What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 08 June 2018 10:23

အသက်ငယ်ရွယ်စဉ်ဆံပင်ဖြူခြင်းမှ ကင်းဝေးစေရန်

အသက်ငယ်ရွယ်စဉ်ဆံပင်ဖြူခြင်းမှ ကင်းဝေးစေရန် Google.com

၁။ခေါင်းလျှော်ရည်တစ်မျိုးထဲကိုသာသုံးပါ။

ဆံပင်ဖြူခြင်းကာကွယ်ဖို့အတွက်အခြေခံအကျဆုံးကတော့မိမိဆံသားနဲ့ကိုက်ညီတဲ့ခေါင်းလျှော်ရည် တစ်မျိုးထဲကိုစွဲသုံးတာပဲဖြစ်ပါတယ်။မိမိဆံသားနဲ့အဆင်ပြေတဲ့ခေါင်းလျှော်ရည်ရှိနေရင်တော့တစ်ခြား ဟာတွေပြောင်းပြီးစမ်းသုံးကြည့်တာမျိုးမလုပ်သင့်ပါဘူး။ ခေါင်းလျှော်ရည်တွေတစ်မျိုးပြီးတစ်မျိုးပြောင်း သုံးတာဟာဆံသားကို ထိရောက်တဲ့ အကျိုးမရရှိစေတဲ့ အပြင်ဆံပင်ဖြူတာကိုလည်း အားပေးပါတယ်။

 

၂။ကုလားဆီးဖြူသီးအသုံးပြုပါ။

ကုလားဆီးဖြူသီးဟာအရွယ်မတိုင်ခင်ဆံပင်ဖြူပေါက်တာနဲ့ဆံပင်ကျွတ်တာမှကာကွယ်ပေးနိုင်ပါတယ်။ အိန္ဒိယ ဆီးဖြူသီးကို ပါးပါးလှီးကာနှစ်ရက်ခန့်နေပူလှန်းပြီးရင်အုန်းဆီထည့်ကာ အပူပေးပါ။ခေါင်းမလျှော်ခင်တစ်ည လောက်ကြိုတင်ပြီးဦးရေပြားကိုနှံ့စပ်အောင်လိမ်းကာ မနက်ရောက်မှလျှော်ပါ။ဒါမှမဟုတ် အိန္ဒိယဆီးဖြူသီးအပိုင်းအစလေးတွေကို ရေနွေးထဲထည့်ပြုပ်ပြီး အအေးခံကာအဲဒီရေနဲ့ခေါင်းဆေးလို့ရပါတယ်။

 

၃။ဆီပုံမှန်လိမ်းပါ။

အုန်းဆီဒါမှမဟုတ်မိမိလိမ်းနေကျဆီကိုတစ်ပတ်နှစ်ကြိမ်မှသုံးကြိမ်လိမ်းပေးပါ။ဆီပုံမှန်လိမ်းတာဟာ ဆံသားကို ကျန်းမာသန်စွမ်းနေစေတဲ့အပြင်အရွယ်မတိုင်ခင်ဆံပင်ဖြူတာကြောင့် စိတ်ညစ်ရတာတွေမှလည်းသက်သာစေပါတယ်။ 

 

၄။ကော်ဖီနှင့်အဆီပါဝင်မှုများသောအစာများကိုရှောင်ပါ။

ကော်ဖီ၊အရက်၊အဆီများတဲ့အစာတွေကိုအလွန်အကျွံစားသောက်ခြင်းမှရှောင်ရပါမယ်။အကယ်လို့ စားကျင့်ရှိနေရင်တောင်အနည်းငယ်လျော့စားပေးပါ။တချို့အစားအစာတွေဟာဆံသားအတွက်လိုအပ် တဲ့အစိုဓာတ်ကိုဆိုးရွားစွာလျော့နည်းစေတာကြောင့်ဆံပင်ဖြူမြန်စေပါတယ်။


source: "lyhealthcare"

{Zawgyi}

======

၁။ေခါင္းေလွ်ာ္ရည္တစ္မ်ိဳးထဲကိုသာသုံးပါ။

ဆံပင္ျဖဴျခင္းကာကြယ္ဖို႔အတြက္အေျခခံအက်ဆုံးကေတာ့မိမိဆံသားနဲ႔ကိုက္ညီတဲ့ေခါင္းေလွ်ာ္ရည္ တစ္မ်ိဳးထဲကိုစြဲသုံးတာပဲျဖစ္ပါတယ္။မိမိဆံသားနဲ႔အဆင္ေျပတဲ့ေခါင္းေလွ်ာ္ရည္ရွိေနရင္ေတာ့တစ္ျခား ဟာေတြေျပာင္းၿပီးစမ္းသုံးၾကည့္တာမ်ိဳးမလုပ္သင့္ပါဘူး။ ေခါင္းေလွ်ာ္ရည္ေတြတစ္မ်ိဳးၿပီးတစ္မ်ိဳးေျပာင္း သုံးတာဟာဆံသားကို ထိေရာက္တဲ့ အက်ိဳးမရရွိေစတဲ့ အျပင္ဆံပင္ျဖဴတာကိုလည္း အားေပးပါတယ္။

 

၂။ကုလားဆီးျဖဴသီးအသုံးျပဳပါ။

ကုလားဆီးျဖဴသီးဟာအ႐ြယ္မတိုင္ခင္ဆံပင္ျဖဴေပါက္တာနဲ႔ဆံပင္ကြၽတ္တာမွကာကြယ္ေပးႏိုင္ပါတယ္။ အိႏၵိယ ဆီးျဖဴသီးကို ပါးပါးလွီးကာႏွစ္ရက္ခန႔္ေနပူလွန္းၿပီးရင္အုန္းဆီထည့္ကာ အပူေပးပါ။ေခါင္းမေလွ်ာ္ခင္တစ္ည ေလာက္ႀကိဳတင္ၿပီးဦးေရျပားကိုႏွံ႔စပ္ေအာင္လိမ္းကာ မနက္ေရာက္မွေလွ်ာ္ပါ။ဒါမွမဟုတ္ အိႏၵိယဆီးျဖဴသီးအပိုင္းအစေလးေတြကို ေရေႏြးထဲထည့္ျပဳပ္ၿပီး အေအးခံကာအဲဒီေရနဲ႔ေခါင္းေဆးလို႔ရပါတယ္။

 

၃။ဆီပုံမွန္လိမ္းပါ။

အုန္းဆီဒါမွမဟုတ္မိမိလိမ္းေနက်ဆီကိုတစ္ပတ္ႏွစ္ႀကိမ္မွသုံးႀကိမ္လိမ္းေပးပါ။ဆီပုံမွန္လိမ္းတာဟာ ဆံသားကို က်န္းမာသန္စြမ္းေနေစတဲ့အျပင္အ႐ြယ္မတိုင္ခင္ဆံပင္ျဖဴတာေၾကာင့္ စိတ္ညစ္ရတာေတြမွလည္းသက္သာေစပါတယ္။

 

၄။ေကာ္ဖီႏွင့္အဆီပါဝင္မႈမ်ားေသာအစာမ်ားကိုေရွာင္ပါ။

ေကာ္ဖီ၊အရက္၊အဆီမ်ားတဲ့အစာေတြကိုအလြန္အကြၽံစားေသာက္ျခင္းမွေရွာင္ရပါမယ္။အကယ္လို႔ စားက်င့္ရွိေနရင္ေတာင္အနည္းငယ္ေလ်ာ့စားေပးပါ။တခ်ိဳ႕အစားအစာေတြဟာဆံသားအတြက္လိုအပ္ တဲ့အစိုဓာတ္ကိုဆိုး႐ြားစြာေလ်ာ့နည္းေစတာေၾကာင့္ဆံပင္ျဖဴျမန္ေစပါတယ္။

 

source: "lyhealthcare"

Read times Last modified on Friday, 03 January 2020 15:37
Rate this item
(1 Vote)