What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 April 2018 15:18

သင်္ကြန်မှာ ပျက်စီးသွားတဲ့ ဆံသားတွေကို သဘာဝနည်းအတိုင်း ပြန်လည်ထိန်းသိမ်းနည်း

သင်္ကြန်မှာ ပျက်စီးသွားတဲ့ ဆံသားတွေကို သဘာဝနည်းအတိုင်း ပြန်လည်ထိန်းသိမ်းနည်း google.com

နေရောင်ခြည်ကနေ ဗီတာမင်ဒီကို ရရှိနိုင်ပေမဲ့ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကတော့ ဆံသားရော အသားအရေကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

သင်္ကြန်ကြောင့် ဆံသားတွေ နေလောင်ပျက်စီး ကြမှာ အမှန်ပါပဲ။ ပျက်စီးသွားတဲ့ ဆံသားတွေကို သဘာဝနည်းအတိုင်းပေါင်းတင်လို့ရနိုင်မည့်နည်းလမ်းလေး ပြောပြပေးချင်ပါတယ်။

နေရောင်ခြည်နဲ့ တိုက်ရိုက်တာရှည်ထိတွေ့တဲ့ဆံသားတွေဟာ ကြမ်းတမ်း၊ ခြောက်သွေ့ပြီး အရောင်တွေ ပြောင်းတာ၊ အဖျားနှစ်ခွဖြစ်တာ တွေတောင်ဖြစ်ပွားနိုင်ပါတယ်။

အသုံးပြုရမည့်နည်းလမ်းလေးကတော့

အုန်းဆီ နဲ့လက်ဖက်ခြောက်

လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ အုန်းဆီလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ ကို ရောစပ်ပြီးစက္ကန့် ၃၀ လောက်အပူပေးပါ။ ပြီးရင်အအေးခံပြီး ဦးရေပြားပေါ်မှာ လူးပေးပါ။ မိနစ် ၄၀ လောက်ထားပြီး ရေနွေးကြတ်သီးနွေးနဲ့ ရှမ်ပူသုံးပြီး ခေါင်းလျှော်ချလိုက်ပါ။ ဆံသားတွေကြမ်းထော် ပျက်စီးနေတာကို သက်သာသွားစေမှာပါ။

လက်ဖက်ဆီနဲ့ ရှားစောင်းလက်ပပ်

လက်ဖက်ဆီသုံး-လေးစက်ကို ရှားစောင်းလက်ပပ်အနှစ် လက်ဖက်ရည်ဇွန် ၂ ဇွန်းစာနဲ့ ရောစပ်လိုက်ပါ။ ပြီးလျှင် ခေါင်းမှာနှံ့နေအောင် လူးပြီး တစ်နာရီလောက်နှပ်ထားပေးလိုက်ပါ။ ရေခပ်နွေးနွေးလေးနဲ့ ရှမ်ပူတစ်ခုခု သုံးပြီး ဆေးချလိုက်ပါ။ ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပြန်လည်ရရှိစေမှာပါ။

ဗီတာမင်အီးနဲ့ ကြက်ဥအကာ

ကြက်ဥအကာထဲကို ဗီတာမင် အီးတစ်လုံးညှစ်ထည့်ပြီး နှံ့အောင်မွှေပါ။ ဆံပင်အဖျားကနေ အရင်းအထိလူးပေးလိုက်ပါ။ တစ်နာရီထားပြီး ခေါင်းလျှော်ချလိုက်ပါ။ ဦးရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဆံပင်ကို ကျန်းမာသန်စွမ်းစေပါလိမ့်မယ်။

Almond ဆီနဲ့ ထောပတ်သီး

အယ်လ်မွန်ဆီနဲ့ ထောပတ်သီးလက်ဖက်ရည်တစ်ဇွန်းစာကို ရောစပ်လိုက်ပါ။ ဦးရေပြားကို နှံ့စပ်အောင် လူးပေးပြီး မိနစ် ၃၀ ကနေ ၄၀ ကြာထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးခပ်နွေးနွေးလေးနဲ့ ကြိုက်နှစ်သက်ရာ ရှမ်ပူကို အသုံးပြုပြီး လျှော်ချလိုက်ပါ။ ဆံပင်ကို အဖျားကနေ အရင်းအထိလိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့် စွမ်းပေးပြီး နေရောင်ကြောင့် ပျက်စီးသွားတဲ့ ဆံသားတွေကို အကောင်းဆုံးပြုပြင်ပေးနိုင်ပါလိမ့်မယ်။

အထက်ပါနည်းလေးတွေအတိုင်း လုပ်ကြည့်မယ်ဆိုရင် သင်္ကြန်မှာ ပျက်စီးသွားတဲ့ ဆံသားတွေကို ပြန်လည်ထိန်းသိမ်း ပေးနိုင်ပါတယ်။

Read: မျက်နှာပေါ်မှာ သခွားသီးကပ်ပေးခြင်း၏ အကျိုးကျေးဇူးများ

Related image

Read times Last modified on Tuesday, 24 April 2018 15:25
Rate this item
(0 votes)