What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 November 2020 15:23

ကမ္ဘာ့အကြီးမားဆုံး ခွဲစိတ်လက်အိတ်လုပ်ငန်း ကိုဗစ်ကူးစက်မှုများကြောင့် စက်ရုံအချို့ ယာယီပိတ်

ကမ္ဘာပေါ်တွင် ခွဲစိတ်သုံးလက်အိတ် ထုတ်လုပ်သည့် အကြီးမားဆုံးလုပ်ငန်းဖြစ်သော မလေးရှားကုမ္ပဏီ Top Glove သည် စက်ရုံများတွင် လုပ်ကိုင်နေသော အလုပ်သမားများအကြား coronavirus ကူးစက်ရောဂါဖြစ်ပွားမှု များပြားလာပြီးနောက် စက်ရုံများ၏ထက်ဝက်ကျော်ကို ပိတ်ပစ်လိမ့်မည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

 

Top Glove သည် ကိုဗစ်ရောဂါကူးစက်မှုစတင်ချိန်မှ စ၍ ဝယ်လိုအား အလွန်များပြားလာခဲ့ပြီး အမြတ်ရရှိမှု မြင့်တက်ခဲ့သည်။ ရှယ်ယာဈေးနှုန်းများလည်း ဈေးတက်ခဲ့သည်။ Top Glove ၏ ဝ န်ထမ်းများအကြား ဗိုင်းရပ်စ်ကူးစက်မှုများ များပြားလာနေသည်မှာ မြို့တော်ကွာလာလမ်ပူအနီးရှိ စက်မှုဇုန်ရှိစက်ရုံများတွင် ဖြစ်ပြီး အများစုမှာ လုပ်ခနည်းပါးသော ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်သည်။

 

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကူးစက်ခံလူနာ ၁၀၀၀ ကျော် မှတ်တမ်းတင်ခဲ့ပြီးသည့်နောက်တွင် အစိုးရက စက်ရုံများကို ပိတ်ရန် အမိန့်ပေးခဲ့သည်။ Top Glove က ပူးပေါင်းလုပ်ကိုင်ရန် သဘောတူညီခဲ့ပြီး စက်ရုံ ၂၈ ရုံကို ယာယီပိတ်ထားမည်ဖြစ်ပြီး အလုပ်သမားများ အားလုံးကို ဆေးစစ်မှု ခံယူစေမည်ဟု ထုတ်ပြန်ကြေညာသည်။

 

ယခုအထိ အလုပ်သမား ၅,၇၀၀ ခန့်ကို ဆေးစစ်ခဲ့ပြီးပြီ ဖြစ်ပြီး ကျန်သည့် အလုပ်သမားများကို ဆက်လက်၍ ဆေးစစ်ပေးနေသည်။ အလုပ်သမား အများစုမှ နီပေါနိုင်ငံမှ ရောက်ရှိလာကြသည့် ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကသည်။

 

Top Glove တွင် စက်ရုံ ၂၇ ခု ရှိပြီး ၄၁ ခုမှာ မေလးရှားနိုင်ငံတွင် တည်ရှိသည်။ ယခုလို စက်ရုံများ ယာယီပိတ်ထားသဖြင့် အမှာစာများကို အချိန်မီ ပြီးစီးအောင် မည်သို့ဆောင်ရွက်မည်ကို မပြောနိုင်သေးချေ။

 

Ref:Theaseanpost.com

Read times
Rate this item
(0 votes)