What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 20 November 2018 11:39

ကိတ်ချင်၊ ထွားချင်သူတွေ စားပေးသင့်တဲ့ အစားအစာများ

ကျန်းမာရေးနဲ့ညီညွတ်ပြီး ကယ်လိုရီမြင့်မားစွာပါဝင်တဲ့ အစားအသောက်တွေပဲဖြစ်ပါတယ်။

(၁) ကြက်ဥ

ကြက်ဥကတော့ အားလုံးသိပြီးဖြစ်တဲ့ အတိုင်း အာဟာရဓာတ်တွေပြည့်လို့နေပါတယ်။ ကြက်ဥမှာပါတဲ့ ပရိုတင်းက ကျစ်လစ်တဲ့ ကြွက်သားတွေထွက်လာစေဖို့ အထောက်အကူဖြစ်စေပြီး သူ့မှာပါဝင်တဲ့ ဗိုက်တာမင်ဓာတ်တွေက ဟောမုန်းဓာတ်တွေကို မျှတစေပြီး ဆဲလ်လုပ်ဆောင်မှုတွေကို တိုးတက်စေကာ၊ အရိုးသိပ်သည်းမှုကို တိုးလာစေပါတယ်။

(၂) ချိစ် (cheese)

ချိစ် ဟာဆိုရင် ကယ်လိုရီကြွယ်ဝစွာပါဝင်တဲ့ နို့ထွက်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်က သင့်ကို ကြွက်သားတိုးလာစေပြီး အရိုးတွေကို သန်မာစေပါတယ်။


(၃) အဆီမထုတ်ထားတဲ့ နွားနို့

ဝိတ်တက်ဖို့ ကြိုးစားနေတဲ့ သူတွေအနေနဲ့ အဆီပြည့်ဝတဲ့ နွားနို့မှာပါဝင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်၊ သတ္ထုဓာတ်၊ နဲ့ ပရိုတင်းဓာတ်တွေက မရှိမဖြစ်ပဲ ဖြစ်ပါတယ်။


(၄) ကြက်ရင်ပုံ

သန်မာတဲ့ ကြွက်သားတည်ဆောက်မှုကို လှုံ့ဆော်ပေးမယ့် ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ကြက်ရင်ပုံ ကိုလည်း စားသုံးပေးသင့်ပါတယ်။


(၅) ငှက်ပျောသီး

ငှက်ပျောသီးမှာဆိုရင် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ ပရိုတင်းဓာတ်၊ ဗိုက်တာမင် A၊C နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တို့ ပြည့်ဝစွာပါဝင်ပါတယ်။ တစ်ရက်ကို ၁-၂ လုံး စားပေးပါက သင့်ကို စွမ်းအင်ပြည်ဝစေမှာဖြစ်ပြီး သက်လုံကောင်းစေကာ အရိုးများကိုလဲ သန်မာစေမှာဖြစ်ပါတယ်။


(၆) မြေပဲထောပတ် (Peanut Butter)

မြေပဲထောပတ် မှာ အမိုင်နိုအက်ဆစ် နဲ့ ပရိုတင်းဓာတ်ပြည့်ဝစွာပါဝင်ပါတယ်။ မြေပဲထောပတ်မှာပါဝင်တဲ့ အဆီက ကျန်းမာရေးနဲ့ သင့်တင့်စေပြီး သင့်ရဲ့ကြွက်သားနဲ့ အဆီတိုးလာစေဖို့ ကူညီပါတယ်။


(၇) ထောပတ်သီး

ဝိတ်တက်ချင်တာပဲဖြစ်ဖြစ်၊ ဝိတ်ကျချင်တာပဲဖြစ်ဖြစ် ထောပတ်သီးကို စားပေးသင့်ပါတယ်။ ထောပတ်သီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ဗိုက်တာမင် K,E,A,C နဲ့ B6, မဂ္ဂနီဆီယမ်, ပိုတက်ဆီယမ်, ဆိုဒီယမ် တို့ကြွယ်ဝစွာပါဝင်ပါတယ်။ တစ်ရက်ကို ထောပတ်သီးတစ်လုံးစားပေးမယ်ဆိုရင် ကိုယ်ခံအားကောင်းစေတဲ့ အပြင် ကိုယ်ခန္ဓာစွမ်းအားတိုးမြှင့်စေပြီး သင့်တော်တဲ့ အာဟာရဓာတ်တွေကြောင့် အသားအရေ တောက်ပလာစေမှာလည်းဖြစ်ပါတယ်။

(၈) Dark Chocolate

Dark Chocolate မှာဆိုရင် ကယ်လိုရီမြင့်မားစွာပါဝင်ပြီး antioxidants နဲ့ antidepressant တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ပေါင်အနည်းငယ်တိုးလာစေဖို့ အခြားသင့်လျော်တဲ့ အစားအစာတွေထဲမှာရောစားပေးလို့လည်းရပါတယ်။


(၉) အဆီဓာတ်ကြွယ်ဝတဲ့ ငါး

ဆာမွန်ငါး၊ ငါးမည်းလုံး(tuna)၊ နဲ့ ငါးကြီးဆီထုတ်ယူရတဲ့ ပင်လယ်ငါးကြီးတို့မှာဆိုရင် သွေးထဲတွင် ကိုလက်စထရော ဖြစ်ပေါ်မှုကို အားမပေးတဲ့ fatty acid ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါ၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါ တို့ကိုကာကွယ်ပေးပါတယ်။ muscle တိုးလာစေဖို့ လိုအပ်တဲ့ protein နဲ့ minerals တွေကြွယ်ဝစွာပါဝင်ပါတယ်။

(၁၀) ဒိန်ချဉ် (Full-fat Yogurt)

weight gain အတွက်ဆိုရင် ဒိန်ချဉ်ကလဲ အကောင်းဆုံးထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လေ့လာတွေ့ရှိချက်တွေအရ ဒိန်ချဉ်စားသုံးပေးခြင်းက depression ကိုတိုက်ထုတ်ဖို့ကူညီပေးပါတယ်။

Source:ChelmoTeam

အလှအပအတွက် ဘက်စုံအသုံးဝင်တဲ့ ရှားစောင်းလက်ပပ်

Read times
Rate this item
(1 Vote)