What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 15 July 2022 11:41

COVID-19 ရောဂါကြောင့် လူသေဆုံးမှုမှာ ၂၀၀,၀၀၀ ကျော်ရှိလာတဲ့ ဗြိတိန်နိုင်ငံ

COVID-19 ရောဂါကြောင့် လူသေဆုံးမှုမှာ ၂၀၀,၀၀၀ ကျော်ရှိလာတဲ့ ဗြိတိန်နိုင်ငံ LatestLY

ဗြိတိန်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ (COVID-19) ရောဂါကြောင့် လူသေဆုံးမှုမှာ ၂၀၀,၀၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ကြောင်း အမျိုးသားစာရင်းအင်းရုံးမှ နောက်ဆုံးရအချက်အလက်၌ ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံသည် ဇူလိုင် ၁၂ ရက်အထိ ဥရောပတိုက်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူသေဆုံးမှု အများဆုံးအနက် တစ်နိုင်ငံဖြစ်ကြောင်း Our World In Data မှ ကိန်းဂဏန်းများအရ သိရသည်။

telegram1.jpg

လက်ရှိမြန်မာနိုင်ငံမှာတော့ COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန် ဆောင်ရွက်လျက်ရှိပြီး (၁၃-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၄-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၂၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၁) ဦး တွေ့ရှိရပါသည်။

ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၁) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (8,4၄၂,၄၀၅) ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (613,7၈၄) ဦး ရှိပြီ ဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၂၁) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (592,၇၀၀) ဦး ရှိပြီဖြစ်ပါသနေ့ည်။

ယတွင်လည်း COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (19,434) ဦး ရှိပါသည်။

ရင်းမြစ် Xinhua / MOHS

#Myamnar Health Products Guide

telegram.jpg

Read times
Rate this item
(1 Vote)