What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 19 June 2017 11:06

မိတ်ကပ်မလိုဘဲ ပင်ကိုယ်အလှပေါ်လွင်အောင် လုပ်ဆောင်နိုင်သော နည်းလမ်းကောင်းများ

မိတ်ကပ်မလိုဘဲ ပင်ကိုယ်အလှပေါ်လွင်အောင် လုပ်ဆောင်နိုင်သော နည်းလမ်းကောင်းများ Google.com

၁. ရေများများသောက်ပါ။

ရေဓာတ်ပြည့်ဝနေတဲ့အသားအရေလေးဟာ မိန်းကလေးတစ်ယောက်ရဲ့ အလှအပကို သဘာဝအတိုင်း ပေါ်လွင်စေပါတယ်။

ထို့ကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်သောက်ပေးခြင်းက မိတ်ကပ်တွေရဲ့ အကူအညီမပါဘဲ လှပဖြူဝင်းတဲ့အသားအရေကို ပိုင်ဆိုင်စေနိုင်ပါတယ်။

၂. အသားအရေကို ချေးချွတ်ပါ။

ရေချိုးတဲ့အချိန် ဆပ်ပြာတိုက်ခြင်းက ခန္ဓာကိုယ်ပေါ်က အညစ်အကြေးများအားလုံးကို ပြောင်စင်အောင် သန့်စင်မပေးနိုင်ပါဘူး။ ထို့ကြောင့် သန့်ရှင်းကြည်လင်ပြီး လှပတဲ့ အသားအရေလေး ပိုင်ဆိုင်ဖို့ ခန္ဓာကိုယ်ကို ပုံမှန်ချေးချွတ်ပေးသင့်ပါတယ်။

READ - အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုး (၇) ခု

၃. အုန်းဆီလိမ်းပါ။

သဘာဝအုန်းဆီစစ်စစ်ဟာ အလှဆီတွေထက် များစွာ ကောင်းမွန်ပါတယ်။

အုန်းဆီပုံမှန်လိမ်းပေးခြင်းက အသားအရေကို နူးညံ့စေပြီး တောက်ပဖြူဝင်းစေပါတယ်။ သဘာဝပစ္စည်း စစ်စစ်ဖြစ်ကြောင့် ဓာတ်မတည့်မှာကိုလည်း မပူရပါဘူး။

၎. အသားအရေကို အစိုဓာတ်ဖြည့်ပေးပါ။

အစိုဓာတ်ပြည့်ပြီး နူးညံ့တဲ့အသားအရေလေး ပိုင်ဆိုင်ထားသူများအတွက်ကတော့ ဘာမိတ်ကပ်မှ ထပ်ပြီး လိမ်းခြယ်နေစရာ မလိုတော့အောင် လှပနေပါတယ်။ ထို့ကြောင့် အသားအရေလေး အမြဲတမ်းစိုပြေနေအောင် အစိုဓာတ်ထိန်းခရင်မ်ကို နေ့တိုင်းလိမ်းပေးသင့်ပါတယ်။

၅. မျက်ခုံးမွှေးကို ပုံသွင်းပါ။

မိတ်ကပ်မပြင်ဘဲ သဘာဝအတိုင်း လှနေချင်ရင်တော့ မျက်ခုံးမွှေးကို မေ့ထားလို့ မရပါဘူး။ မျက်ခုံးဆိုးဆေးမသုံးဘဲနဲ့ လှပတဲ့ မျက်ခုံးလေးတစ်စုံ ပိုင်ဆိုင်ဖို့ ရိတ်တာပဲဖြစ်ဖြစ်၊ နှုတ်တာပဲဖြစ်ဖြစ် ပုံစံကျအောင် ပုံသွင်းသင့်ပါတယ်။

၆. မျက်လုံးအလှကို ပေါ်လွင်စေမယ့် အ၀တ်အစားအရောင်ကို ရွေးချယ်ဝတ်ဆင်ပါ။

မိမိရဲ့ မျက်ဝန်းအရောင်နဲ့ လိုက်ဖက်တဲ့ အ၀တ်အစားအရောင်ကို ရွေးချယ်ဝတ်ဆင်တာကလည်း မျက်ဝန်းတွေရဲ့အလှကို သဘာဝအတိုင်း ပေါ်လွင်ထင်ရှားစေပါတယ်။

၇. နှုတ်ခမ်းနီအကြည်ဘူးလေးကို အမြဲဆောင်ထားပါ။

နှုတ်ခမ်းလေးတွေ နုထွေးပြီး လှပနေဖို့ အရောင်ပါတဲ့ နှုတ်ခမ်းနီကို တကူးတက ဆိုးစရာမလိုပါဘူး။ နှုတ်ခမ်းသားကို အားဖြည့်ပေးတဲ့ နှုတ်ခမ်းနီအကြည်တောင့်လေးတွေက သဘာဝအတိုင်း လှပရွှန်းစိုတဲ့ နှုတ်ခမ်းသားလေးတွေကို ပိုင်ဆိုင်စေမှာပါ။

READ - ဂျင် (Gym) မကစားဘဲ ကိုယ်အလေးချိန် လျော့ချနည်း

Source: gandawin

Read times Last modified on Monday, 19 June 2017 11:12
Rate this item
(2 votes)