What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 20 December 2020 14:56

မြန်မာတွေရှိတဲ့ ထိုင်း မဟာချိုင်မှာ ကိုဗစ် ကူးစက်မှု ရုတ်ချည်း ၅၀၀ ကျော်လာလို့ လော့ဒေါင်းချ

ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှု စဖြစ်ကတည်းက တစ်နေ့တည်း ကူးစက်သူ ရုတ်တရက် အများဆုံး တိုးလာတာကို ထိန်းချုပ်ဖို့အတွက် ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အများအပြား လုပ်ကိုင်နေကြတဲ့ ထိုင်းရဲ့ အကြီးဆုံး ရေထွက်ကုန်စျေးကြီးနဲ့ အနီးတစ်ဝိုက်ကို ဒီကနေ့ စနေနေ့မှာ လော့ဒေါင်းချလိုက်ပါတယ်။

 

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြီးနောက် ထိုင်းနိုင်ငံဟာ တရုတ်ပြင်ပ ကူးစက်သူတွေ့ရှိတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပေမဲ့ အခုချိန်ထိ ကူးစက်သူ ၄၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၀ ပဲ ရှိပါသေးတယ်။

 

ဒါပေမဲ့ စနေနေ့ညမှာတော့ ဘန်ကောက်မြို့တော်နဲ့ မိနစ် ၄၀ အကွာမှာ ရှိတဲ့ ဆမွတ်ဆခွန် ခရိုင် မဟာချိုင်က ရေထွက်ကုန် စျေးကြီးနဲ့ ဆက်စပ်နေတဲ့ ကူးစက်မှု ၅၄၈ ခုကို တွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက၊ စနေနေ့ညမှာ ကြေညာပါတယ်။

 

ဒါကြောင့် တင်းကျပ်တဲ့ ပိတ်ဆို့မှုနဲ့ အချိန်ကန့်သတ် အပြင်မထွက်ရတဲ့ အမိန့်တွေကိုလည်း ဇန်နဝါရီလ အစောပိုင်းအထိ လိုက်နာဖို့ ထုတ်ပြန်လိုက်ပါတယ်။

 

ကျောင်းတွေ၊ အားကစားကွင်းတွေ နဲ့ စျေးဝယ်စင်တာတွေ ဒီကန့်သတ်ချက် အမိန့်တွေကို လိုက်နာကြရမှာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ တနင်္ဂနွေနေ့မှာ ကျင်းပဖို့ စီစဥ်ထားတဲ့ ဒေသတွင်း ရွေးကောက်ပွဲတွေကိုတော့ မူလ အစီအစဥ်အတိုင်း ဆက်လုပ်သွားဖွယ် ရှိပါတယ်။

 

အဲဒီက နိုင်ငံခြား အလုပ်သမားတွေကို ခရိုင်ထဲက ထွက်ခွာခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

 

"ကူးစက်မှု ၅၄၈ ခုထဲက ၉၀ ရာခိုင်နှုန်းက ကူးစက်မှု ဘာလက္ခဏာမှ မပြသူတွေ ဖြစ်ပါတယ်။ သူတို့ထဲက အများစုက နိုင်ငံခြားသား အလုပ်သမားတွေ ဖြစ်တယ်"လို့ ရောဂါထိန်းချုပ်ရေး ဌာနက ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

 

Raks Thai ဖောင်ဒေးရှင်းက ဦးမိုးကျော်သူက ဒီပိတ်ရက်မှာ လူ ၄၀၀၀ ကျော်ကို ကိုဗစ် စစ်ဆေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

 

"မဟာချိုင် လူဦးရေက ထိုင်းနိုင်ငံသား ၇၀ ရာခိုင်နှုန်းလောက်နဲ့ ရွှေ့ပြောင်း အလုပ်သမား ၃၀ ရာခိုင်နှုန်းလောက် ရှိတယ်။ အဓိက ကူးစက်မှုက ရွှေ့ပြောင်းအလုပ်သမားတွေက ဖြစ်နိုင်ပြီး အထူးသဖြင့် မြန်မာ အလုပ်သမားတွေက ဖြစ်နိုင်တယ် " လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၁၅,၀၀၀ ထိ ရှိနေပြီဖြစ်ပြီး ထိုင်းအာဏာပိုင်တွေက အခုလပိုင်းတွေမှာ နယ်စပ်ထိုင်းချုပ်ရေးကို တိုးလုပ်နေပါတယ်။

Read times
Rate this item
(0 votes)