What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 01 March 2020 21:04

(၁-၃-၂၀၂၀) ရက်နေ့ ၊ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့် ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်း ကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း များဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

Image may contain: 5 people, people standing

၂။ (၂၉-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီ မှ (၁-၃-၂၀၂၀) ရက်နေ့၊ ညနေ(၆:၀၀)နာရီအထိ စောင့်ကြည့်လူနာအသစ် ထပ်မံမတွေ့ရှိရပါ။ သို့ဖြစ်ပါ၍ စောင့်ကြည့်လူနာနှင့် သံသယလူနာ စုစုပေါင်း (၄၅) ဦးရှိခဲ့ပြီး ၎င်းတို့အားလုံးတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း သိရှိရပါသည်။ COVID-19 ရောဂါပိုး မတွေ့ရှိရသော်လည်း ဆေးရုံဆင်းခွင့် သတ်မှတ်ချက်အရ ဝေဘာဂီအထူးကုဆေးရုံကြီး တွင် (၃) ဦး နှင့် မူဆယ်မြို့ပြည်သူ့ဆေးရုံတွင် (၁) ဦး စုစုပေါင်း လူနာ (၄) ဦး အား ဆက်လက်ထားရှိ ကုသမှုပေးလျက်ရှိပြီး လူနာအားလုံး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

Image may contain: 5 people, people sitting, table and indoor

၃။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆက်လက် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့ဖြစ်ပွားခြင်းများမှ ကာကွယ်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

Image may contain: 1 person, standing and outdoor

(ဓာတ်ပုံများ = ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်ဗဟိုစံပြငါးဈေးကြီးတွင် COVID-19 ရောဂါ အကြောင်း ကျန်းမာရေး အသိပညာပေးဟောပြောပြီး အခြေခံကျန်းမာရေး ဝန်ထမ်းများမှ စနစ်တကျ လက်ဆေးနည်း နှင့် နှာခေါင်းစီး တပ်နည်းတို့ကို သရုပ်ပြပညာပေးခြင်း၊ 

Image may contain: 1 person, outdoor

လှိုင်သာယာစက်ရုံများရှိ ဝန်ထမ်းများအား COVID-19အကြောင်း စနစ်တကျလက်ဆေးနည်း၊ နှာခေါင်းစီးတပ်နည်း၊ ဆောင်ရန်ရှောင်ရန်များ စသဖြင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊

 

ကမာရွတ်မြို့နယ်အတွင်းရှိ လှည်းတန်းဘူတာတွင် COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးပိုစတာများ ကပ်ခြင်းနှင့်

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရွှေပြည်ကားကွင်းတွင် COVID-19 ရောဂါကာကွယ်ရေးအကြောင်း လက်ကမ်းစာစောင်များပေးဝေခြင်း)

 

(Zawyi)

=====

(၁-၃-၂၀၂၀) ရက္ေန႔ ၊ COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း



၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ ကမာၻ႔ႏိုင္ငံအခ်ိဳ႕ တြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ COVID-19 ေရာဂါ ျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ျပည္ဆိုင္ရာဝင္ေပါက္၊ ထြက္ေပါက္ဂိတ္မ်ားတြင္လည္း ေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူလူထုအေျချပဳ ေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္း မ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

Image may contain: 5 people, people standing

၂။ (၂၉-၂-၂၀၂၀) ရက္ေန႔၊ ညေန (၆:၀၀) နာရီ မွ (၁-၃-၂၀၂၀) ရက္ေန႔၊ ညေန(၆:၀၀)နာရီအထိ ေစာင့္ၾကည့္လူနာအသစ္ ထပ္မံမေတြ႕ရွိရပါ။ သို႔ျဖစ္ပါ၍ ေစာင့္ၾကည့္လူနာႏွင့္ သံသယလူနာ စုစုေပါင္း (၄၅) ဦးရွိခဲ့ၿပီး ၎တို႔အားလုံးတြင္ COVID-19 ေရာဂါပိုးမေတြ႕ရွိရေၾကာင္း သိရွိရပါသည္။ COVID-19 ေရာဂါပိုး မေတြ႕ရွိရေသာ္လည္း ေဆး႐ုံဆင္းခြင့္ သတ္မွတ္ခ်က္အရ ေဝဘာဂီအထူးကုေဆး႐ုံႀကီး တြင္ (၃) ဦး ႏွင့္ မူဆယ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံတြင္ (၁) ဦး စုစုေပါင္း လူနာ (၄) ဦး အား ဆက္လက္ထားရွိ ကုသမႈေပးလ်က္ရွိၿပီး လူနာအားလုံး၏ က်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိပါသည္။

Image may contain: 5 people, people sitting, table and indoor

၃။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန အေနျဖင့္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ မေတြ႕ရွိေသးေသာ္လည္း ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္၍ ဆက္လက္ ေဆာင္႐ြက္လ်က္ရွိရာ ျမန္မာႏိုင္ငံအတြင္း COVID-19 ေရာဂါကူးစက္ပ်ံ႕ႏွံ႔ျဖစ္ပြားျခင္းမ်ားမွ ကာကြယ္ႏိုင္ေရးအတြက္ ျပည္သူလူထုအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ ထားေသာ ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာေရးအသိပညာေပး အခ်က္အလက္မ်ားအား တိက်စြာ လိုက္နာေဆာင္႐ြက္ရန္ ႏႈိးေဆာ္အပ္ပါသည္။

Image may contain: 1 person, standing and outdoor

(ဓာတ္ပုံမ်ား = ရန္ကုန္တိုင္းေဒသႀကီး၊ ၾကည့္ျမင္တိုင္ဗဟိုစံျပငါးေဈးႀကီးတြင္ COVID-19 ေရာဂါ အေၾကာင္း က်န္းမာေရး အသိပညာေပးေဟာေျပာၿပီး အေျခခံက်န္းမာေရး ဝန္ထမ္းမ်ားမွ စနစ္တက် လက္ေဆးနည္း ႏွင့္ ႏွာေခါင္းစီး တပ္နည္းတို႔ကို သ႐ုပ္ျပပညာေပးျခင္း၊

Image may contain: 1 person, outdoor

လႈိင္သာယာစက္႐ုံမ်ားရွိ ဝန္ထမ္းမ်ားအား COVID-19အေၾကာင္း စနစ္တက်လက္ေဆးနည္း၊ ႏွာေခါင္းစီးတပ္နည္း၊ ေဆာင္ရန္ေရွာင္ရန္မ်ား စသျဖင့္ က်န္းမာေရး အသိပညာေပး ေဟာေျပာျခင္း၊

 

ကမာ႐ြတ္ၿမိဳ႕နယ္အတြင္းရွိ လွည္းတန္းဘူတာတြင္ COVID-19 ေရာဂါႏွင့္ ပတ္သက္၍ က်န္းမာေရးအသိပညာေပးပိုစတာမ်ား ကပ္ျခင္းႏွင့္

 

မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးခ႐ိုင္၊ ပုဂံေ႐ႊျပည္ကားကြင္းတြင္ COVID-19 ေရာဂါကာကြယ္ေရးအေၾကာင္း လက္ကမ္းစာေစာင္မ်ားေပးေဝျခင္း)

Read times
Rate this item
(0 votes)