What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 05 December 2020 16:09

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးထိုးပြီးသူများအား ဆေးထိုးပြီးကြောင်း ထောက်ခံချက်ပေးရန် WHO စဉ်းစားနေ

ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါပိုး ကာကွယ်ဆေး ထိုးပြီးသူများအား ဆေးထိုးပြီးကြောင်း electronic ထောက်ခံချက်ပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စဉ်းစားနေကြောင်း ပြောပါတယ်။

 

WHO အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရပြီး ပြန်လည်ကျန်းမာသူတွေအား immunity passport ခုခံအားပတ်စပို့ ထုတ်ပေးခြင်းကို မထောက်ခံပေမယ့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေး ထိုးပြီးသူတွေအား electronic ထောက်ခံချက်ပေးရန် စဉ်းစားနေကြောင်း WHOရဲ့ ဉရောပဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဆစ်ဟာသာ ဒတ်တာက ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

နိုင်ငံတချို့မှာ လူအမြောက်အများကို ဗိုင်းရပ်စ်ပိုးကာကွယ်ဆေး ထိုးပေးဖို့ ပြင်ဆင်နေပြီဖြစ်တဲ့အတွက် အခုလို ဆေးထိုးပြီးကြောင်း ထောက်ခံချက် ထုတ်ပေးရန် စဉ်းစားတာလို့ ဆိုပါတယ်။

 

ဗြိတိန်နိုင်ငံဟာ Pfizer-BioNTech ဆေးကုမ္ပဏီမှ ထုတ်လုပ်တဲ့ ရောဂါပိုးကာကွယ်ဆေး သုံးစွဲခွင့်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပထမဆုံး ခွင့်ပြုလိုက်နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင့် နိုင်ငံသားအများအပြားကို လာမယ့်သီတင်းပတ်အတွင်းမှာ ကာကွယ်ဆေး စတင်ထိုးနှံပေးမယ်လို့ ဗြိတိန်နိုင်ငံက ကြေညာထားပြီး ဖြစ်ပါတယ်။

 

ဉရောပဆေးဝါးစည်းမျဉ်းစည်းအဖွဲ့ကလည်း Pfizer-BioNTech မှ ထုတ်လုပ်မယ့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေးသုံးစွဲခွင့်ကို ဒီဇင်ဘာ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး ခွင့်ပြုနိုင်ကြောင်း သိရပါတယ်။

 

ရုရှားနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံရှိတဲ့ ဉရောပနိုင်ငံတွေထဲမှာ ရောဂါပိုးကူးစက်ခံရသူ ၁၉ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ ၄၃၃,၀၀၀ ကျော်ရှိတာကိုတွေ့ရပါတယ်။

 

MDN

Read times Last modified on Saturday, 05 December 2020 16:11
Rate this item
(0 votes)