What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 08 November 2019 16:06

သွေးလည်ပတ်မှုမကောင်းလျှင် ဘယ်လို လက္ခဏာ မျိုးတွေ ဖြစ်တတ်လဲ

လူတစ်ယောက်ရဲ့သွေးလည်ပတ်မှုစနစ်ဟာ သွေး၊အောက်ဆီဂျင်နဲ့ အခြားအာဟာရတွေကို သယ်ယူပို့ဆောင်ပေးတာဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့တစ်နေရာရာကိုသွေးလည်ပတ်မှုမကောင်းတဲ့အခါပုံမှန်မဟုတ်တဲ့လက္ခဏာတွေကိုခံစားရမှာပါ။

အဲလိုသွေးလည်ပတ်မှုမကောင်းခြင်းဟာခြေ၊လက်စတဲ့အစိတ်အပိုင်းတွေမှာ အဖြစ်များပါတယ်။

 

သွေးလည်ပတ်မှုမကောင်းခြင်းဟာ အကြောင်းရင်း အခြေခံ တစ်ခုခုကြောင့်ဖြစ်ရပါတယ်။ ဒါကြောင့်လက္ခဏာတွေကိုသက်သာအောင်ကုသခြင်းထက် အကြောင်းရင်းကိုရှာပြီးကုသဖို့ကပိုအရေးကြီးပါတယ်။ သွေးလည်ပတ်မှု မကောင်းစေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ အဝလွန်ခြင်း ၊ ဆီးချိုရောဂါ နဲ့ အခြားနှလုံးရောဂါတွေက သွေးလည်ပတ်မှုမကောင်းခြင်းကို ပိုအဖြစ်များပါစေပါတယ်။

 

သွေးလည်ပတ်မှုမကောင်းတဲ့အခါခံစားရမယ့်လက္ခဏာတွေကတော့ ထုံကျင်ခြင်း ၊ ယားယံသကဲ့သို့ ခံစားရခြင်း ၊ ခြေ၊လက်တွင် စူးရှနာကျင်ခြင်း ၊ ကြွက်တက်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။

 

သွေးလည်ပတ်မှုမကောင်းခြင်းကိုဖြစ်စေတဲ့ရောဂါတွေ၊အကြောင်းရင်းတွေကတော့

Peripheral Arterial Disease လို့ခေါ်တဲ့ သွေးကြောနဲ့ သွေးလွှတ်ကြောတွေကျဉ်းတဲ့ သွေးလှည့်ပတ်မှုအခြေအနေ ဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါမှာလည်း သွေးကြောတွေမှာ အဖတ်တွေနဲ့ ပိတ်ဆို့တာကြောင့် သွေးလည်ပတ်မှုမကောင်းနိုင်ပါဘူး။ အဲဒီအခါမှာခြေ၊လက်စတဲ့နောရာတွေကို သွေးကောင်းကောင်းမရောက်တော့ဘဲနာကျင်ခြင်းခံစားရပါတယ်။

 

ခြေ၊လက်တွေကို သွေးကောင်းကောင်းမရောက်တဲ့အခါထုံကျင်ခြင်း၊နာကျင်ခြင်း၊ယားယံခြင်းအပြင်တစ်ရှူးပျက်စီးခြင်း၊အာရုံကြော (Nerve)များယိုယွင်းခြင်းတို့လည်းဖြစ်လာနိုင်ပါတယ်။

 

သွေးခဲပိတ်ဆို့ခြင်းကြောင့်လည်းသွေးလည်ပတ်မှုကိုမကောင်းဖြစ်စေပါတယ်။အဲလိုသွေးခဲပိတ်တာဟာအန္တရာယ်ရှိပါတယ်။ ခြေထောက်မှာပိတ်နေတဲ့သွေးခဲဟာ ပြုတ်ထွက်သွားပြီးနှလုံး၊အဆုတ်စသည်တို့ကိုဖြတ် သွားနိုင်ပါတယ်။အဲဒီအခါ stroke (လေဖြတ်ခြင်း)ဖြစ်စေနိုင်ပါတယ်။

 

နောက်တစ်ချက်ကတော့ခြေထောက်မှာသွေးကြောထုံးခြင်းဖြစ်ပါတယ်။ခြေထောက်သွေးကြောထုံးခြင်းဟာသွေးပြန်ကြောတွေ ဖောင်းပြီးတွန့်လိမ်သွားတာမျိုးပါ။ဘယ်သွေးပြန်ကြောမှာမဆိုဖြစ်နိုင်ပေမယ့်ခြေထောက်ကသွေးပြန်ကြောမှာတော့ပိုအဖြစ်များပါတယ်။ခန္ဓာကိုယ်အောက်ပိုင်းကသွေးပြန်ကြောတွေမှာသွေးဖိအားတွေတက်လို့ဖြစ်ရခြင်းဖြစ်ပါတယ်။သွေးကြောထုံးရင်သွေးလှည့်ပတ်မှုမကောင်းနိုင်ပါဘူး။

 

ဆီးချိုရောဂါနဲ့ Raynaud’s Disease ဆိုတဲ့ရောဂါမှာလည်း သွေးလည်ပတ်မှုမကောင်းပါဘူး။Raynaud’s diseaseဆိုတာလက်တွေ၊ခြေတွေအမြဲအေးနေတဲ့အခြေအနေပါ။ဘာကြောင့်လဲဆိုတော့ဒီရောဂါမှာလက်နဲ့ခြေမှာရှိတဲ့သွေးကြောတွေကျဉ်းနေလို့ဖြစ်ပါတယ်။ သွေးလွှတ်ကြောလေးတွေကျဉ်းတဲ့အတွက် သွေးလှည့်ပတ်မှုလည်းမကောင်းတော့ပါဘူး။

 

ဘယ်လိုကုသကြသလဲ?

သွေးလှည့်ပတ်မှုမကောင်းခြင်းဟာအခြေအနေအမျိုးမျိုးကြောင့်ဖြစ်နိုင်တဲ့အတွက်ကုသရတဲ့နည်းလမ်းတွေကတော့မတူပါဘူး။Raynaud’s disease မှာဆို Alpha Blockers နဲ့ Calcium Channel Blockersကိုအသုံးပြုပြီးကုသပါတယ်။

 

ခြေထောက်တွေဖောရောင်ပြီးနာကျင်နေရင် Compression Socks ဝတ်တာမျိုးနဲ့၊အထူးလေ့ကျင့်ခန်းတွေကသက်သာစေပါတယ်။

 

ဆီးချိုရောဂါအတွက်အင်ဆူလင်နဲ့အခြားဆေးဝါးများ၊ သွေးကြောထုံးတာအတွက်လေဆာနဲ့ Endoscopic Vein Surgery ကုသမှုများ စသဖြင့် အသီးသီးရှိပါတယ်။ရောဂါလက္ခဏာတွေပြလာတဲ့အခါဆရာဝန်နဲ့တိုင်ပင်ပြီး အကြောင်းရင်းကိုရှာဖွေပြီးကုသနိုင်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

Credit

Read times Last modified on Monday, 27 July 2020 18:01
Rate this item
(0 votes)