What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 September 2020 12:54

မိမိနေအိမ်တွင်သာနေထိုင်ရန် စည်းကမ်းချက်မှ ခြွင်းချက်ဖြင့် ခွင့်ပြုသူဝန်ထမ်းများ ဖြည့်စွက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ စက်တင်ဘာလ၂၂ရက် ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

 

အဆိုပါ အမိန့်မှာ အပြည့်အစုံမှာ...

 

၁။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှု အချိန်တိုကာလအတွင်းများပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အားလုံး(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သည့်ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး(Stay At Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်းနှင့် လိုက်နာရမည့်စည်းကမ်းချက္များကို ၂၁-၉-၂၀၂၀ ရက်စွဲပါအမိန့်အမှတ် ၁၀၇/၂၀၂၀ ဖြင့်ကြေြငာခဲ့ပါသည်။

 

၂။အဆိုပါအမိန့်၏ အပိုဒ် ၃ အပိုဒ်ခွဲ (က)ပါ မိမိနေအိမ်တွင်သာနေထိုင်ရန် စည်းကမ်းချက္မှ ခြွင်းချက်ဖြင့် ခွင့်ပြုသူများတွင် အောက်ပါလုပ်ငန်းများမှ ဝန်ထမ်းများကို ဖြည့်စွက်လိုက်သည်။

 

(က)ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊စက်သုံးဆီအရောင်းဆိုင်များ၊စားသောက်ကုန်နှင့် သား၊ငါး အအေးခန်းလုပ်ငန်းများ၊ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊နေ့စဉ်တစ်ကိုယ်ရေသုံးပစ္စည်းထုတ်လုပ်သည့် စက်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများနှင့် ဆက်စပ်ဆောင်ရွက်ရသည့် လုပ်ငန်းများ၌ မဖြစ်မနေတာဝန်ထမ်းဆောင်သူများ။

 

(ခ)Refil Flight များ၊Cargo Flight များနှင့် အထူးစင်းလုံးငှားလေယာဉ်ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သော လေကြောင်းလိုင်းများ/အထွေထွေလေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ၊မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊လေယာဉ်ဆီဖြည့်တင်းရေးလုပ်ငန်း၊လေကြောင်းဖြင့် ကုန်စည်တင်သွင်း/တင်ပို့ခြင်းလုပ်ငန်း၊အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း(Flight Forwarder)ကုမ္ပဏီများ၊အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊လေယာဉ်တင် အစားအသောက် ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း၊လေယာဉ်ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်းလုပ်ငန်းမှ ဝန်ထမ်းများ။

 

(ဂ)ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် နိုင်ငံတကာမှ ကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် ပုဂ္ဂလိက ဆိပ်ကမ်းများ၊သင်္ဘောလိုင်းဌာနေကိုယ်စားလှယ်ရုံးများ၊အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း(Freight Forwarder)ကုမ္ပဏီများ၊အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းများ၊ဆိပ်ကမ်းပို့ကုန်/သွင်းကုန်သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ်၊ရေယာဉ်လုပ်ငန်းများ၊ကုန်းတွင်း ကုန်သေတ္တာစခန်းများ(Inland Container Depot)နှင့် ကုန်းတွင်းဆိပ်များ(Dry Port)ဝန်ထမ်းများ၊

 

(ဃ)ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် စာတိုက်ပို့ဆောင်မှုလုပ်ငန်း၊ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊အင်တာနက်ဝန်ဆောင်မှုများ(ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ဒေတာရောင်းချခြင်းများမပါ)၊တာဝါနှင့် ဖိုင်ဘာပြုပြင်ရေးဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်းများ...ဟူ၍ဖြစ်သည်။

Read times
Rate this item
(0 votes)