးမှ အိမ်ထဲသို့ဝင်ပါ။

 

၅။ Stay Home ​ပြုလုပ်နေစဥ် လုံ​လောက်မည့် အသုံးအ​ဆောင်ပစ္စည်းများ၊ ​ဆေးများ၊ ​ငွေ​ကြေးပမာဏများကို ပြင်ဆင်ထားပါ။

 

၆။ အိမ်တွင်းမှ delivery မှာယူ၊ ဝယ်ယူ၍ ရ​သောအစားအစာများ ပစ္စည်းများကို ဦးစား​ပေးပါ။

 

၇။ အိမ်တွင်း ​နေ့စဥ်အချိန်ဇယားပြုလုပ်ထား​ပေးပြီး ​နေ၊ စား၊ အိပ် အချိန်မှန်​အောင် ကိုယ်ခံအားပြည့်​အောင် ​နေထိုင်စား​သောက်ပါ။

 

၈။ ​အိမ်​တွင် နီးစပ်ရာကျန်းမာ​ရေး​ဆေးခန်း၊ ​ဆေးရုံတို့၏ ဖုန်းနံပါတ်များ၊ ရဲစခန်း ဖုန်းနံပါတ်များ ကိုမြင်သာ​သော​နေရာတွင်​ရေးထားရန်။

 

၉။ ​နေမ​ကောင်းပါက နီးစပ်ရာ​ဆေးရုံ​ဆေးခန်းများသို့ ဖုန်းကြိုတင်ဆက်ပြီး လိုအပ်မှသွားပါ။

 

၁၀။ Stay Home ကာလအတွင်း မိသားစုသာယာမှု ဘဝ​လေးကို အပြည့်အဝ ခံစားလိုက်ပါ။

90165828_212716063139335_1462378197545910272_n.png

Dr. KZW

Read times
Rate this item
(0 votes)