What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 12 October 2021 17:16

ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအတွက် အချက် (၈) ချက် ထုတ်ပြန်ကြေညာ

အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအတွက်

မိဘ/အုပ်ထိန်းသူများထံမှ သဘောတူခွင့်ပြုချက်ရယူနိုင်ရေး ကြိုတင်အသိပေးလိုသည့် အချက် (၈) ချက် ထုတ်ပြန်ကြေညာထားပါသည်။


အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအတွက် မိဘ/အုပ်ထိန်းသူများထံမှသဘောတူခွင့်ပြုချက်ရယူနိုင်ရေးကြိုတင်အသိပေးလိုသည့်အချက်များ


၁။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင်ကျောင်းများပိတ်ထားရ၍ ကလေးများ၏ ပညာသင်ယူခွင့်များ ဆုံးရှုံးလျက်ရှိပါသည်။ ကျောင်းများတွင် ပညာသင်ယူခွင့်များရရှိရေးအတွက် ဒေသ တွင်းနိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံမလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ကမ္ဘော ဒီးယားနိုင်ငံတို့တွင် အသက်(၁၂)နှစ်မှ(၁၈)နှစ်အတွင်းရှိ ကလေးများကို ကာကွယ်ဆေးများထိုးနှံ လျက် ရှိပါသည်။


၂။ မြန်မာနိုင်ငံတွင်လည်းအသက်(၁၂)နှစ်မှ(၁၈)နှစ်အတွင်းရှိ အလယ်တန်းနှင့်အထက်တန်း ကျောင်း သား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး၍ ကလေးများ၏ပညာသင်ယူမှု အခွင့် အလမ်းများ ဆက်လက်ရရှိစေရေး ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၃။အောက်ဖော်ပြပါ ကျောင်းသားကျောင်းသူအုပ်စုများကို ကာကွယ်ဆေးထိုးပေးမည်မဟုတ်ပါ


(က) အသက် ၁၂ နှစ် မပြည့်သေးသူများ


(ခ) လတ်တလောဖျားနာနေသော ကျောင်းသား/ကျောင်းသူများ


၄။ ကျွမ်းကျင်သည့်သမားတော်၊ ကျန်းမာရေးဝန်ထမ်းများနှင့်တိုင်ပင်ဆွေးနွေးပြီးမှသာ ၎င်းတို့၏ အကြံပြုချက်အရ ကာကွယ်ဆေးထိုးနှံပေးမည့် ကျောင်းသား/ကျောင်းသူများ -


(က) ဆေးတစ်ခုခုနှင့် ဓာတ်မတည့်သောရောဂါရှိသူများ


(ခ) အတက်ရောဂါစသည့် ဦးနှောက်အာရုံကြောဆိုင်ရာရောဂါတစ်ခုခုရှိသူများနှင့် မိသားစုဝင် များ တွင်ထိုရောဂါရှိသည့် ကျောင်းသား/ကျောင်းသူများ


(ဂ) သွေးဥမွှားလျော့နည်းသူများ၊ သွေးမတိတ်ရောဂါရှိသူများနှင့် အခြားရောဂါအခံရှိသူများ (ဥပမာ- ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါ) ကာကွယ်ဆေးတိုင်းတွင် သာမန်နှင့်ပြင်းထန်နောက်ဆက်တွဲပြဿနာများရှိနိုင်ပါသည်


၅။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆိုင်နိုက်(Sinovac) ထိုးနှံရာတွင် -


(က) ပြင်းထန်နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်နိုင်မှုမှာ ကလေးဦးရေ (၁)သန်းထိုးလျှင် (၁)ဦး ဖြစ်ပြီး၊ ကလေးဦးရေ (၁)သိန်းလျှင်(၁)ဦးဖြစ်ပေါ်နိုင်သည့် ဝက်သက်ရောဂါကာကွယ်ဆေး နှင့်နှိုင်းယှဉ်ပါက ဖြစ်ပွားမှုအလွန်နည်းပါကြောင်းသိရှိရပါသည်။


(ခ) သာမန်နောက်ဆက်တွဲပြဿနာများအနေဖြင့် ခေါင်းမူးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့ခြင်းခေါင်းကိုက်ခြင်း၊ အရေပြားယားယံခြင်း၊ အနီပြင်ထွက်ခြင်း၊ အန်ခြင်း၊ သတိလစ်ခြင်း၊ ဖျား ခြင်းရင်ဘတ်အောင့်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်။


၆။ ကာကွယ်ဆေးထိုးပြီးဖြစ်ပွားတတ်သော ပြင်းထန်နောက်ဆက်တွဲပြဿနာများမှာ ဆေးထိုးပြီး မိနစ် အနည်းငယ်အတွင်းတွင် ဖြစ်ပွားလေ့ရှိ၍ ကာကွယ်ဆေးထိုးပြီးလျှင်သတ်မှတ်နေရာ၌ မိနစ်(၃၀) စောင့်ဆိုင်း ပြီးမှသာ ဆေးထိုးစုရပ်မှထွက်ခွာရမည်ဖြစ်ပါသည်။


၇။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရခြင်း၏ အကျိုးကျေးဇူး၊ ထိုးနှံမည့်အစီအစဉ်ဖြစ်ပေါ်လာ နိုင်သည့်ကာကွယ်ဆေး၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ စသည့်အချက်အလက်များကို ကြိုတင် အသိပေးအပ်ပါသည်။ မိဘအုပ်ထိန်းသူများက သဘောတူခွင့်ပြုမှသာ ကာကွယ်ဆေးထိုး ပေး မည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံရသေးသော်လည်း ကျောင်းတက်ခွင့်ပြုမည်ဖြစ်ကြောင်း ကြိုတင်အသိ ပေးအပ်ပါသည်။


၈။ ကိုဗစ်-၁၉ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးပါက ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောလမ်းညွှန်ချက်များနှင့်အညီ ကျောင်းများတွင် စိတ်ချလုံခြုံစွာ ပညာသင်ယူခွင့်ရရှိမည်ဖြစ်ပါသည်

 

244469308_2125588560926950_7465574134009323723_n.jpg

Read times
Rate this item
(0 votes)