What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 25 April 2020 17:44

ကိုရိုနာဗိုင်းရပ်စ်အဲယားကွန်းကြောင့် ပိုမိုပျံပွားနိုင်ကြောင်းအသေးစိတ်

ဂေါင်ဇူး ရောဂါ ကူးစက်ပြန့်ပွားမှု့ကာကွယ်ရေးစင်တာ မှ ထုတ်ပြန်တဲ့ ရောဂါရှာဖွေရေးစာစဉ်မှာရေးသားချက် အရ မိသားစု ၃ စု ထိုင်ခုံအကွာအဝေးတစ်ခုကွာဝေးတဲ့ အနေအထားမှာ စားသောက်ဆိုင်ထိုင်ပြီး စားသောက်ခဲ့တာတောင် ကိုရိုနာရောဂါ ၁၀ ယောက်ကူးစက်မှု့ ဖြစ်ပွားတဲ့ အချင်းအရာနဲ့ ပတ်သက်လို့ အတော်လေး တွေးစရာလေးရှိလာပါတယ်။

 

လေ့လာရှာဖွေစမ်းသပ်ချက်တွေအရ ရောဂါပိုးမွှားတွေကို အဲယားကွန်းရဲ့ လေကို သယ်ယူ ပို့ဆောင် လည်ပတ်ခြင်း အခြင်းအရာကြောင့်လို့သိရပါတယ်။ထိုဖြစ်စဉ်မှာ ဝူဟန်မှ လာပြီး ဂေါင်ဇူးမြို့ရှိ စားသောက်ဆိုင်တစ်ခုကို မိသားစုဝင် ၃ ဦးနဲ့ ညစာစားတဲ့ နဂိုမူလ ရောဂါရှိပြီးသူတစ်ဦးကြောင့်ပါ။

 

ထိုကနေ့က ထိုဆိုင်တွင် အခြား မိသားစုဝင်နှစ်ဦး အကွာအဝေး တစ်ခု ကွာဝေးတဲ့ စားပွဲ အသီးသီးမှာ ထိုင်ခဲ့ကြပါတယ် ထို့နေ့ပြီးနောက် နဂိုမူလ ရောဂါရှိပြီးသူ က သူ့တွင် ရောဂါလက္ခဏာပြကာ အဖျားတတ်လာပြီး ဆေးရုံမှာ သွားရောက်စစ်ဆေးကြည့်တဲ့အခါမှာ ကိုဗစ်ရောဂါပိုးကိုစစ်ကြည့်သော် Positive ပြနေပါတယ်။

 

သူတို့ထိုင်ခဲ့တဲ့ စားသောက်ဆိုင်က ပြတင်းပေါက် မရှိပါဘူး ထိုစားသောက်ဆိုင်မှာ အဲကွန်းကို နံရံ တစ်ဖက်မှာ တပ်ဆင်ထားကာ ကျန်နောက်အဲကွန်းတစ်လုံးကိုတော့ အေးစက်နေအောင် ထိုအဲကွန်းရဲ့ဘေး တစ်ဖက်မှာ တပ်ဆင်ထားပါတယ်။ထိုရောဂါပိုးရှိသူ မူလ လူနာနဲ့ သူ့မိသားစုဟာ အဆိုပါ စားသောက်ဆိုင်မှာ ၁ နာရီလောက် နီးပါးထိုင်ခဲ့ပါသတဲ့။

 

ထိုအချင်းအရာကို လေ့လာတွေ့ရှိချက်ကတော့ ဗိုင်းရပ်စ် ကို လေမှ တစ်ဆင့်ပို့ဆောင် ခြင်းကို ကျနစွာ ရှင်းရပါတော့ မယ် 'ကြီးမားတဲ့ အဆုတ်မှ လာတဲ့ အရေစက် ( ရောဂါပိုးပါဝင်သည့် တံတွေးစ သို့ နှပ် စတာတွေက တကယ်တန်း အဲကွန်းမရှိတဲ့ နေရာတွေမှာ ရိုးရိုးလေပဲ ဆိုသူ က အချိန်ခဏလေးပဲ ရှိနိုင်သလို ပြန့်နှံရာမှာလဲ အကွာအဝေး ခပ်တိုတို နေရာကိုပဲ ရောက်ရှိနိုင်ပါတယ် များသောအားဖြင့်ပြောရလျှင် နဂိုမူလ ရောဂါရှိပြီးသူ နဲ့ အခြား ၁ မီတာ ထက် အနည်းအကွာ အဝေးမှာ တော့ ရှိကြပါတယ်။

 

သို့ပေမဲ့ အဲယားကွန်းကြောင့် ထိုအခန်းထဲရှိ ပြင်းထန်တဲ့ လေလမ်းကြောင်းစီးဆင်းခြင်း က ရောဂါပိုး မူလရှိသူရဲ့ အဆုတ်မှ လာတဲ့ အစက် ကို လွယ်လင့်တကူ သယ်ဆောင်သွားကာ အကွာအဝေးတစ်ခု အဝေး မှာ ရှိတဲ့ စားပွဲတွေကို ပျံနှံစေတာပါ။

 

Sketch showing arrangement of restaurant tables and air conditioning airflow at site of outbreak of 2019 novel coronavirus disease, Guangzhou, China, 2020. Red circles indicate seating of future case-patients; yellow-filled red circle indicates index case-patient.

 

ဒီပုံလေးမှာ ထိုစားသောက်ဆိုင်ရဲ့ ခုံတွေကို ပြင်ဆင် ခင်းကျင်းထားပုံ ၊ အဲယားကွန်း လေရဲ့ သွားလမ်းကြောင်းကို ပြပုံကိုကြည့်နိုင်မှာ ဖြစ်ပြီး အပေါ်တွင် ပြောခဲ့သလို လေမှ ပျံနိုင်ခြင်းကို သက်သေခိုင်လုံစွာမြင်နိုင်မှာပါ။မျှားလေးတွေက လေသွားလမ်းကြောင်းဖြစ်ပြီး ၊ အနီရောင်ဝိုင်းထားတဲ့ ခုံလေးတွေက ရောဂါမဖြစ်ပွားရသေးသူ ( ကူးစက်ခံရပြီးနောက်ဖြစ်လာတော့မည့်သူတွေပါ ) ၊ အနီရောင်အလုံးထဲ အဝါရောင်ချယ်ထားတာကတော့ ရောဂါပိုးရှိသူ မူလ လူနာပါ။

 

ထိုအချင်းအရာကို လေ့လာခဲ့တဲ့ လေ့လာရေးမှ တွေ့ရှိချက်က တော့ ထို လေသွားလမ်းကြောင်းက အပြောင်းအလဲမရှိ လားရာ အတိုင်း အဆုတ်မှ လာတဲ့ ဗိုင်းရပ်စ် အစက် ကို လေထဲတွင် သယ်ယူပို့ဆောင်နေမှာပါ ဒါ့ကြောင့် စားသောက်ဆိုင်တွေမှ ရောဂါပိုး ကူးစက်မှု့နှုန်းကို လျှော့ချဖို့ဆိုလျှင် စားပွဲတွေကို အဝေးကြီးထိုင်ကာ လေကောင်းလေသန့် ရနိုင်မှ သာလျှင် အဆင်ပြေပါမယ်။

 

<<< Zawgyi >>>

 


-----------------------

 


 


 


 


 


 


 


 


 


 

Ref : The thaiger

Read times Last modified on Saturday, 25 April 2020 20:17
Rate this item
(0 votes)