What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 13 June 2020 02:09

ကျန်းမာသန်စွမ်းတဲ့ ဘော်ဒီမျိုး ရဖို့ဆိုရင်

အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် မျက်နှာလေးတစ်ကွက် ကြည်ကောင်းအဆင်ပြေနေရုံနဲ့ မလုံလောက်ပါဘူး။

 

အရှေ့ကကြည်ကြည် အနောက်ကကြည်ကြည် ကျန်းမာသန်စွမ်းမှုကို ပုံဖော်ပေးနိုင်တာက ခန္ဓာကိုယ်အလှပါ။ အခုဆိုရင် ပိန်ပိန်ပါးပါးကိုယ်အလှထက် ကျန်းမာသန်စွမ်းပြီး ကျစ်လျစ်တဲ့ တောင့်တောင့်တင်းတင်း ဘော်ဒီမျိုးက ပိုခေတ်စားလို့ လာပါပြီ။ ဒီတော့ ကျန်းမာရေးအတွက် သာမက ဘော်ဒီဗြူတီအတွက်ပါ အမြန်ထိရောက် အကျိုးရှိစေတဲ့ ကျွမ်းကျင်ပညာရှင်တွေဆီက အကြံဉာဏ်ကောင်း နည်းကောင်းလေး တွေကို စုစည်းဝေမျှလိုက်တယ်နော်။

 

ကြွက်သား လေ့ကျင့်ခန်းနဲ့ Cardio လေ့ကျင့်ခန်း

သင့်အနေနဲ့ ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းနဲ့ Cardio လေ့ကျင့်ခန်းတွေကို ခွဲလုပ်နေမိတယ်ဆို အခုဘဲပေါင်းလုပ်လိုက်ပါ။ ဒီနှစ်ခုကို ပေါင်းလုပ်လိုက်တဲ့အခါမှာ သင့်ကို ပိုပြီးထိရောက်မှုရှိစေမှာတော့ အမှန်ပါဘဲ။ အဆီပိုတွေလည် ကျပြီး ကြွက်သားတွေလည်း ကျစ်ကျစ်လစ်လစ်နဲ့ အမိုက်စား ဘော်ဒီကို ရနိုင်စေမှာ အသေချာပါဘဲ။

 

အားကစားနည်း အမျိုးမျိုး
သင့်အနေနဲ့ ပုံသေကစားတာထက် ကစားနည်းအမျိုးမျိုးကို အလှည့်ကျ ကစားတာက ပိုပြီး ထိရောက်မှု ရှိပါတယ်။ ပုံသေကစားနည်းတွေကိုပဲ လေ့ကျင့်နေရင် ဘော်ဒီ အသားကျပြီး သိပ်ပြီး အကျိုးသက်ရောက်မှု မရှိတော့ပါဘူး။ ဒါကြောင့် ကစားနည်း အမျိုးမျိုး လှည့်ကစားပေးသင့်ပါတယ်။ ဒီနည်းလမ်းက သင့်ခန္ဓာကိုယ်မှာ ရှိတဲ့ ကယ်လိုရီတွေကို လျင်လျင်မြန်မြန်လောင်ကျွမ်းစေနိုင်ပြီး ကြွက်သားတွေကိုလည်း ကျစ်လစ်လာစေမှာလည်းဖြစ်ပါတယ်။

 

တကိုယ်လုံးကြွက်သား

ယောက်ျားလေး အများစုက ခန္ဓာကိုယ်အပေါ်ပိုင်းကို ပိုပြီးကစားလေ့ရှိပါတယ်။ များသောအားဖြင့် ခန္ဓာကိုယ် တစ်ခုလုံးကို အချိုးကျကျ ကစားတယ်ဆိုတာက အလွန်ကို နည်းပါတယ်။ ဒါကြောင့် ခြေထောက် ၊ လက်မောင်း ၊ တင်ပါး ၊ ကျော ၊ ဗိုက် ၊ ပခုံး ၊ ရင်ဘက်နဲ့ ပေါင် ကြွက်သား အားလုံးအတွက်ပါ ကစားပေးသင့်ပါတယ်။

 

ပြည့်ဝနေပါစေ

လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ထားတဲ့ ခန္ဓာကိုယ်ဟာ အားအင်ကုန်ခန်းလာပြီးမို့ ပြန်လည်အားဖြည့်ပေးဖို့ လိုပါတယ်။ ဒါကြောင့် ကာယ အားကစားပညာရှင်တွေနဲ့ တိုင်ပင်ပြီး အစာကို ဘယ်လို စားသုံးရမလဲ ၊ ဘာတွေကို ဆင်ခြေရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကြံဉာဏ်တောင်းပါ။ ဒါက အစားအစာကို မြင်မြင်သမျှ အလွန်အကျွံ စားတာမျိုးကနေကို သင့် ဟန့်တားပေးနိုင်မှာလည်း ဖြစ်ပါတယ်။

 

Diet ပြုလုပ်ပါ

သင့်ဘော်ဒီကို တကယ်ပြောင်းလဲ စေချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ လေ့ကျင့်ခန်းတစ်ခုထဲကိုပဲ ပြုလုပ်နေလို့ မရပါဘူး။ Diet ပြုလုပ်ဖို့ လိုပါတယ်။ ဆိုလိုတာက သင်စားနေတဲ့ အစားအစာထဲက ကယ်လိုရီနဲ့ အဆီ ပိုတတ်စေတဲ့ အရာတွေကို လျှော့စားရမှာပါ။ ကယ်လိုရီ စားသုံးမှု ပမာဏကို လျှော့လိုက်တာနဲ့ ကိုယ်အလေးချိန်လျှော့ကျပြီး အဆီတွေနဲ့ ဖုံးနေတဲ့ ကြွက်သားတွေကို ပေါ်လာစေမှာ ဖြစ်ပါတယ်။

 

ကဲ…ဒီလောက်ဆို သင့်အနေနဲ့ ခန့်ညာလှပတဲ့ ဘော်ဒီ တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် သင့် ဘာတွေကို လုပ်ရမလဲဆိုတာ သိလောက်မယ်ထင်ပါတယ်။

Health Products Directory

Read times
Rate this item
(0 votes)