What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 17 June 2019 15:15

နှာခေါင်း နှင့် မေးစေ့တဝိုက်က ဆားဝက်ခြံတွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်းများ

အသားအရေ ခြောက်သူတွေနဲ့ အဆီပြန်သူတွေမှာ ဆားဝက်ခြံတွေ အဖြစ်များပြီး ဆားဝက်ခြံတွေဟာ နှာခေါင်းနဲ့ မေးစေ့တဝိုက်မှာ အများဆုံးဖြစ်လေ့ ရှိပါတယ်။

ဆားဝက်ခြံတွေကို ညှစ်တဲ့အခါ ပိုမိုပွားလာတတ်ပြီး အခြေအနေဆိုးလာရင်တော့ ချွေးပေါက်ကျယ်တာ၊ နှာခေါင်းထိပ်မှာ အမည်းစက်တွေ များလာတာမျိုးအထိ ဖြစ်တတ်တာကြောင့် ဆားဝက်ခြံတွေကို ရှင်းလင်းပေးနိုင်မယ့် နည်းလမ်းတွေ ဖော်ပြပေးချင်ပါတယ်။

 

သခွားသီးနဲ့ သကြား

ခပ်ပါးပါး လှီးထားတဲ့ သခွားသီးစိတ်ပေါ်ကို သကြား အနည်းငယ်ဖြူးပြီး ဆားဝက်ခြံတွေရှိတဲ့ နှာခေါင်းနဲ့ မေးစေ့ တဝိုက်ကို ပွတ်ပေးရမှာ ဖြစ်ပါတယ်။ သကြားတွေ အရည်ပျော်သွားတဲ့အထိ ပွတ်ပေးပြီးတဲ့အခါ ရေနဲ့ ပြန်လည် ဆေးကြောပေးရမှာပါ။

 

ကြက်ဥအကာနဲ့ သံပရာသီး

ကြက်ဥတလုံးရဲ့ အကာနဲ့ သံပရာရည် လက်ဖက်ရည်ဇွန်း တဇွန်းခန့်ကို ရောစပ်ပြီး နှာခေါင်းနဲ့ မေးစေ့တဝိုက်ကို လိမ်းကျံပေးပါ။ ၁၅ မိနစ်ခန့် ထားပြီးရင်တော့ ရေနဲ့ ပြန်လည် ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ဆားဝက်ခြံတွေအပြင် ဝက်ခြံတွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။

 

 

သစ်ကြံပိုးခေါက်နဲ့ ပျားရည်

သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တဇွန်းစာကို ပျားရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်နဲ့ ရောစပ်ပြီး ဆားဝက်ခြံရှိတဲ့ နှာခေါင်းနဲ့ မေးစေ့တဝိုက်ကို လိမ်းကျံပေးပါ။ မိနစ် ၂၀ ခန့် ထားပြီးရင်တော့ ရေခပ်နွေးနွေးနဲ့ ပြန်လည် ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

 

သံပရာရည်

သံပရာရည် အနည်းငယ်ကို ဂွမ်းစနဲ့ ဆွတ်ပြီး ဆားဝက်ခြံတွေပေါ်ကို သုတ်လိမ်းပေးခြင်းဟာလည်း သက်သာ ပျောက်ကင်းစေပါတယ်။

 

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တဇွန်းစာကို ရေနဲ့ ခပ်ပျစ်ပျစ် အနေအထားရအောင် ရောစပ်ပြီး လိမ်းကျံပေးခြင်းကလည်း ဆားဝက်ခြံတွေကို ပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။

 

Source : burma.irrawaddy

Read times
Rate this item
(0 votes)