What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 March 2020 10:25

မျက်စိရေတိမ် ဖြစ်ပေါ်လာရခြင်းအကြောင်း သိကောင်းစရာ

မျက်စိရေတိမ် ဖြစ်ပေါ်ခြင်းက မျက်စိအတွင်းရှိ အာရုံကြောများထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာပါတယ်။

ရေတိမ်ခြင်းကို လျှင်မြန်စွာကုသမှု မခံယူပါက မျက်လုံးအမြင်အာရုံများကို ဆုံးရှုံးစေပါတယ်။ ရေတိမ်ခြင်းက အမျိုးအစားနှစ်မျိုးရှိပါတယ်။

 

ထောင့်ပွင်ရေတိမ် နဲ့ ထောင့်ပိတ်ရေတိမ်ဆိုပြီး ထောင့်ပွင်ရေတိမ်ကို အများဆုံးဖြစ်ပွားလေ့ရှိ ကြပါတယ်။ မျက်လုံးရေတိမ်ခြင်းက အသက် ၄၀ ကျော်နောက်ပိုင်းတွင် အများဆုံးဖြစ်ပေါ်တတ်တဲ့ ဝေဒနာတစ်ခုလည်း ဖြစ်ပါတယ်။

 

ထောင့်ပိတ်ရေတိမ်ခြင်း လက္ခဏာများက အလင်းမှိန်သောနေရာများတွင် ခေါင်းအလွန်ကိုက်တာ၊ ပျိူ့တာ၊ အန့်တာ၊ အမြင်ေ၀ဝါးတာ၊ မျက်လုံးနီတာ များဖြစ်ပေါ်စေနိုင်ပါတယ်။

 

Manufacturers & Distributors (တိုင်းရင်းဆေးဝါး ထ/လ လုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for တိုင်းရင်းဆေးဝါး

 

ထောင့်ပွင့်ရေတိမ်က မျက်လုံးထဲရှိပြွန်ကောင်း သော်လည်း အရည်စီးဆင်းမှု လျော့နည်းခြင်းကြောင့် ဖြစ်ပေါ်လာပြီး လက္ခဏာက အရာဝတ္ထုများကို ကြည့်သောအချိန်များတွင် မျက်လုံးအလယ်တွင် အစက်အပျောက်များမြင်ရတာ နဲ့ အချိန်ကြာလာသောအခါ မျက်လုံးဘေးဖက်မြင်နိုင်စွမ်း လျော့ကျတာ များကိုဖြစ်ပေါ်စေနိုင်ပါတယ်။

 

အသက်၄၀ ကျော်သူ၊ မျက်လုံးဖြင့် ကြာရည်အလုပ်လုပ်သူများ ၊ မျိုးရိုးရှိသူများ၊ အနီးမှုန် ၊အဝေးမှုန်သူများ ၊ အမြင်အာရုံကြော ချို့ယွင်းသူများ၊ သွေးတိုး ၊ ဆီးချိုသွေးချို ၊ နှလုံးရောဂါရှိ သူများက များဆုံးဖြစ်ပွားနိုင်ပါတယ်။

 

မျက်စိရေတိမ်ခြင်းကို ဆေးဖြင့်ကုသတာ ၊ ခွဲစိတ်ကုသတ၊ လေဆာသုံးပြီး ခွဲစိတ်တာ ၊ အမြင်အာရုံကြောကောင်းမွန်စေတဲ့ဆေးများ သောက်သုံးတာခြင်းကို ဆရာဝန်ရဲ့ စမ်းသပ် စစ်ဆေးမှုအတိုင်း လိုက်နာကာ ကုသမှုခံယူပါ။ ဒါအပြင် မျက်လုံးကိုကျန်းမာစေတဲ့ ဆေးများ၊ အသီးအရွကများ စားသုံးပေးခြင်းဖြင့် မျက်လုံးရေတိမ်ခြင်းကို သက်သာစေနိုင်ပါတယ်။

Written By Health Products Directory


(Zawgyi)

=====


 


 


 

ထောင့်ပိတ်ရေတိမ်ခြင်း လက္ခဏာများက အလင်းမှိန်သောနေရာများတွင် ခေါင်းအလွန်ကိုက်တာ၊ ပျို့တာ၊ အန့်တာ၊ အမြင်ေ၀၀ါးတာ၊ မျက်လုံးနီတာ များဖြစ်ပေါ်စေနိုင်ပါတယ်။

 


Image result for တိုင်းရင်းဆေးဝါး

 


 


 



Read times Last modified on Friday, 06 March 2020 17:47
Rate this item
(1 Vote)