What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 September 2020 15:28

ရခိုင် က ရန်ကုန် ကို လေယာဉ်နဲ့ ပြန်လာသူ ငါးထောင်ကျော်မှာ တစ်ဝက်လောက် ဆက်သွယ်၍မရ

သြဂုတ် ၁၀ ရက် နောက်ပိုင်း ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို လေကြောင်းနဲ့ ပြန်ဝင်လာသူ (၅၄၀၉) ကိုအစိုးရက ဆက်သွယ်တဲ့အခါ ထက်ဝက်ကျော်ဖြစ်တဲ့ (၂၅၄၇) က ဖုန်းပြန်မဖြေဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

 

လက်ခံဖြေကြားခဲ့သူထဲက တချို့လည်း သက်ဆိုင်ရာကျန်းမာရေး ဌာနနဲ့ အုပ်ချုပ်ရေးဌာနများသို့ ဆက်လက်သတင်းပို့ခြင်း နဲ့ အသွားအလာကန့်သတ်ခြင်း လုပ်ငန်း တွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းစတဲ့ ရောဂါဆက်လက်မပြန့်ပွားစေရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှု အလွန်အားနည်းနေတာကို တွေ့တယ်လို့ ထုတ်ပြန်ထားတာပါ။

 

ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကုသရေးဦးစီးဌာနတို့က သြဂုတ် ၃၀ နဲ့ ၃၁ ရက် အတွင်း သူတို့ကို ကြိုးပမ်းဆက်သွယ်ခဲ့တဲ့အခြေအနေတွေ ထုတ်ပြန်လိုက်ပါတယ်။

 

ဆေးသုတေသနဦးစီးဌာနက ခရီးသွား (၃၀၄၃) ဦးကို ဖုန်းခေါ်ဆိုမှုပေါင်း (၆၀၈၈) ကြိမ် ခေါ်ဆိုရာမှာ ဖုန်းလက်ခံ ဖြေသူ ၁၄၆၆ ဦး ရှိခဲ့ပါတယ်။

 

သူတို့ထဲက ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးဌာနတွေကို ဆက်လက်သတင်းပို့သူ (၇၈၂) ဦး ရှိပြီး အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သူ (၆၆၁) ဦး ရှိပါတယ်။

 

ဒါပေမဲ့ ဖုန်းကိုင်ပြီး အချက်အလက် ပြန်မပြောခဲ့သူ (ဖုန်းချသွားခြင်း၊ ဖြေကြားရန်ငြင်းဆန်ခြင်း၊ ဖုန်းနံပါတ် မှားယွင်းနေသည်ဟုပြော၍ ထပ်မံဆက်သွယ်မရတော့ခြင်း) (၁၅၇၇) ဦး ရှိခဲ့ပါတယ်။

 

ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကုသရေးဦးစီးဌာနတို့က ခရီးသွား (၁၇၁၆) ကိုဆက်သွယ်ခဲ့ရာ ၇၄၆ ဦး က ဖုန်းဖြေခဲ့ပါတယ်။ သူတို့ထဲက သက်ဆိုင်ရာကို ၅၂၀ ဦး ကသတင်းဆက်ပို့ပြီး အသွားအလာကန့်သတ်ခြင်းလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သူ ၄၈၁ ဦး ရှိခဲ့ပါတယ်။

 

ဖုန်းဆက်သွယ်ခဲ့သူများအနက်မှ ဖုန်းချသွားခြင်း၊ ဖြေကြားရန် ငြင်းဆန်ခြင်း၊ ဖုန်းနံပါတ်မှားယွင်းနေသည်ဟုပြော၍ ထပ်မံဆက်သွယ်မရတော့ခြင်းမှာ ၉၇၀ ဦး ရှိခဲ့ပါတယ်။

 

ဒါ့အပြင် ဒီခရီးသွားလူစာရင်းကို နိုင်ငံပိုင်မီဒီယာတွေကတဆင့် ထုတ်ပြန်ပြီး သက်ဆိုင်ရာကိုမဆက်သွယ်ရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အ‌ရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားပါသေးတယ်။

 

ဘီဘီစီ မြန်မာပိုင်း

Read times
Rate this item
(0 votes)