What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 January 2020 15:34

အရည်အိတ် အလုံး၊ အဖုများနှင့် သင့်အရေပြား ကျန်းမာရေး

အရေပြားမှာ ပေါက်တတ်တဲ့ တချို့ အဖုအလုံးတွေက ထူးခြားပြီး လက္ခဏာတွေကလည်း တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။

သင့် အရေပြား မျက်နှာပြင်တွင် ဖြစ်စေ အရေပြားအောက်တွင် ဖြစ်စေ အရည်အိတ် အလုံး၊ အဖုများ မျိုးစုံ ဖြစ်ပွားနိုင်ပါတယ်။ အဖြစ်များသော အလုံး၊ အဖုများမှာ Skin Cysts (အရေပြား အရည်အိတ်များ) ၊ Cherry Angioma (ချယ်ရီသီးကဲ့သို့သော သွေးကြောထုံးများ) ၊ Dermatofibromas (အရေပြား ဖိုင်ဘာမျှင်လုံးများ) ၊ Epidermoid cysts (အရေပြား အပေါ်လွှာ အလုံးများ) ၊ Folliculitis (မွေးကျွတ်နာလုံးများ) ၊ Keratinacanthoma ၊ Lipomas (အဆီကျိတ်များ) ဖြစ်ပါတယ်။

 

၁။ Skin Cysts (အရေပြား အရည်အိတ်များ)

ကင်ဆာမဟုတ်သော ထို အရည်အိတ်များသည် အရည်ကြည် သို့မဟုတ် ပြည်ကဲ့သို့သော အရည်များဖြင့် ပြည့်နေသော အရေပြားအောက်ရှိ အလုံးပိတ် အိတ်များ ဖြစ်သည်။ ထိုအရည်အိတ် များသည် အရေပြား၏ မည်သည့်နေရာတွင် မဆို ဖြစ်နိုင်သည်။ စမ်းကြည့်သောအခါ ပဲစေ့လေးများ အရေပြားအောက်တွင် စမ်းရသကဲ့သို့ ဖြစ်သည်။ ပိုးဝင်ခြင်း အဆီဂလန်းများ ပိတ်ခြင်းများကြောင့် ဖြစ်ပွားနိုင်သည်။

လက္ခဏာများ
များသောအားဖြင့် ထိုအရည်အိတ်များသည်- ကြီးထွားမှု နှေးခြင်း ၊ နာကျင်မှု မရှိခြင်း ၊ ထိကြည့်သောအခါ အရေပြားအောက်တွင် အလုံးလေး ချောချောမွတ်မွတ် ခံစားရခြင်း တို့ ဖြစ်ပါတယ်။

ကုသနည်း
ထိုအရည်အိတ်များသည် ရောင်ခြင်း ပိုးဝင်ခြင်း မရှိဘဲ နာကျင်လေ့ မရှိပါ။ ထို့အပြင် ကုသမှု မခံယူဘဲ သူ့ဘာသာ ပျောက်ကင်းခြင်း မရှိပါ။ အချို့ အရည်အိတ်များသည် ရောဂါ လက္ခဏာ သက်သာရန် ဓါးဖြင့် ဖောက်ထုတ်ရသည်။ အချို့ ရောင်ရမ်းနေသော အရည်အိတ်များထဲသို့ ကော်တီဇုန်း (Cortisone) ဆေး အသုံးပြုခြင်းဖြင့် အရည်အိတ်ကို ကျုံ့စေပါသည်။ ထိုနည်းများဖြင့် မသက်သာ သောအခါ၊ ခဏခဏပြန်ဖြစ်သောအခါ ခွဲစိတ်ဖယ်ရှားခြင်းဖြင့် ကုသနိုင်တယ်။

 

၂။ Cherry Angioma (ချယ်ရီသီးကဲ့သို့သော သွေးကြောထုံးများ)

ချောမွတ်သော အနီရောင် ချယ်ရီသီးကဲ့သို့သော အဖုလုံးအဖြစ် အရေပြားပေါ်တွင် တွေ့ရတတ်ပါတယ်။ များသောအားဖြင့် ခန္ဓာကိုယ် အလယ်ပိုင်း ခါး နေရာများတွင် ဖြစ်လေ့ရှိပြီး နေရာမရွေးလည်း ဖြစ်ပွားနိုင်ပါသည်။ ဖြစ်ပွားရခြင်း အကြောင်းရင်းကို မသိရဘဲ အသက်၄၀ ကျော်လာသောအခါ ဖြစ်ပွားမှုများလာခြင်းကို တွေ့ရပါတယ်။

လက္ခဏာများ
ချောမွတ် သေးငယ်တောက်ပသော အနီရောင် အလုံးဖြစ်သည်။ အရွယ်အစားမှာ အပ်ခေါင်းထိပ် ပမာဏမှ တစ်လက်မ၏ လေးပုံတစ်ပုံ လုံးပတ် အရွယ်အစားထိ ရှိသည်။

ကုသနည်း
များသောအားဖြင့် ကုသရန် မလိုပါ။ ကြည့်မကောင်းသော အခါတွင်လည်းကောင်း သွေးထွက်သောအခါတွင် လည်းကောင်း လေဆာ သို့မဟုတ် မီးတို့ခြင်းဖြင့် ဖယ်ရှားခြင်း ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သောအခါ အမာရွတ် ကျန်နိုင်ပါတယ်။

 

၃။ Dermatofibromas (အရေပြား ဖိုင်ဘာမျှင်လုံးများ)

အန္တရာယ် မရှိသော လုံးဝန်းသော ကြက်သွေးရောင် အလုံးအဖြစ် လက်နှင့် ခြေနေရာများတွင် တွေ့ရလေ့ရှိသည်။ ထိုအလုံးသည် အမာရွတ် တစ်ရှူးများပါပြီး စမ်းသောအခါ ခပ်မာမာ အလုံးလေး ကဲ့သို့ ဖြစ်နေပါတယ်။

လက္ခဏာများ
အနီရောင် အညိုရောင် ခရမ်းရောင် အလုံးဖြစ်ပြီး အချိန်ကြာသောအခါ အရောင်ပြောင်းခြင်း၊ လေသေနတ်ကျည်စေ့ကဲ့သို့ သေးငယ်ခြင်း။ နာခြင်း ယားခြင်း သို့ရာတွင် တစ်ခါတစ်ရံ နာကျင်မှု မရှိခြင်း။ ထိုအဖုကို ဖိကြည့်သောအခါ အချိုင့် ပေါ်လာခြင်း စသည်တို့ ဖြစ်သည်။

ကုသနည်း

များသောအားဖြင့် ကုသရန် မလိုပါ။ ထိုအဖုကို ခွဲစိတ်ဖယ်ရှားခြင်းဖြင့်လည်းကောင်း နိုက်ထရိုဂျင် အရည်ဖြင့် အေးခဲခြင်းဖြင့် ပြားသွားအောင် ပြုလုပ်နိုင်ပါသည်။

"အသားမာတက်ခြင်း" ဖတ်ရှုရန် နှိပ်ပါ။

အသားမာတက်ခြင်း

၄။ Epidermoid cysts (အရေပြား အပေါ်လွှာ အလုံးများ)
အမွှေးအိတ်များမှ ဖြစ်လာပြီး အန္တရာယ် မရှိသော အလုံးများ ဖြစ်သည်။ မျိုးပွားအဂါင်္များ ရင်ဘတ်နှင့် ကျောကုန်းတို့တွင် အဖြစ်များသည်။

လက္ခဏာများ
လုံးဝန်းသော ပုံသဏ္ဌာန် ရှိသည်။ ပိုးဝင်သောအခါ နီရဲပြီး နာလာသည်။ ညှစ်ကြည့်သောအခါ အဖြူ ပြစ်ပြစ် အရည်များ ထွက်လာသည်။

ကုသနည်း
ညှစ်ထုတ်သောအခါ ပျောက်ကင်းလေ့ မရှိဘဲ အလုံးနှင့် အိတ်လိုက် ဖယ်ထုတ်မှသာ ပျောက်ကင်းနိုင်သည်။

 

၅။ Folliculitis (မွှေးကျွတ်နာလုံးများ)

၎င်းသည် အမွေးအိတ်များ ရောင်ရမ်းသောကြောင့် ဖြစ်သည်။ အမွေးအိတ်များ ပိုးဝင်ခြင်းကြောင့် လည်းကောင်း ဓါတုဗေဒ ဓါတ်ပစ္စည်းများကြောင့် လည်းကောင်း ဖြစ်ပွားရခြင်း ဖြစ်သည်။ ဦးရေပြား မျက်နှာနှင့် ပေါင်ခြံတို့တွင် အဖြစ်များသည်။

လက္ခဏာများ
အမွေး၏ အလယ်တွင် ပြည်တည်နာကဲ့သိုဖြစ်ပြီး ယားတတ်သည်။

ကုသနည်း
ပဋိဇီဝ သောက်ဆေး လိမ်းဆေး သို့မဟုတ် မှိုသတ်ဆေးများဖြင့် ကုသနိုင်ပါသည်။ ဖြစ်ပွားသော နေရာရှိ အမွေးကို မရိတ်ရန် လိုသည်။ အကယ်၍ ရိတ်ရန် လိုပါက သန့်စင်သောရိတ်ဓါးကို သုံးပါ။

 

၆။ Keratinacanthoma
နေရောင်ခြည်ကြောင့် အရေပြား ထိခိုက်မှုု ဖြစ်ပွားရာမှ အလုံးဖြစ်လာသည်။ အသက် ၆၀ ကျော်သော လူကြီးများတွင် အဖြစ်များသည်။

လက္ခဏာများ
အချို့ အလုံးများသည် တစ် လက်မမှ သုံးလက်မအထိ ကြီးတတ်ပြီး ကြီးထွားမှုမြန်သည်။

ကုသနည်း
အေးခဲခြင်းဖြင့် ကုသနည်း ၊ အရေပြားကို ခြစ်ထုတ်ခြင်းဖြင့် ဖယ်ထုတ်ခြင်း ၊ ခွဲစိတ်ခြင်းဖြင့် ဖယ်ရှားခြင်း များ ပြုလုပ်နိုင်သည်။

 

၇။ Lipomas (အဆီကျိတ်များ)
အဆီကျိတ်များသည် ခန္ဓာကိုယ် နေရာ အနှံ့အပြားတွင် ဖြစ်တတ်သည်။ ကြီးထွားမှု နှေးကွေးပြီး အန္တရာယ် မရှိပေ။

လက္ခဏာများ
များသောအားဖြင့် အဆီကျိတ်များသည် ငါး စင်တီမီတာအောက်သာ ရှိပြီး လက္ခဏာပြလေ့ မရှိပေ။ သို့ရာတွင် ထိုအလုံးသည် အာရုံကြောကို ဖိမိသောအခါ နာကျင်တတ်သည်။

ကုသနည်း
ကျန်းမာရေးနှင့် အလှအပ ရေးရာ ပြသနာ မရှိပါက အဆီကျိတ်ကို ဖယ်ရှားစရာ မလိုပါ။

 

ဒေါက်တာ ချစ်စန္ဒီကျော်

{Zaegyi}

======

အရည္အိတ္ အလုံး၊ အဖုမ်ားႏွင့္ သင့္အေရျပား က်န္းမာေရး

အေရျပားမွာ ေပါက္တတ္တဲ့ တခ်ိဳ႕ အဖုအလုံးေတြက ထူးျခားၿပီး လကၡဏာေတြကလည္း တစ္ခုနဲ႔ တစ္ခု မတူၾကပါဘူး။ သင့္ အေရျပား မ်က္ႏွာျပင္တြင္ ျဖစ္ေစ အေရျပားေအာက္တြင္ ျဖစ္ေစ အရည္အိတ္ အလုံး၊ အဖုမ်ား မ်ိဳးစုံ ျဖစ္ပြားႏိုင္ပါတယ္။ အျဖစ္မ်ားေသာ အလုံး၊ အဖုမ်ားမွာ Skin Cysts (အေရျပား အရည္အိတ္မ်ား) ၊ Cherry Angioma (ခ်ယ္ရီသီးကဲ့သို႔ေသာ ေသြးေၾကာထုံးမ်ား) ၊ Dermatofibromas (အေရျပား ဖိုင္ဘာမွ်င္လုံးမ်ား) ၊ Epidermoid cysts (အေရျပား အေပၚလႊာ အလုံးမ်ား) ၊ Folliculitis (ေမြးကြၽတ္နာလုံးမ်ား) ၊ Keratinacanthoma ၊ Lipomas (အဆီက်ိတ္မ်ား) ျဖစ္ပါတယ္။

 

၁။ Skin Cysts (အေရျပား အရည္အိတ္မ်ား)

ကင္ဆာမဟုတ္ေသာ ထို အရည္အိတ္မ်ားသည္ အရည္ၾကည္ သို႔မဟုတ္ ျပည္ကဲ့သို႔ေသာ အရည္မ်ားျဖင့္ ျပည့္ေနေသာ အေရျပားေအာက္ရွိ အလုံးပိတ္ အိတ္မ်ား ျဖစ္သည္။ ထိုအရည္အိတ္ မ်ားသည္ အေရျပား၏ မည္သည့္ေနရာတြင္ မဆို ျဖစ္ႏိုင္သည္။ စမ္းၾကည့္ေသာအခါ ပဲေစ့ေလးမ်ား အေရျပားေအာက္တြင္ စမ္းရသကဲ့သို႔ ျဖစ္သည္။ ပိုးဝင္ျခင္း အဆီဂလန္းမ်ား ပိတ္ျခင္းမ်ားေၾကာင့္ ျဖစ္ပြားႏိုင္သည္။

လကၡဏာမ်ား
မ်ားေသာအားျဖင့္ ထိုအရည္အိတ္မ်ားသည္- ႀကီးထြားမႈ ေႏွးျခင္း ၊ နာက်င္မႈ မရွိျခင္း ၊ ထိၾကည့္ေသာအခါ အေရျပားေအာက္တြင္ အလုံးေလး ေခ်ာေခ်ာမြတ္မြတ္ ခံစားရျခင္း တို႔ ျဖစ္ပါတယ္။

ကုသနည္း
ထိုအရည္အိတ္မ်ားသည္ ေရာင္ျခင္း ပိုးဝင္ျခင္း မရွိဘဲ နာက်င္ေလ့ မရွိပါ။ ထို႔အျပင္ ကုသမႈ မခံယူဘဲ သူ႔ဘာသာ ေပ်ာက္ကင္းျခင္း မရွိပါ။ အခ်ိဳ႕ အရည္အိတ္မ်ားသည္ ေရာဂါ လကၡဏာ သက္သာရန္ ဓါးျဖင့္ ေဖာက္ထုတ္ရသည္။ အခ်ိဳ႕ ေရာင္ရမ္းေနေသာ အရည္အိတ္မ်ားထဲသို႔ ေကာ္တီဇုန္း (Cortisone) ေဆး အသုံးျပဳျခင္းျဖင့္ အရည္အိတ္ကို က်ဳံ႕ေစပါသည္။ ထိုနည္းမ်ားျဖင့္ မသက္သာ ေသာအခါ၊ ခဏခဏျပန္ျဖစ္ေသာအခါ ခြဲစိတ္ဖယ္ရွားျခင္းျဖင့္ ကုသႏိုင္တယ္။

 

၂။ Cherry Angioma (ခ်ယ္ရီသီးကဲ့သို႔ေသာ ေသြးေၾကာထုံးမ်ား)

ေခ်ာမြတ္ေသာ အနီေရာင္ ခ်ယ္ရီသီးကဲ့သို႔ေသာ အဖုလုံးအျဖစ္ အေရျပားေပၚတြင္ ေတြ႕ရတတ္ပါတယ္။ မ်ားေသာအားျဖင့္ ခႏၶာကိုယ္ အလယ္ပိုင္း ခါး ေနရာမ်ားတြင္ ျဖစ္ေလ့ရွိၿပီး ေနရာမေ႐ြးလည္း ျဖစ္ပြားႏိုင္ပါသည္။ ျဖစ္ပြားရျခင္း အေၾကာင္းရင္းကို မသိရဘဲ အသက္၄၀ ေက်ာ္လာေသာအခါ ျဖစ္ပြားမႈမ်ားလာျခင္းကို ေတြ႕ရပါတယ္။

လကၡဏာမ်ား
ေခ်ာမြတ္ ေသးငယ္ေတာက္ပေသာ အနီေရာင္ အလုံးျဖစ္သည္။ အ႐ြယ္အစားမွာ အပ္ေခါင္းထိပ္ ပမာဏမွ တစ္လက္မ၏ ေလးပုံတစ္ပုံ လုံးပတ္ အ႐ြယ္အစားထိ ရွိသည္။

ကုသနည္း
မ်ားေသာအားျဖင့္ ကုသရန္ မလိုပါ။ ၾကည့္မေကာင္းေသာ အခါတြင္လည္းေကာင္း ေသြးထြက္ေသာအခါတြင္ လည္းေကာင္း ေလဆာ သို႔မဟုတ္ မီးတို႔ျခင္းျဖင့္ ဖယ္ရွားျခင္း ျပဳလုပ္ႏိုင္သည္။ ထိုသို႔ျပဳလုပ္ေသာအခါ အမာ႐ြတ္ က်န္ႏိုင္ပါတယ္။

 

၃။ Dermatofibromas (အေရျပား ဖိုင္ဘာမွ်င္လုံးမ်ား)

အႏၲရာယ္ မရွိေသာ လုံးဝန္းေသာ ၾကက္ေသြးေရာင္ အလုံးအျဖစ္ လက္ႏွင့္ ေျခေနရာမ်ားတြင္ ေတြ႕ရေလ့ရွိသည္။ ထိုအလုံးသည္ အမာ႐ြတ္ တစ္ရႉးမ်ားပါၿပီး စမ္းေသာအခါ ခပ္မာမာ အလုံးေလး ကဲ့သို႔ ျဖစ္ေနပါတယ္။

လကၡဏာမ်ား
အနီေရာင္ အညိဳေရာင္ ခရမ္းေရာင္ အလုံးျဖစ္ၿပီး အခ်ိန္ၾကာေသာအခါ အေရာင္ေျပာင္းျခင္း၊ ေလေသနတ္က်ည္ေစ့ကဲ့သို႔ ေသးငယ္ျခင္း။ နာျခင္း ယားျခင္း သို႔ရာတြင္ တစ္ခါတစ္ရံ နာက်င္မႈ မရွိျခင္း။ ထိုအဖုကို ဖိၾကည့္ေသာအခါ အခ်ိဳင့္ ေပၚလာျခင္း စသည္တို႔ ျဖစ္သည္။

ကုသနည္း

မ်ားေသာအားျဖင့္ ကုသရန္ မလိုပါ။ ထိုအဖုကို ခြဲစိတ္ဖယ္ရွားျခင္းျဖင့္လည္းေကာင္း ႏိုက္ထ႐ိုဂ်င္ အရည္ျဖင့္ ေအးခဲျခင္းျဖင့္ ျပားသြားေအာင္ ျပဳလုပ္ႏိုင္ပါသည္။

"အသားမာတက္ျခင္း" ဖတ္ရႈရန္ ႏွိပ္ပါ။

အသားမာတက်ခြင်း

၄။ Epidermoid cysts (အေရျပား အေပၚလႊာ အလုံးမ်ား)
အေမႊးအိတ္မ်ားမွ ျဖစ္လာၿပီး အႏၲရာယ္ မရွိေသာ အလုံးမ်ား ျဖစ္သည္။ မ်ိဳးပြားအဂါမ်ၤား ရင္ဘတ္ႏွင့္ ေက်ာကုန္းတို႔တြင္ အျဖစ္မ်ားသည္။

လကၡဏာမ်ား
လုံးဝန္းေသာ ပုံသဏၭာန္ ရွိသည္။ ပိုးဝင္ေသာအခါ နီရဲၿပီး နာလာသည္။ ညႇစ္ၾကည့္ေသာအခါ အျဖဴ ျပစ္ျပစ္ အရည္မ်ား ထြက္လာသည္။

ကုသနည္း
ညႇစ္ထုတ္ေသာအခါ ေပ်ာက္ကင္းေလ့ မရွိဘဲ အလုံးႏွင့္ အိတ္လိုက္ ဖယ္ထုတ္မွသာ ေပ်ာက္ကင္းႏိုင္သည္။

 

၅။ Folliculitis (ေမႊးကြၽတ္နာလုံးမ်ား)

၄င္းသည္ အေမြးအိတ္မ်ား ေရာင္ရမ္းေသာေၾကာင့္ ျဖစ္သည္။ အေမြးအိတ္မ်ား ပိုးဝင္ျခင္းေၾကာင့္ လည္းေကာင္း ဓါတုေဗဒ ဓါတ္ပစၥည္းမ်ားေၾကာင့္ လည္းေကာင္း ျဖစ္ပြားရျခင္း ျဖစ္သည္။ ဦးေရျပား မ်က္ႏွာႏွင့္ ေပါင္ၿခံတို႔တြင္ အျဖစ္မ်ားသည္။

လကၡဏာမ်ား
အေမြး၏ အလယ္တြင္ ျပည္တည္နာကဲ့သိုျဖစ္ၿပီး ယားတတ္သည္။

ကုသနည္း
ပဋိဇီဝ ေသာက္ေဆး လိမ္းေဆး သို႔မဟုတ္ မႈိသတ္ေဆးမ်ားျဖင့္ ကုသႏိုင္ပါသည္။ ျဖစ္ပြားေသာ ေနရာရွိ အေမြးကို မရိတ္ရန္ လိုသည္။ အကယ္၍ ရိတ္ရန္ လိုပါက သန႔္စင္ေသာရိတ္ဓါးကို သုံးပါ။

 

၆။ Keratinacanthoma
ေနေရာင္ျခည္ေၾကာင့္ အေရျပား ထိခိုက္မႈု ျဖစ္ပြားရာမွ အလုံးျဖစ္လာသည္။ အသက္ ၆၀ ေက်ာ္ေသာ လူႀကီးမ်ားတြင္ အျဖစ္မ်ားသည္။

လကၡဏာမ်ား
အခ်ိဳ႕ အလုံးမ်ားသည္ တစ္ လက္မမွ သုံးလက္မအထိ ႀကီးတတ္ၿပီး ႀကီးထြားမႈျမန္သည္။

ကုသနည္း
ေအးခဲျခင္းျဖင့္ ကုသနည္း ၊ အေရျပားကို ျခစ္ထုတ္ျခင္းျဖင့္ ဖယ္ထုတ္ျခင္း ၊ ခြဲစိတ္ျခင္းျဖင့္ ဖယ္ရွားျခင္း မ်ား ျပဳလုပ္ႏိုင္သည္။

 

၇။ Lipomas (အဆီက်ိတ္မ်ား)
အဆီက်ိတ္မ်ားသည္ ခႏၶာကိုယ္ ေနရာ အႏွံ႔အျပားတြင္ ျဖစ္တတ္သည္။ ႀကီးထြားမႈ ေႏွးေကြးၿပီး အႏၲရာယ္ မရွိေပ။

လကၡဏာမ်ား
မ်ားေသာအားျဖင့္ အဆီက်ိတ္မ်ားသည္ ငါး စင္တီမီတာေအာက္သာ ရွိၿပီး လကၡဏာျပေလ့ မရွိေပ။ သို႔ရာတြင္ ထိုအလုံးသည္ အာ႐ုံေၾကာကို ဖိမိေသာအခါ နာက်င္တတ္သည္။

ကုသနည္း
က်န္းမာေရးႏွင့္ အလွအပ ေရးရာ ျပသနာ မရွိပါက အဆီက်ိတ္ကို ဖယ္ရွားစရာ မလိုပါ။

 

ေဒါက္တာ ခ်စ္စႏၵီေက်ာ္

Read times
Rate this item
(0 votes)