What's New




Thursday, 15 December 2022 23:40

အနောက်တိုင်း ကိုဗစ်ကာကွယ်ဆေး တရုတ် လက်ခံဖို့ နှောင့်နှေး

အနောက်တိုင်း ကိုဗစ်ကာကွယ်ဆေး တရုတ် လက်ခံဖို့ နှောင့်နှေး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံသည် ၎င်း၏ Covid ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသော်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အနောက်တိုင်းလုပ် ကိုဗစ်ကာကွယ်ဆေးများကို လက်မခံလိုကြောင်းရိုက်တာသတင်းအရ သိရသည်။
နိုင်ငံတစ်ဝှမ်းတွင် မကြုံစဖူးသော ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းသည် အစိုးရ၏ Zero-Covid မူဝါဒနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
ဆန္ဒပြမှုများ ဖြစ်ပွားလာသဖြင့် ရှီ၏ရပ်တည်မှုကို ထိခိုက်နိုင်ပါသည်။ သို့ဖြစ်ရာ ကွမ်ကျိုး၊ ပေကျင်းနှင့် ရှန်ကျန်းစသည့် မြို့ကြီးများတွင် Covid ကန့်သတ်ချက်များကို မဆိုင်းမတွ
ရုတ်သိမ်းခဲ့သည်။
ကိုဗစ်သုည မူဝါဒသည် နိုင်ငံ၏လူပေါင်း ၁.၄ ဘီလီယံကို ဗိုင်းရပ်စ်ကူးစက်မှုမှ အကြီးအကျယ်  ကာကွယ်ပေးထားသည်။
သို့သော် တရုတ်ပြည်တွင် ကြီးစိုးနေသည့် ကိုဗစ်ဗိုင်းရပ်စ်မှာ အိုမီခရွန် မျိုးစိတ်ဖြစ်ပြီး ကူးစက်မှု အလွန်မြင့်မားပါသည်။ သို့ဖြစ်ရာ ကူးစက်ခံ လူနာသစ်များ တိုးပွားနေသဖြင့် ကိုဗစ်သုည ကြိုးပမ်းမှုများ အချည်းနှီး ဖြစ်နေစေသည်။

အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး  Avril Haines က ဒီဇင်ဘာလ ၃ ရက်တွင် ပြောကြားခဲ့ရာ၌ ကိုဗစ်ကပ်ရောဂါသည် လူမှုရေးအရရော စီးပွားရေးအရပါ တရုတ်ကို ထိခိုက်နေသော်လည်း ရှီသည် 'အနောက်တိုင်းက ပိုကောင်းတဲ့ ကာကွယ်ဆေးကို မယူချင်ဘူး။ Omicron ကို ထိရောက်မှု မရှိလောက်တဲ့ တရုတ်နိုင်ငံက ကာကွယ်ဆေးကို မှီခိုအားထားနေတယ်” ဟု ပြောကြားသည်။
ထိုသို့သော ဆန္ဒပြမှုများသည် တရုတ်ကွန်မြူနစ်ပါတီ၏ အနေအထားကို မထိခိုက်နိုင်သော်လည်း ရှီ၏ရပ်တည်မှုကို ထိခိုက်စေနိုင်ကြောင်း သူမက ပြောကြားသည်။
ယခုအချိန်အထိ တရုတ်နိုင်ငံသည် မည်သည့်နိုင်ငံခြား ကာကွယ်ဆေးကိုမျှ အသုံးပြုခွင့် မ‌ေပးသေးပေ။ mRNA ကာကွယ်ဆေးအမျိုးအစားကိုလည်း အသုံးမပြုချေ။ ၎င်းကာကွယ်ဆေးအမျိုးအစားတို့ကို အနောက်နိုင်ငံများမှ ထုတ်လုပ်ပါသည်။ အဓိကအားဖြင့် အမေရိကန် Moderna နှင့် ဂျာမန် Pfizer-BioNTech တို့က ထုတ်လုပ်သည်။
 တရုတ်နိုင်ငံသည် ပြည်တွင်း၌ ထုတ်လုပ်သော ကာကွယ်ဆေးများဖြစ်သည့် Sinovac နှင့် Sinopharm တို့ကိုသာ အားကိုးအားထား ပြုပါသည်။ mRNA ကာကွယ်ဆေး အလုပ်လုပ်ပုံနှင့် ကွာခြားသည်။ ထို့ပြင် အစောပိုင်းကနည်းက တရုတ်ပြည်ဖြစ် ကာကွယ်ဆေးများ၏ အရည်အသွေး အာနိသင်အပေါ်  မေးခွန်းထုတ်ခံရသည်။ 

The Guardian ၏ အဆိုအရ တရုတ်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးထားသော်လည်း အသက် ၆၀ နှစ်အထက်ရှိသူများ၏ ၆၉ ရာခိုင်နှုန်းကုိသာ အနည်းဆုံး ၃ ကြိမ်ထိုးဖူးသည်။ အသက် ၈၀ နှစ်နှင့်အထက်ရှိသူများတွင် ၄၀ ရာခိုင်နှုန်းသာ ၃ ကြိမ်နှင့်အထက် ဆေးထိုးထားသည်။ 
တရုတ်နိုင်ငံသည် ခေတ်မီဆေးဘက်ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်စွမ်းရှိသည်။
သို့သော် ဗီဇမျိုးကွဲအသစ် ဗိုင်းရပ်စ်များအတွက် နှစ်ကြိမ်ထိုးရသည့် ကာကွယ်ဆေးအသစ် ထုတ်လုပ်ခြင်း မရှိပေ။ ကာကွယ်ဆေးအသစ် ထိးနှံ့ပေးပြီး ကာကွယ်ခြင်းအစား ကိုဗစ်သုည မူဝါဒဖြင့်သာ ကာကွယ်ရေး လုပ်ဆောင်သည်။
Source Reuters 
 

Read times Last modified on Thursday, 15 December 2022 23:41
Rate this item
(0 votes)