What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 20 November 2020 10:02

ခံတွင်းသန့်ဆေးရည်က ကိုရိုနာရောဂါပိုးကို သေစေနိုင်

ခံတွင်းသန့် ဆေးရည် တွေက ကိုရိုနာ ရောဂါပိုးကိုသေစေနိုင်တယ်သိရပြီး HandGel မရှိပါက ၎င်း ကို အစားထိုး လက်သန့် ဖို့ အသုံးပြုနိုင်မည်ဖြစ်ပါတယ်။တကယ်တန်း မှာ ထို ခံတွင်းသန့်ဆေးရည်ဟာ လူ့ အရည်ပြား ကို ကပ်တွယ်တဲ့
၎င်း Virus ရဲ့ အပေါ်ရံ အပါးလွှာဆုံး အလွှာလေးပေါ်မှ အစီဓာတ် များကို ဖျက်စီး ပစ်နိုင်တာမို့ပါ။

 

သိပ္ပံ ပညာ ရှင်များ ဟာ ထိုလေ့လာ ချက်ကို လတ်တလော မှာရှာ ဖွေ သူ တွေ့ရှိခဲ့တာ ဖြစ်ပြီး ကိုရိုနာရောဂါပိုးရှိသူများအား ထိုခံတွင်းသန့်ဆေးရေ အသုံးပြု ခိုင်းသည့် အခါမှာ ခံတွင်းတွင် ထိုပိုးမွှား မရှိသော ကြောင့် သိရှိခဲ့ရကာ ထက်မံ့ စမ်းသပ် အတည်ပြု နိုင်ခဲ့တာပါ။

 

အဆိုပါ ခံတွင်းသန့် ဆေးရည်ထဲတွင် ပါဝင်ထားတဲ့ ဓာတု ပစ္စည်းများ နှင့် အရက်အနည်းငယ် ပါဝင် မှု့ကြောင့် ကိုဗစ် ပိုးရဲ့ အပေါ်ယံ အဆီလွှာ ပေါက်ပြဲကာ ပိုးသေတာဖြစ်နိုင်ပါတယ် ပိုးက စက္ကန့်ပိုင်းအတွင်းကို သေဆုံးသွားတာပါ။တကယ်တန်းမှာတော့ ထိုပိုးမွှားတွေကို ဘာကြောင့် သတ်နိုင်တယ်ဆိုတာကို သေချာစွာ မသိရှိရသေးပါဘူး။

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အစည်း ဖြစ်တဲ့ WHO မှာပြောပြချက်အရ ထိုခံတွင်းသန့်ဆေး အသုံးပြု ခြင်းကြောင့် သင့်ကို ပိုးမွှား အန္တရာယ်ကနေ ကာကွယ်ဖို့ အခုထိ အာမ မခံနိုင်သေးတဲ့ အနေအထားပါဆိုကာ ပြောပြခဲ့ပါတယ်။သိရသလောက် ကိုရိုနာ ဗိုင်းရစ်ပ် က လက်မှ တစ်ဆင့် ပါးစပ်တွေထဲကို ရောက်ပြီးရောဂါကူးစက်ခံရသူတွေ ရှိခဲ့တာပါ။ သည့် အပြင် ကိုရိုနာ ရောဂါပိုး ကိုင်မိတဲ့ လက်ဖြင့် မျက်လုံးကို ကိုင်မိ ပါက သေချာသလောက်က ရောဂါ ကူးနိုင်ပါတယ်။

 

ထိုသို့ပြောဆိုခဲ့ပေမည့် လည်း အထောက်အထား ကို ဘာကြောင့်ဆိုတာ သေချာစွာမသိရသေးတဲ့ အတွက် ခံတွင်းသန့် ဆေး ရည်တွေကို ယုံလို့ ရနိုင်မလား တချို့ ဓာတု ပစ္စည်း လျော့ ထည့်ထားတဲ့ဲ ခံတွင်းသန့် ဆေးရည် တွေလည်းရှိနေတာ မို့ တစ်ထစ်ချ ပြောမရနိုင်ပါဘူး။ဒါ့ထက်ပိုဆိုးရွား နိုင်တာ က ထို အဆီလွှာ မရှိတော့တဲ့ ထို ဗိုင်းရပ်စ်ရဲ့ အတွင်း အစိတ်အပိုင်းလေးက မသေမရှင် နဲ့ ဝမ်းထဲဝင်သွားနိုင်တာ လည်း ရှိပါသေးတယ်၊ အဆီလွှာ ပေါက်ပြဲ သွားတဲ့ ပိုး က မသေမရှင် လေး ကနေ ဝမ်းထဲရောက်ပြီးသွားမှ ပိုးအသစ်နီးနီး ပြန်လည် ရှင်သန်လာနိုင်တာ မို့ပါ။


အရမ်းကြီးတော့ စိတ်ချ ရတဲ့ အနေအထားမှာ မရှိသေးပါဘူး သို့ပေမည့် သေချာတာတော့ ခံတွင်းသန့် ဆေးရည်ကို ပလုတ်ကျင်းရန် သီးသန့်တော့ အသုံးပြုနိုင်ပါတယ်ပိုစိတ်ချ ချင်ရင်ပေါ့။ဒါ့ထက် Handgel အစားထိုး အသုံးပြု နိုင်ပါတယ် သင့်လက်ကို ဆေးဖို့ လိုအပ်ရင် အရေးပေါ် ဆေးနိုင်ပါတယ်။

Ref ; Daily Mail 


Myanmar Health Guide 

Read times
Rate this item
(0 votes)