What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Tuesday, 14 April 2020 18:35
အာဆီယံ အိမ်နီးနားချင်းများ ကိုဗစ်အခြေအနေ 14 April 2020
အာဆီယံတွင် ကိုဗစ်လူနာစုစုပေါင်း 21,000 ကျော်သို့ ရောက်ရှိ
ယနေ့တွင် အသစ်လူနာစုစုပေါင်း 1,188 ကျော် ဖြစ်ပွား ဖိလစိပိုင်တွင် ကူးစက်လူနာဦးရေ 5,000 ကျော်ဖြတ်ခဲ့ပြီ ဖြစ်ပြီး အင်ဒိုနီးရှားသည်လည်း မကြာခင် ကျော်ဖြတ်ရလိမ့်မည်။ စင်ကာပူသည် ရွှေ့ပြောင်းလုပ်သားများ ပေါင်းစုနေထိုင်သည့် အဆောင်တိုက်တာတွင် ကူးစက်ကုန်ကြခြင်းကို ရင်ဆိုင်ကိုင်တွယ် နေရဆဲ ဖြစ်သည်။ cluster အစုအဖွဲ့လိုက် ကူးစက်ခြင်း ဖြစ်ပွားသဖြင့် ယနေ့တွင် ကုူးစက်ခံ လူနာသစ် (386) ရှိသည်။ သို့ဖြစ်ရာ ယခင်ရက်များတုံးက ထိပ်ဆုံးတွင် ရောက်နေခဲ့ကြသော အင်ဒိုနီးရှား (282)နှင့်ဖိလစ်ပိုင် (291) တို့ထက် ပိုများသွားသည်။
မလေးရှာ (170) သည် ယနေ့တွင် ယမန်နေ့ကထက် အနည်းငယ် ပိုများသည်။ ထိုင်း သည် လူနာသစ်ဦးရေ (34) ဖြင့် ဆက်လက်နည်းပါးနေဆဲ ဖြစ်သည်။ အာဆီယံတွင် သေဆုံးဦးရေ စုစုပေါင်းသည် 1,000 နီးပါး ရှိလာပြီ ဖြစ်ပြီး ယနေ့ 87 သေဆုံးသည်။ အင်ဒိုနီးရှား (60)သည် ယနေ့အတွက် အမြင့်မားဆုံး ဖြစ်သည်။ ဖိလစ်ပိုင် (5),၊ မလေးရှား ၊ ထိုင်း (1)၊ စင်ကာပူ (1) သေဆုံးခဲ့သည်။ 
COVID.png
ကောင်းသည့်ဘက်ကို ကြည့်မည်ဆိုလျှင် ဒေသအတွက်စုစုပေါင်းပြန်နာလန်ထသူသည် 5,559 ရှိပြီး ဒေသတွင်းပြန်နာလန်ထ လူနာ ပျမ်းမျှနှုန်းထားသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ မပါဝင်ပါက 50% ရှိသည်။ ယင်းနှစ်နိုင်ငံတို့သည်လည်း သေဆုံးနှုန်း ကျဆင်းနေသည့် အလားအလာ ပြသနေသည်။
WHO 7:00PM GMT 14 April 2020
Read times Last modified on Tuesday, 14 April 2020 18:46
Rate this item
(1 Vote)