What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 April 2020 11:45

အသားထုတ်လုပ်ရောင်းချသည့် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးများ စက်ရုံပိတ်

အသားထုတ်လုပ်ရောင်းချတဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးတွေက ဝန်ထမ်းတွေ ဖျားနာပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို စိုးရိမ်လို့ စက်ရုံပေါင်း ၂၀ လောက်ကို ရပ်နားထားလိုက်ပါတယ်။

 

စမစ်ဖီးလ်ဒ်ဖုဒ်အင်တာနေရှင်နယ်ကော်ပိုရေးရှင်း၊ ကားလ်ဂီလ်အင်တာနေရှင်နယ် ကော်ပိုရေးရှင်းနဲ့ တိုင်ဆန်စားသောက်ကုန် အင်တာနေရှင်နယ်ကော်ပိုရေးရှင်းတို့က မြောက်အမေရိကအခြေစိုက် သားသတ်ရုံနဲ့ အသားထုတ်လုပ် ထုပ်ပိုးတဲ့ စက်ရုံပေါင်း ၂၀ လောက်ကို ရပ်လိုက်တာပါ။

 

စက်ရုံတွေ ရပ်လိုက်ရတဲ့အတွက် အသားထုတ်လုပ်ဖြန့်ဖြူးမှုကွင်းဆက် ပြတ်တောက်ပြီး အသားရှားပါး ပြတ်လပ်မှာကို စိုးရိမ်မှု တိုးလာနေပါတယ်။ တဖက်မှာလည်း မွေးမြူရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို မရောင်းရ ဖြစ်နေတာပါ။ အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်က ဝက်မွေးမြူရေးသမားတွေကတော့ သူတို့ရဲ့ တိရစ္ဆာန်တွေကို ထားစရာနေရာမရှိတော့တဲ့အပြင် ကျွေးစရာလည်း ငွေမဝင်လို့ သုတ်သင်ပစ်ဖို့ ရက်စက်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရပါတယ်။

 

တချို့ကတော့ သူတို့ဝက်တွေကို ဗိုက်ပြည့်ပြီး အာဟာရမပါတဲ့ ပဲပုပ်စေ့အခွံတွေ ကျွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ဟာ အဝယ်တော်တွေကို လိုက်ရှာခဲ့ကြပေမယ့် စက်ရုံတွေ ကိုယ်တိုင် ပိတ်ထားလို့ ရောင်းစရာ နေရာမရှိ ဖြစ်နေကြတာပါ။ ဒီပြဿနာဟာ ကျွဲနွားတို့ထက် ဝက်မွေးမြူရေးလုပ်ငန်းကို ပိုထိခိုက်ခဲ့ပါတယ်။

 

ကျွဲ နွားတွေကို ပိုင်ရှင်တွေက စားကျက်လှန်ထားလို့ အစာကျွေးစရိတ် ကုန်ကျသက်သာနေ တာပါ။ အမေရိကန်ဝက်တွေကတော့ အပူချိန် ထိန်းချုပ်ထားတဲ့ အဆောက်အဦတွေထဲမှာ စပ်ထားတဲ့ အစာတွေ ကျွေးပြီး ဝဖြီးအောင် အသားတိုးအောင်ထားကြတာ ဖြစ်ပါတယ်။ သားသတ်ရုံတွေ ပိတ်ထားရတဲ့အတွက် ကုန်စုံဆိုင်တွေကို ပံ့ပိုးမှု ကန့်သတ်ဖို့ သန်းနဲ့ချီတဲ့ ကြက်၊ ဝက်၊ ကျွဲ၊ နွားတွေကို ညင်ညင်သာသာ သတ်ပစ်ဖို့ လိုတယ်လို့ အမေရိကန် အသားထုတ်လုပ် ဖြန့်ဖြူးသူ တိုင်ဆန်ဖုဒ်စ်ရဲ့ ဥက္ကဋ္ဌ ဂျွန်တိုင်ဆန်က ပြောပါတယ်။

 

မွေးမြူရေးသမားတွေကို ကူညီပြီး ဈေးကွက်ရှာပေးဖို့နဲ့ လိုအပ်ရင် တိရစ္ဆာန်တွေကို ညင်ညင်သာသာ သုတ်သင်စွန့်ပစ်ဖို့ အမျိုးသားညှိနှိုင်းဆောင်ရွက်ရေးဌာနကို ဖွဲ့စည်းနေတယ်လို့ အမေရိကန် စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန USDA က သောကြာနေ့မှာ ပြောခဲ့ပါတယ်။ ကမ္ဘာ့ကူးစက်ရောဂါ ကပ်ဘေးအတွင်း အလုပ်ပြုတ်သွားတဲ့ သန်းချီတဲ့ လုပ်သားတွေနဲ့ စားနပ်ရိက္ခာဘဏ်တွေကို အားကိုးနေရတဲ့လူတွေကို ကျွေးဖို့ သူတို့ရဲ့ ကောက်ပဲသီးနှံတွေနဲ့ အသားတွေကို လှူဒါန်းရင်း ဂုဏ်ယူခဲ့တဲ့ စိုက်ပျိုးမွေးမြူရေးသမားတွေဟာ ခုတော့ အကျိုးမဲ့ သတ်ဖြတ် ဖျက်ဆီးရမယ့် အရေးနဲ့ရင်ဆိုင်နေရပါပြီ။

 

နိုင်ငံလုံးဆိုင်ရာ ဝက်သားထုတ်လုပ်သူများကောင်စီရဲ့ အဆိုအရ ဝက်မွေးသူတွေဟာ ကပ်ဘေးကြောင့် ၂၀၂၀ ပြည့်နှစ်ရဲ့ လက်ကျန်ကာလမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ဆုံးရှုံးမယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်အစိုးရက လတ်တလော ကြေညာခဲ့တဲ့ လယ်သမားနဲ့ မွေးမြူရေး လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံတန် အကူအညီ အစီအစဉ်ထဲမှာ သုတ်သင်ခံ မွေးမြူရေး တိရစ္ဆာန်တွေအတွက် ငွေပေးဖို့ကဏ္ဍ မပါပါဘူး။

 

အစီအစဉ်က ဆွဲနေဆဲဖြစ်တယ် အကူအညီ တောင်းခံစာတွေက ကူညီနိုင်တဲ့ ငွေပမာဏထက် ပိုများနေတယ်လို့ USDAက ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။

 

DVB Burmese

Read times
Rate this item
(0 votes)