What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 12 September 2021 08:42

ကိုဗစ်ကာကွယ်ဆေး ထိရောက်မှု ကန်CDC လေ့လာတွေ့ရှိချက်အသစ်ထုတ်ပြန်

ကိုဗစ်ကာကွယ်ဆေး ထိရောက်မှု ကန်CDC လေ့လာတွေ့ရှိချက်အသစ်ထုတ်ပြန်

ကူးစက်မြန် ပြင်းထန်တဲ့ Delta မျိုးကွဲသစ် အပါအဝင် ကိုဗစ်ကူးစက်မှု၊ သေဆုံးမှုတွေအပေါ် ကာကွယ်ဆေး အစွမ်းအလွန်ထက်တာကို အမေရိကန် CDC က တွေ့ရှိလိုက်ပါတယ်။

အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်အရ ကာကွယ်ဆေး မထိုးထားသူတွေမှာ ၅ ဆနီးပါး ပိုကူးစက်ခံရနိုင်ပြီး ၁၀ ဆ ပိုဆေးရုံတက်ရကာ ၁၁ ဆအထိကို သေဆုံးမှု ပိုများနိုင်တယ်လို့ ဆိုပါတယ်။

လူပေါင်း ၆ သိန်းကို ဧပြီကနေ ဇူလိုင်လလယ်အထိ သုတေသန လုပ်ခဲ့ရာမှာ ကာကွယ်ဆေး မထိုးထားသူတွေမှာ ကာကွယ်ဆေး အပြည့်ထိုးထားသူတွေနဲ့ ယှဉ်လိုက်ရင် ၅ ဆနီးပါး ပိုကူးစက်ခံရတာအပြင် သေဆုံးမှုလည်း ပိုများနိုင်တာ CDC က တွေ့ရှိခဲ့တာပါ။

ဒါပေမယ့် CDC ရဲ့ နောက်လေ့လာချက် ၂ ခုအရ အသက်ကြီးသူတွေ ဆေးရုံရောက်မှုနဲ့ သေဆုံးရမှု အတွက်မှာတော့ ကာကွယ်နိုင်စွမ်းက လူငယ်တွေနဲ့ယှဉ်ရင် နည်းသွားတာကို တွေ့ရှိခဲ့ပါတယ်။

အသက် ၁၈ နှစ်နဲ့ ၆၄ အကြား အရွယ်တွေမှာ ၉၅ ရာခိုင်နှုန်း ဆေးရုံမတက်ရအောင် ကာကွယ်နိုင်ခဲ့ပေမယ့် အသက် ၆၅ နှစ်အထက်တွေမှာတော့ ၈၀ ရာခိုင်နှုန်းပဲ ကာကွယ်နိုင်တာ တွေ့ခဲ့ပါတယ်။ အသက် ၇၅ နှစ်နဲ့အထက်တွေအတွက်ဆိုရင် ကာကွယ်နိုင်စွမ်း ၇၆ ရာခိုင်နှုန်းကို ကျသွားပါတယ်။

တချိန်တည်းမှာ ကာကွယ်ဆေး အပြည့်ထိုးထားသူ အရွယ်အားလုံးအတွက်လည်း ကူးစက်ခံရပြီး မပြင်းထန်တဲ့ လက္ခဏာပြသူတွေ တိုးလာတာကို ဆက်တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် ကူးစက်မြန်ဗီဇပြောင်း Delta မျိုးကွဲ ပေါ်လာချိန်မှာ Moderna ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်းအထိ ပိုကာကွယ်နိုင်တာ တွေ့ရပြီး Pfizer က 80 ရာခိုင်နှုန်းနဲ့ Johnson & Johnson ကတော့ 60 ရာခိုင်နှုန်းပဲ ရှိပါတယ်။

CDC ကူးစက်ရောဂါ ကာကွယ်ရေးဌာနရဲ့ ဒီ ကြေညာချက်ဟာ သမ္မတ Joe Biden ရဲ့ ကာကွယ်ဆေး မထိုးမနေရ အစီအစဉ် ကြေညာပြီးနောက် ထွက်ပေါ်လာခဲ့တာပါ။

CDC ကျန်းမာရေးဌာနနဲ့ ဆေးဝါးနဲ့ စားသောက်ကုန်ဌာနတွေက နောက်ထပ်တကြိမ် ကာကွယ်ဆေးထိုးဖို့ကို လေ့လာမှုတွေ ပြုလုပ်နေပြီး အသက်ကြီးပိုင်းတွေကို စတင်ထိုးပေးမယ့်သဘော ရှိနေပါတယ်။ ဒီလကုန်ပိုင်းလောက်မှာ စတင်နိုင်ဖို့ ရှိပါတယ်။

ဗီအိုအေ

Read times Last modified on Sunday, 12 September 2021 08:44
Rate this item
(0 votes)