What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 31 March 2020 23:22

Covid-19 တွေ့ရှိသူ ပုဂ္ဂလိကဆေးခန်းရှိရာ အင်းယားလိတ်ဟိုတယ်ဝန်းကို Lockdown ချ

90251442_832926683874316_4730726126572273664_n.png

 

ယနေ့ညတွင် အသစ်ထပ်မံတွေ့ရှိခဲ့သော COVID-19 ရောဂါပိုးတွေ့ရှိသူ အလုပ်လုပ်ကိုင်သည့် ပုဂ္ဂလိက ဆေးခန်းရှိရာ အင်းယားလိတ်ဟိုတယ်ဝန်းကို Lockdown လုပ်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း မရမ်းကုန်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းက ဧရာဝတီသို့ အတည်ပြုပြောသည်။

 

အသက် ၄၅ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးသည် ရန်ကုန်မြို့နယ် မရမ်းကုန်းမြို့နယ် အင်းယားလိတ် ဟိုတယ်ဝန်း အတွင်းရှိ နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသော International SOS Clinic တွင် အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

 

ဦးရန်ရှင်းက “SOS ဆေးခန်းက အဲ့ဒီဝင်းထဲမှာဆိုတော့ လိုအပ်သလို Lockdown လုပ်ဖို့ ဆောင်ရွက်နေပါ တယ်” ဟု ပြောသည်။

 

အဆိုပါလူနာ၏ နေအိမ်သည် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဆရာစံမြောက်အနောက် ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ကြောင်း ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က အတည်ပြုသည်။

 

လက်ရှိအချိန်တွင် လူနာ၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာတွင် ယင်းနေအိမ်သည် ပိတ်ထားကာ ၎င်းတို့မိသားစု မနေထိုင်သည်မှာ နှစ်လနီးပါး ရှိနေပြီဟု အိမ်နီးချင်များက ပြောကြကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ယင်းနေရာသို့ ရောက်ရှိနေသော ဧရာဝတီ၏ သတင်းရင်းမြစ် တဦးက ပြောသည်။

 

ယင်းကိစ္စ နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဧရာဝတီက သီးခြားအတည်ပြုချက်တော့ မရရှိသေးပေ။

 

သို့သော်လည်း International SOS Clinic Yangon က လည်း ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်ကို လိုက်နာသွားမည်ဖြစ်ပြီး ဆေးခန်းကို သတ်မှတ်ပေးထားသော ကာလအထိ ပိတ်ပေးသွားမည် ဖြစ်ကြောင်း ဆေးခန်းဖွင့်လှစ်သည့် အချိန်တွင် တယ်လီဖုန်းဖြင့်သာ ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လွန်ခဲ့သော မိနစ်ပိုင်းက ဆေးခန်း၏ လူမှု ကွန်ရက်စာမျက်နှာမှ တဆင့် ကြေညာခဲ့သည်။

 

ယနေ့ ည ရောဂါပိုးတွေ့ရှိသူသည် (၂၇-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း စသော လက္ခဏာများ ခံစားခဲ့ရသဖြင့် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦး စီးဌာနသို့ သွားရောက်ပြသခဲ့ရာ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးသို့ ညွှန်းပို့ခဲ့၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုဆောင်ရွက်ခဲ့ပြီး ယခုတွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

 

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုးတွေ့ရှိသူ ၁၅ ဦးအထိရှိလားပြီး နိုင်ငံခြားသား ၄ ဦး နှင့် မြန်မာနိုင်ငံသား ၁၁ ဦးဖြစ်ကာ ယနေ့မနက်၌ COVID 19 ရောဂါပိုး ကူးစက်ခံထားရသည့် မြန်မာနိုင်ငံသား တဦးသည် သေဆုံးသွားပြီဖြစ်သည်။

90165828_212716063139335_1462378197545910272_n.pngBurma Irrawaddy

Read times
Rate this item
(0 votes)