What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 06 July 2021 10:58

ရွှေလီမြို့တွင် အားလုံးလွှမ်းခြုံ Nucleic acidစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ရာ မလိုအပ်ဘဲ မြို့သို့အဝင်အထွက်မလုပ်ကြရန် ထုတ်ပြန်

ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လိုအပ်ချက်အရ ဇူလိုင် ၅ ရက် ၈ နာရီမှစ၍ ရွှေလီမြို့တွင်းနှင့် ဝမ်တိန်ဒေသ တို့တွင် အားလုံးလွှမ်းခြုံ Nucleic acidစစ်ဆေးမှုများပြုလုပ်မည်ဖြစ်ရာ 

ရွှေလီမြို့သို့ အဝင်အထွက်မလုပ်ကြရန် ယူနန်ပြည်နယ် ရွှေလီမြို့ ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညွှန်ကြားမှုအဖွဲ့က ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရွှေလီမြို့ကို ဒုတိယအကြိမ်မြောက် လော့ဒေါင်းချ

ကိုဗစ်ကူးစက်လူနာ သုံးဦး တွေ့ရှိအတည်ပြုပြီးသည့်နောက်တွင် မြို့နေ လူဦးရေ ၂၁၀,၀၀၀ ကျော်ကို ဆေးစစ်ရန်အတွက် ယခုလို လော့ဒေါင်းချထားလိိုက်ခြင်း ဖြစ်သည်။

ယူနန်ပြည်နယ် ကျန်းမာရေးအာဏာပိုင်များ၏ အဆိုအရ ရောဂါကူးစက်ခံထားရသောလူနာသုံး ဦး အနက်တစ် ဦး မှာမြန်မာနိုင်ငံသားဖြစ်သည်။

ရွှေလီမြို့တွင် နှစ်ရက်အတွင်း နေထိုင်သူများအားလုံးကို စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။
မသွားမဖြစ် သွားရမည့်ကိစ္စများမှအပ ကျန်သွားလာမှုအားလုံးကို တားမြစ်ထားမည် ဖြစ်သည်ဟု ဒေသခံအစိုးရက ပြောကြားခဲ့သည်။

စမ်းသပ်ကာလအတွင်း အိမ်အတွက် နေ့စဉ်လိုအပ်သောပစ္စည်းများကို ၀ ယ်ယူရန် အိမ်ထောင်စုတစ်ခု၏ မိသားစုဝင်တစ် ဦး တည်းသာ အိမ်မှ ထွက်ခွာနိုင်သည်။

မြို့မှထွက်ခွာလိုသူသည်လွန်ခဲ့သော ၇၂ နာရီအတွင်း ဗိုင်းရပ်စ်စစ်ဆေးမှုကို ပြုလုပ်ရမည်ဖြစ်ပြီး ကူးစက်ခံထားရခြင်း မရှိမှသာ ခရီးထွက်ရန် ခွင့်ပြုမည်ဟု ဒေသခံအစိုးရက ပြောကြားခဲ့သည်။

Nucleic acidစစ်ဆေးမှု နှစ်ရက်ဆက်တိုက် ဆောင်ရွက်မဉ်

ယခုအကြိမ် Nucleic acidစစ်ဆေးမှုကို ဇူလိုင် ၅ ရက်မှ ၆ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ ရွှေလီမြို့တွင်းနှင့် ဝမ်တိန်ဒေသရှိ ဒေသခံအမြဲတမ်းနေထိုင်သူ၊ ယာယီသွားလာနေထိုင်သူ၊ နိုင်ငံခြားသားနှင့် အခြားဒေသမှရွှေလီမြို့သို့လာရောက်ပံ့ပိုးကူညီပေးသူများ ပါဝင်ကြောင်း၊ အစိုးရမှ စစ်ဆေးသည့်စရိတ်ကို အကုန်အကျခံမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဇူလိုင် ၅ ရက် ၈ နာရီမှစ၍ မလိုအပ်ပါက ရွှေလီမြို့သို့ ဝင်ထွက်ခြင်း မပြုကြရန် ကြေညာချက်တွင် ညွှန်ကြားထားသည်။ ရွှေလီ၌အလုပ်လုပ်ကိုင်သူ၊ နေထိုင်သူများသည် တရားဝင်လက်မှတ်(မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ အိမ်ခြံမြေပိုင်ဆိုင်မှုလက်မှတ်၊ ကိုယ်ပိုင်လုပ်ငန်းလိုင်စင် သို့မဟုတ် အုပ်ချုပ်ရေးဌာန၏ထောက်ခံချက်)တို့ ကိုင်ဆောင်၍လည်းကောင်း၊ ကပ်ရောဂါထိန်းချုပ်ရေးဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဌာန သို့မဟုတ် အုပ်ချုပ်ရေးဌာန၏ ထောက်ခံချက်ဖြင့် လည်းကောင်း ရွှေလီသို့ ဝင်ရောက်ကြရမည်ဖြစ်ကြောင်း သိရသည်။ အထူးအခြေအနေကြောင့် ရွှေလီမှ ထွက်ခွာသူများအနေဖြင့် ရွှေလီမြို့ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းညွှန်ကြားမှုဌာန၏ စိစစ်ခွင့်ပြုချက်ရယူ၍ ရွှေလီမြို့မှထွက်ခွာခွင့် အကြောင်းကြားစာကို ကိုင်ဆောင်ကာ (၃)ရက်အတွင်း Nucleic acidစစ်ဆေးမှု negativeပြ ထောက်ခံချက်ဖြင့် QR ကုဒ်ဖတ်၍ ထွက်ခွာရမည်ဖြစ်ကြောင်း သိရသည်။ ကျယ်ဂေါင်တံတား ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ထားရာ မူအရ ဝင်ထွက်ခွင့်ပြမည်မဟုတ်ကြောင်း ၊ အထူးအခြေအနေရ ကျယ်ဂေါင်ဂိတ်ကို ဖြတ်သန်းသွားရမည်ဆိုပါက ရွှေလီမြို့ညွှန်ကြားရေးဌာနမှပေးသည့် ဖြတ်သန်းသွားလာခွင့်ဖြင့် ဝင်ထွက်နိုင်ကြောင်း သိရသည်။
အဆိုပါထိန်းချုပ်စီမံမှုများသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း တိုးတက်လာသည့် အခြေအနေနှင့်အညီ အပြောင်းအလဲရှိမည်ဖြစ်ရာ အချိန်မီထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၄ ရက် ၀၀ နာရီမှ ၂၄ နာရီအထိ ယူနန်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှု ကိုဗစ်အတည်ပြုလူနာ (၃)ဦး ထပ်တိုးခဲ့ရာ ၎င်းတို့မှာ ရွှေလီမြို့Nucleic acidစစ်ဆေးမှုတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်က ဇူလိုင် ၅ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

 

 

Read times
Rate this item
(0 votes)