What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 March 2020 19:52

ညောင်လေးပင်မြို့နယ်၌ ပြည်ပပြန် ၉၀၀ ကျော်ရှိ၊ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ ၁ ဦးထပ်တွေ့

ညောင်လေးပင်မြို့နယ်၌ ပြည်ပပြန် ၉၀၀ ကျော်ရှိ၊ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ ၁ ဦးထပ်တွေ့ DVB

90251442_832926683874316_4730726126572273664_n.png

 

ပဲခူးတိုင်း၊ ​ညောင်​လေးပင်မြို့နယ်​ ပြည်သူ့​ဆေးရုံ​မှာ မတ်လ ၂၉ ရက်​နေ့အထိ ကိုရိုနာဗိုင်း​ရပ်စ်စောင့်​ကြည့်သံသယလူနာတစ်ဦး​ထပ်တွေ့ရှိပြီး ပြည်ပက ပြန်လာသူ ​ရွှေ့​​ပြောင်းအလုပ်သမား ၉၀၀ ကျော်ရှိနေတယ်လို့ မြို့နယ်တာဝန်ရှိသူတွေက ပြောပါတယ်။

 

ပြွန်တန်ဆာမြို့၊ မြို့မ(၄)ရပ်ကွက်၊ ဆိတ်ပြန်ကြီးကျေးရွာနေ အသက် ၅၃ နှစ် အမျိုးသမီးဟာ မတ်လ ၂၄ ရက်က ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ်(၂)မှ ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပြီး မတ်လ ၂၆ ရက်မှာ နေအိမ်မှာ ဖျားနာအသက်ရှုကြပ်တာကြောင့် ပြွန်တန်ဆာတိုက်နယ် ​ဆေးရုံကို ကိုယ်ပူချိန် ၉၉ ဒီဂရီဖာရင်ဟိုက်နဲ့ တက်​ရောက်ခဲ့တာ​ဖြစ်ပါတယ်။

 

​ ပြွန်တန်ဆာတိုက်နယ်ဆေးရုံမှာ ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် ညောင်လေးပင် ပြည်သူ့ဆေးရုံကို မတ်လ ၂၉ ရက်က လွှဲပြောင်းပြီ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်/သံသယလူနာအဖြစ် စောင့်ကြည့်ကုသပေး​နေတာဖြစ်တယ်လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သောင်းဒန်ဦး ဒီဗွီဘီ ကိုပြောပါတယ်၊

 

“လူနာရဲ့ နှာရည်များအား တို့ပတ်ဖြင့်နမူနာယူကာ ဓါတ်ခွဲစမ်းသပ်ဖို့ ပို့ဆောင်ထားပါတယ်။ သူ့ကိုတော့ သီးသန့်ခန်းမှာထား​ပြီး ​စောင့်​ကြည့်ကု​ပေး​နေပါတယ်။”

 

ညောင်လေးပင်မြို့နယ်မှာ မတ်လ ၂၄ ရက်မှ ၂၉ ရက်နေ့အထိ ပြည်ပက ပြန်လာသူ ရွှေ့ပြောင်းအလုပ်သမား ၉၀၀ ကျော်ရှိပြီ ပြည်ပကပြန်လာသူတွေကို နေအိမ်နဲ့ တခြားသတ်မှတ်နေရာတွေမှာ Home Quarantin နဲ့ Facility Quarantine အသွားအလာ ကန်သတ်ထားကာ ၁၄ ရက်​စောင့်ကြည့် စစ်ဆေးနေတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒုဦးစီးမှူး ဦးမျိုး​မြင့်အောင် ကပြောပါတယ်။

 

Facility Quarantine ကို စာသင်ကျောင်း ၇ ခုမှာဖွင့်လှစ်​စောင့်​ကြည့်​နေပြီး၊ စားဝတ်နေရေး အတွက် မိသားစုဝင်​တွေ လာရောက်မထောက်ပံ့နိုင်ပါက မြို့နယ်အစီအစဉ်နဲ့ ​​ထောက်ပံ့ကူညီ ပေးနေတယ်လို့ ဆိုပါတယ်။

 

ညောင်လေးပင်မြို့နယ်မှာ မတ်လ ၂၄ ရက်နဲ့ ၂၅ ရက်မှာ စောင့်ကြည့်သံသယလူနာ ၄ ဦးရှိပြီး စောင့်ကြည့်သံသယလူနာ ၄ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် မတွေ့ရှိရဘူးလို့ ကျန်းမာရေးဦးစီးဌာနက ထုတ်​ပြန်ထားပါတယ်။

နေလင်းထိုက် (DVB)

90165828_212716063139335_1462378197545910272_n.png

Read times
Rate this item
(0 votes)