What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 17 February 2020 10:10

Asthma - ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားခြင်းမှ ဆောင်ရန် ရှောင်ရန်များ

ပန်းနာရင်ကျပ်ရောဂါဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးလည်းဖြစ်တဲ့အပြင် အသက်အရွယ် ၊ ကျား ၊ မ မရွေးဖြစ်ပွားနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

ပန်းနာရင်ကျပ်ခြင်းက အသက်လမ်းကြောင်းရှိ လြွေပန်လေးများ ကျဉ်းတာ ၊ အဆုတ်ထဲ လေဝင် ၊ လေထွက် ကန့်သတ်မှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါက ချွဲသလိပ်သံ နဲ့ အသက်ရူသံမြည်တာ ၊ အသက်ရူမဝတာ ၊ ချောင်းထပ်ကာထပ်ကာဆိုးပြီး ဖြစ်ပွားတဲ့ နာတာရှည်ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။

 

ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများ

ချောင်းဆိုးရှည်တာ ၊ အသက်ရှူမဝတာ ၊ အသက်ရှူသံမြည်တာ ၊ ရင်ဘတ်အောင့်တာ ၊ ရင်ကျပ်တာ ၊ နုံးတာ ၊ လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် အလွန်အကျွံမောတာ စတဲ့ လက္ခဏာများ ဖြစ်ပေါ်နိုင်ပါတယ်။

 

ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်း

ဆေးလိပ်သောက်တာ၊ လေထုညစ်ညမ်းတာ ၊ အဝလွန်တာ ၊ ဓာတ်မတည့်သော အနံများရှူမိတာ၊ မျိုးရိုးဗီဇရှိတာ ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကူးဆက်ခံရခြင်းကြောင့်လည်း ပန်းနာရင်ကျပ်ရောဂါကို အများဆုံးဖြစ်ပေါ်စေနိုင်ပါတယ်။

 

Veterinary Medicine & Nutrition (တိရစ္ဆာန်ကုဆေးရောင်းချသောဆိုင်ပေါင်း ၂၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Veterinary Medicine & Nutrition

 

ပန်းနာရင်ကျပ်ရောဂါ ဝေဒနာရှင်များ စားသုံးသင့်တဲ့ အစားအစာများ

အသီး နှင့်အရွက်များတွင် ဘီတာမင် အီး ၊ ဘီတာမင် စီ တို့ပါဝင်သောကြောင့် အဆုတ်ရောင်ရမ်းခြင်းကို တားဆီးပေးနိုင်တဲ့အတွက် ပန်းနာရင်ကျပ်ဝေဒနာရှင်များ အနေဖြင့်များများစားသုံး သင့်ပါတယ်။ ဒါအပြင် ဘီတာမင် ဒီ ပါဝင်တဲ့ ဆယ်လ်မွန်ငါး ၊ ဓားရှည်နှုတ်သီးငါး နဲ့ ကြက်ဥ များကို စားသုံးတာ၊ ဗီတာမင် အီး ကြွယ်ဝတဲ့ အစေ့အဆန်ဖြစ်တဲ့ ဗာဒံစေ့ ၊ သစ်ကြားသီး စားတာ၊ ခရမ်းချဉ်သီးစားသုံးခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါ ကိုသက်သာစေနိုင်ပါတယ်။

 

ပန်းနာရင်ကျပ်ရောဂါ ဝေဒနာရှင်များ ရှောင်ကျဉ်သင့်တဲ့ အစားအစာများ

ကော်ဖီ ၊ သစ်သီးခြောက်များစားတာ ၊ ဓာတ်မ တည့်တဲ့ ဂျုံ ၊နို့ထွက်ပစ္စည်းများ ၊ အခွံမာများ ၊ ၊အစား အလွန်အကျွံစားတာ ၊ ဆေးလိပ် ၊ အရက်သောက်ခြင်းမှ ရှောက်ကျဉ်တာ ၊ ဖုန်မှုန့် နဲ့ လေထုညစ်ညမ်းတဲ့နေရာများမှ ာင်ကျဉ်တာ ၊ မှိုတတ်သော အစားအစာများစားတာ နဲ့ ရှူချ ခြင်းများကို
အထူးရှောင်ကျဉ်ပါ။

 

ပန်းနာရင်ကျပ်ရောဂါ ကုသနည်း

လက်ရှိအထိတော့ ပန်းနာရင်ကျပ်ရောဂါကို ပျောက်ကင်းနိုင်တဲ့ ဆေးဝါးများ နည်းလမ်းများမရှိတေးပါ။  ဒါပေမဲ့ နေထိုင်စားသောက်မူ ပုံစံကို ပြောင်းလဲခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါ ကိုလျော့ချနိုင်ပါတယ်။ Inhaler - ရှူဆေးများကို ကိုယ်တွင် အမြဲဆောင်တာ ၊ လေကောင်းလေသန့် ရရှိသောနေရာများတွင် နေထိုင်တာ ၊ Leukotriene modifiers စတဲ့ ဆေးဝါးများကို ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း ဝေဒနာစတင်ခံစားချိန်မှ ပြီး ဆွဲမြဲစွာ သုံးဆွဲရမည်ဖြစ်ပါတယ်။

Written By Health Products Directory

 


(Zawgyi)

=====


 


 



 



 



 



 


ကော်ဖီ ၊ သစ်သီးခြောက်များစားတာ ၊ ဓာတ်မ တည့်တဲ့ ဂျုံ ၊နို့ထွက်ပစ္စည်းများ ၊ အခွံမာများ ၊ ၊အစား အလွန်အကျွံစားတာ ၊ ဆေးလိပ် ၊ အရက်သောက်ခြင်းမှ ရှောက်ကျဉ်တာ ၊ ဖုန်မှုန့် နဲ့ လေထုညစ်ညမ်းတဲ့နေရာများမှ ရှောင်ကျဉ်တာ ၊ မှိုတတ်သော အစားအစာများစားတာ နဲ့ ရှူချ ခြင်းများကို
အထူးရှောင်ကျဉ်ပါ။

 




Read times
Rate this item
(0 votes)