What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 04 June 2020 09:59

ပြည်ပပြန်အလုပ်သမားတွေ သီးခြားခွဲစောင့်ကြည့်ချိန် WFP စားနပ်ရိက္ခာကူညီ

[/Unicode+Zawgyi] တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်က ပြည်တွင်းပြန်ဝင်လာတဲ့ မြန်မာလုပ်သားတွေကို

COVID ရောဂါကာကွယ်ရေးအတွက် နယ်စပ်မှာ ကန့်သတ်၊ စောင့်ကြည့်ထားချိန် ကုလအဖွဲ့အစည်းတွေက စားနပ်ရိက္ခာအထောက်အပံ့တွေ ကူညီတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြမှာပါ။

ပြည်ပရောက် မြန်မာလုပ်သားတွေ အထူးသဖြင့် ထိုင်းနဲ့ တရုတ်နိုင်ငံက ပြန်ဝင်လာမယ့် မြန်မာလုပ်သားတွေ နယ်စပ်က COVID ရောဂါကန့်သတ် စောင့်ကြည့်ရေးစခန်းမှာ ရှိနေချိန် စားဝတ်နေရေး အထောက်အပံ့တွေ ပေးသွားမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က သတင်းထုတ်ပြန်ပါတယ်။

ပြန်ဝင်လာသူ ၁၅၀,၀၀၀ လောက်ရှိနိုင်ပြီး ထိုင်းရောက်မြန်မာတွေ အများစုဖြစ်နိုင်တယ်လို့ WFP က ခန့်မှန်းထားကြောင်း WFP ရဲ့ ဆက်သွယ်ဆက်ဆံရေး အရာရှိ ဦးထက်ဦးလင်းက ပြောပါတယ်။

“ပြန်ရောက်လာမယ့် နေရပ်ပြန်လုပ်သား အားလုံးပေါင်း ၁၅၀,၀၀၀ လောက်ပြန်လာမယ်လို့ မှန်းထားတာရှိတယ်။ နေရပ်ပြန်လုပ်သား ၅၀,၀၀၀ လောက်ကို သူတို့ရဲ့ Quarantine ဝင်နေတဲ့အချိန် ကာလ တလျှောက်လုံးမှာ ထမင်းဟင်းတွေ ချက်ပြုတ်ကျွေးမွေးမယ်ဆိုရင် အဲဒီအတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၃.၇ သန်းလောက် ကုန်ကျပါမယ်ဗျ။”

WFP အနေနဲ့ ပြန်ဝင်လာမယ့် အရေအတွက်အပေါ်မူတည်ပြီး အစီအစဉ်တွေပြောင်းလဲ လုပ်နိုင်ဖို့အတွက်လည်း ပြင်ဆင်ထားတယ်လို့ သူကပြောပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ နိုင်ငံတကာအဖွဲ့တွေက ထိုင်းမြန်မာနယ်စပ် မြဝတီဘက်မှာရှိတဲ့ quarantine center တွေမှာ အချက်အလက် ကောက်ယူတာတွေလုပ်ပြီး ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ဆိုပါတယ်။
နေရပ်ပြန်အများစုက ထိုင်းကဖြစ်ပြီး ဧပြီလအတွင်း ပထမအသုတ် သောင်းနဲ့ချီပြန်လာတုန်းက COVID ရောဂါ ကန့်သတ်စောင့်ကြည့် စင်တာတွေအတွက် အစားအသောက်၊ ရေ၊ ဆေးဝါး ဒါတွေအတွက် အခက်အခဲဖြစ်ရတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကပြောပါတယ်။ အဲဒီနောက် WFP နဲ့ IMO လို ကုလအဖွဲ့အစည်းတွေက ပြည်နယ် အစိုးရနဲ့ ပူးပေါင်းကူညီခဲ့တယ်လို့ သူကပြောပါတယ်။

“တဖွဲ့တဖွဲ့နောက်မှာတော့ အဖွဲ့အစည်း ၂၀ လောက်တော့ ပါတယ်ခင်ဗျ။ food security ဘက်ကတော့ WFP က focal လုပ်ပေးတယ်။ ရောက်လာတယ်ဆို အိပ်ယာလိပ် ဒါက IOM နဲ့ချိတ်ဆက်ပြီး၊ IOM ကလည်း focal လုပ်ပေးတာပါ။ သူ့နောက်မှာ donar supplier တွေအကုန်ပါ ပါတယ်။ အဲလိုချိတ်ဆက်ပြီး လုပ်ထားတာ။ ဟိုမှာ လဝက ကနေ ပြစ်ဒဏ်ကျပြီးသား၊ အချုပ်ကျပြီးသား ပြန်လွှဲပေးတဲ့ဟာမျိုးဆိုရင်တော့ အဝတ်တထည် ကိုယ်တခုနဲ့လာတော့ အကုန်လုံး ကျနော်တို့က ဖြည့်ဆည်းပေးရတာ။။ နောက်ဆုံး ကားခကအစ အခမဲ့ စီစဉ်ပေးရပါတယ်။”

ထိုင်းနိုင်ငံမှာ ဧပြီလထက်စာရင် အခုနောက်ပိုင်း ကုန်ထုတ်လုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်လာပေမဲ့ ဈေးဝယ်စင်တာလို အလုပ်အကိုင်ပေးထားတဲ့ နေရာတွေကတော့ ပုံမှန်မဖြစ်သေးပါဘူး။ ကျန်းမာရေးစရိတ်အပြင် တခြားအထွေထွေ ကုန်ကျစရိတ်ကြောင့် ပြည်တွင်းပြန်လာချင်သူက များနေပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သား ၁၅၀,၀၀၀ လောက်ထပ်ပြီး ဝင်ရောက်လာနိုင်ခြေရှိတယ်လို့ ကုလထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

VOA

 

ျပည္ပျပန္အလုပ္သမားေတြ သီးျခားခြဲေစာင့္ၾကည့္ခ်ိန္ WFP စားနပ္ရိကၡာကူညီ
[/Unicode+Zawgyi]
တ႐ုတ္နယ္စပ္၊ ထိုင္းနယ္စပ္က ျပည္တြင္းျပန္ဝင္လာတဲ့ ျမန္မာလုပ္သားေတြကို COVID ေရာဂါကာကြယ္ေရးအတြက္ နယ္စပ္မွာ ကန႔္သတ္၊ ေစာင့္ၾကည့္ထားခ်ိန္ ကုလအဖြဲ႕အစည္းေတြက စားနပ္ရိကၡာအေထာက္အပံ့ေတြ ကူညီတဲ့ သတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပမွာပါ။

ျပည္ပေရာက္ ျမန္မာလုပ္သားေတြ အထူးသျဖင့္ ထိုင္းနဲ႔ တ႐ုတ္ႏိုင္ငံက ျပန္ဝင္လာမယ့္ ျမန္မာလုပ္သားေတြ နယ္စပ္က COVID ေရာဂါကန႔္သတ္ ေစာင့္ၾကည့္ေရးစခန္းမွာ ရွိေနခ်ိန္ စားဝတ္ေနေရး အေထာက္အပံ့ေတြ ေပးသြားမယ္လို႔ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ WFP က သတင္းထုတ္ျပန္ပါတယ္။

ျပန္ဝင္လာသူ ၁၅၀,၀၀၀ ေလာက္ရွိႏိုင္ၿပီး ထိုင္းေရာက္ျမန္မာေတြ အမ်ားစုျဖစ္ႏိုင္တယ္လို႔ WFP က ခန႔္မွန္းထားေၾကာင္း WFP ရဲ႕ ဆက္သြယ္ဆက္ဆံေရး အရာရွိ ဦးထက္ဦးလင္းက ေျပာပါတယ္။

“ျပန္ေရာက္လာမယ့္ ေနရပ္ျပန္လုပ္သား အားလုံးေပါင္း ၁၅၀,၀၀၀ ေလာက္ျပန္လာမယ္လို႔ မွန္းထားတာရွိတယ္။ ေနရပ္ျပန္လုပ္သား ၅၀,၀၀၀ ေလာက္ကို သူတို႔ရဲ႕ Quarantine ဝင္ေနတဲ့အခ်ိန္ ကာလ တေလွ်ာက္လုံးမွာ ထမင္းဟင္းေတြ ခ်က္ျပဳတ္ေကြၽးေမြးမယ္ဆိုရင္ အဲဒီအတြက္ ကုန္က်စရိတ္က အေမရိကန္ေဒၚလာ ၃.၇ သန္းေလာက္ ကုန္က်ပါမယ္ဗ်။”

WFP အေနနဲ႔ ျပန္ဝင္လာမယ့္ အေရအတြက္အေပၚမူတည္ၿပီး အစီအစဥ္ေတြေျပာင္းလဲ လုပ္ႏိုင္ဖို႔အတြက္လည္း ျပင္ဆင္ထားတယ္လို႔ သူကေျပာပါတယ္။ ျပည္ေထာင္စုအစိုးရအဖြဲ႕နဲ႔ ႏိုင္ငံတကာအဖြဲ႕ေတြက ထိုင္းျမန္မာနယ္စပ္ ျမဝတီဘက္မွာရွိတဲ့ quarantine center ေတြမွာ အခ်က္အလက္ ေကာက္ယူတာေတြလုပ္ၿပီး ျပည္နယ္အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္လို႔ဆိုပါတယ္။
ေနရပ္ျပန္အမ်ားစုက ထိုင္းကျဖစ္ၿပီး ဧၿပီလအတြင္း ပထမအသုတ္ ေသာင္းနဲ႔ခ်ီျပန္လာတုန္းက COVID ေရာဂါ ကန႔္သတ္ေစာင့္ၾကည့္ စင္တာေတြအတြက္ အစားအေသာက္၊ ေရ၊ ေဆးဝါး ဒါေတြအတြက္ အခက္အခဲျဖစ္ရတယ္လို႔ ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္ကေျပာပါတယ္။ အဲဒီေနာက္ WFP နဲ႔ IMO လို ကုလအဖြဲ႕အစည္းေတြက ျပည္နယ္ အစိုးရနဲ႔ ပူးေပါင္းကူညီခဲ့တယ္လို႔ သူကေျပာပါတယ္။

“တဖြဲ႕တဖြဲ႕ေနာက္မွာေတာ့ အဖြဲ႕အစည္း ၂၀ ေလာက္ေတာ့ ပါတယ္ခင္ဗ်။ food security ဘက္ကေတာ့ WFP က focal လုပ္ေပးတယ္။ ေရာက္လာတယ္ဆို အိပ္ယာလိပ္ ဒါက IOM နဲ႔ခ်ိတ္ဆက္ၿပီး၊ IOM ကလည္း focal လုပ္ေပးတာပါ။ သူ႔ေနာက္မွာ donar supplier ေတြအကုန္ပါ ပါတယ္။ အဲလိုခ်ိတ္ဆက္ၿပီး လုပ္ထားတာ။ ဟိုမွာ လဝက ကေန ျပစ္ဒဏ္က်ၿပီးသား၊ အခ်ဳပ္က်ၿပီးသား ျပန္လႊဲေပးတဲ့ဟာမ်ိဳးဆိုရင္ေတာ့ အဝတ္တထည္ ကိုယ္တခုနဲ႔လာေတာ့ အကုန္လုံး က်ေနာ္တို႔က ျဖည့္ဆည္းေပးရတာ။။ ေနာက္ဆုံး ကားခကအစ အခမဲ့ စီစဥ္ေပးရပါတယ္။”

ထိုင္းႏိုင္ငံမွာ ဧၿပီလထက္စာရင္ အခုေနာက္ပိုင္း ကုန္ထုတ္လုပ္ငန္းေတြ ပုံမွန္ျပန္ျဖစ္လာေပမဲ့ ေစ်းဝယ္စင္တာလို အလုပ္အကိုင္ေပးထားတဲ့ ေနရာေတြကေတာ့ ပုံမွန္မျဖစ္ေသးပါဘူး။ က်န္းမာေရးစရိတ္အျပင္ တျခားအေထြေထြ ကုန္က်စရိတ္ေၾကာင့္ ျပည္တြင္းျပန္လာခ်င္သူက မ်ားေနပါတယ္။ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၁၅၀,၀၀၀ ေလာက္ထပ္ၿပီး ဝင္ေရာက္လာႏိုင္ေျခရွိတယ္လို႔ ကုလထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

VOA

Read times
Rate this item
(0 votes)