What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 13 November 2019 16:28

ႏွလုံး ႏွင့္ ေသြးေၾကာဆိုင္ရာ ေရာဂါမ်ား

ေသြးတိုးေရာဂါ (Hypertension) ေသြးတိုးျဖစ္ေစႏိုင္တဲ့ အခ်က္ေလးေတြကို ေျပာပါမယ္။

ေသြးတိုးျဖစ္ဖို႔ အႏၲရာယ္ရွိ တဲ့ အခ်က္ (Risk factor) ေတြရွိပါတယ္။ Risk Factor ေတြမွာ Changeable Risk Factor (ေျပာင္းလဲယူလို႔ရတဲ့ အခ်က္မ်ား) ႏွင့္ Unchangeable Risk Factor (မေျပာင္းလဲႏိုင္တဲ့ အခ်က္မ်ား) ဆိုၿပီး ရွိပါတယ္။

 

ေျပာင္းလဲလို႔ ရတယ္၊ မရဘူး ဆိုတာ ဘာကိုေျပာတာလဲ - ကိုယ္ျပဳျပင္ယူလို႔ ရတဲ့ဟာေတြကို ေျပာတာ (ဥပမာ - ေဆးလိပ္ေသာက္တာ၊ ကိုယ္မေသာက္ေတာ့ဘူး ဆိုၿပီး ေျပာင္းလဲလိုက္လို႔ရေပမဲ့ အသက္ႀကီးလာတာကို ေတာ့ ေျပာင္းလဲလို႔မရပါဘူး) ဒါဆို ေျပာင္းလဲယူလို႔ရတဲ့ ဘယ္အခ်က္ေတြက ေသြးတိုးေရာဂါကို ျဖစ္ေစလည္းဆိုတာ ေလ့လာၾကည့္ရေအာင္။


ဆားအစားမ်ားျခင္း - အိမ္သုံးဆား(salt) ေတြကို အသုံးမ်ားတာ၊ ေသြးတိုးေရာဂါ ျဖစ္ေစႏိုင္ပါတယ္။ အခုက စၿပီး ဆားကို လိုသေလာက္ပဲ ေလွ်ာ့သုံးၾကပါ။

 

အဝလြန္ျခင္း - ဒီအခ်က္ကလည္း ေသြးေပါင္ခ်ိန္ကို တက္ေစပါတယ္။ (ေသြးေၾကာနံရံမွာ ပိတ္ေနတဲ့ အဆီေတြေၾကာင့္ျဖစ္ပါတယ္၊ အေရွ႕မွာ ေျပာသြားသလိုမ်ိဳး ေရပိုက္က က်ဥ္းေန၊ပိတ္ေန ေတာ့ တြန္းပို႔ရတဲ့ ေရစက္ရဲ႕ ဖိအားက မ်ားလာရမယ့္သေဘာပါ) သြားလာရ ခက္ခဲသြားတဲ့ ေသြးေၾကာေတြထဲ ေသြးေတြ ပုံမွန္လွည့္ပတ္ ႏိုင္ဖို႔ ႏွလုံးက ပုံမွန္ထက္ ပိုတဲ့ ဖိအားကို သုံးရတာေၾကာင့္ေသြးေပါင္ခ်ိန္ တက္လာတာျဖစ္ပါတယ္။

ေသြးလည္ပတ္မႈမေကာင္းလွ်င္ ဘယ္​လို လကၡဏာ မ်ိဳး​ေတြ ျဖစ္​တတ္​လဲ ဖတ္ရႈရန္ ႏွိပ္ပါ။

ေသြးလည္ပတ္မႈမေကာင္းလွ်င္ ဘယ္​လို လကၡဏာ မ်ိဳး​ေတြ ျဖစ္​တတ္​လဲ

အရက္ေသာက္ျခင္း - တစ္ေန႔ကို အနည္းငယ္ (သတ္မွတ္ထားတဲ့ ပမာဏ) ကို ေသာက္ေပးမယ္ဆိုရင္ ေသြးေပါင္ခ်ိန္ကို ထိန္းထားႏိုင္ေပမဲ့ လိုတာထက္ ပိုလာရင္ေတာ့ တန္ေဆးလြန္ေဘး အတိုင္း မလိုလားအပ္တဲ့ ေရာဂါေတြဝင္လာတာပါပဲ။

 

ဒီထဲမွာ ေသြးတိုးေရာဂါကလည္း တစ္ခုအပါအဝင္ ပါပဲ။ - ေဆးလိပ္ေသာက္ျခင္း - ေဆးလိပ္ေသာက္ျခင္းက လူကို လုံး၀ ေကာင္းက်ိဳးမေပးပါဘူး။ ေဆးလိပ္ေသာက္တဲ့ လူရဲ႕ ေသြးေၾကာနံရံေတြက မာေၾကာေနၿပီး ပုံမွန္လူရဲ႕ ေသြးေၾကာနံရံေတြလို အလြယ္တကူ က်ဳံ႕ႏိုင္ဆန႔္ႏိုင္ မလုပ္ႏိုင္ပါဘူး။ ဒါေၾကာင့္ မာေၾကာေနတဲ့ ဒီေသြးေၾကာထဲမွာ ေသြးေတြ ပုံမွန္အတိုင္း စီးဆင္းဖို႔ ပုံမွန္ထက္ ပိုတဲ့ ေသြးေပါင္ခ်ိန္ကို အသုံးျပဳရတာ ျဖစ္ပါတယ္။

 

လႈပ္ရွားမႈနည္းျခင္း - White Collar Labor လို႔ေခၚတဲ့ ဉာဏ္ အားကိုသုံးၿပီး အလုပ္လုပ္ရတဲ့ လူေတြ အဓိက ျဖစ္ပါတယ္။ တစ္ေနကုန္ အဲကြန္းခန္းထဲမွာ ထိုင္ၿပီး မလုပ္မရွပ္ အလုပ္လုပ္ေနရတာ ၾကာလာေတာ့ ေသြးေၾကာေတြမွာ အဆီေတြ တက္လာမယ္ ေသြးေတြတိုးလာမယ္။ - Stress မ်ားျခင္း - မ်ားျပားလွတဲ့ အလုပ္ေတြ၊ ၿပိဳင္ဆိုင္မႈေတြ ျပင္းထန္လာတဲ့ စီးပြားေရးေတြ ေၾကာင့္ ပူပင္ေသာက၊ စိတ္ဖိစီးမႈေတြ မ်ားလာပါတယ္။

 

ဒီလို အေျခအေနမွာ ခႏၶာကိုယ္က ေဟာ္မုန္းေတြကို လိုတာထက္ ပိုထုတ္လုပ္လာၿပီး အဲ့ေဟာ္မုန္းေတြေၾကာင့္ ေသြးတိုးေရာဂါေတြ တျခားေသာ ေရာဂါေတြလည္း ဝင္လာတာျဖစ္ပါတယ္။

 

ေဒါက္တာၿဖိဳးကိုကို

{Unicode}
======
နှလုံး နှင့် သွေးကြောဆိုင်ရာ ရောဂါများ

သွေးတိုးရောဂါ (Hypertension) သွေးတိုးဖြစ်စေနိုင်တဲ့ အချက်လေးတွေကို ပြောပါမယ်။ သွေးတိုးဖြစ်ဖို့ အန္တရာယ်ရှိ တဲ့ အချက် (Risk factor) တွေရှိပါတယ်။ Risk Factor တွေမှာ Changeable Risk Factor (ပြောင်းလဲယူလို့ရတဲ့ အချက်များ) နှင့် Unchangeable Risk Factor (မပြောင်းလဲနိုင်တဲ့ အချက်များ) ဆိုပြီး ရှိပါတယ်။

 

ပြောင်းလဲလို့ ရတယ်၊ မရဘူး ဆိုတာ ဘာကိုပြောတာလဲ - ကိုယ်ပြုပြင်ယူလို့ ရတဲ့ဟာတွေကို ပြောတာ (ဥပမာ - ဆေးလိပ်သောက်တာ၊ ကိုယ်မသောက်တော့ဘူး ဆိုပြီး ပြောင်းလဲလိုက်လို့ရပေမဲ့ အသက်ကြီးလာတာကို တော့ ပြောင်းလဲလို့မရပါဘူး) ဒါဆို ပြောင်းလဲယူလို့ရတဲ့ ဘယ်အချက်တွေက သွေးတိုးရောဂါကို ဖြစ်စေလည်းဆိုတာ လေ့လာကြည့်ရအောင်။


ဆားအစားများခြင်း - အိမ်သုံးဆား(salt) တွေကို အသုံးများတာ၊ သွေးတိုးရောဂါ ဖြစ်စေနိုင်ပါတယ်။ အခုက စပြီး ဆားကို လိုသလောက်ပဲ လျှော့သုံးကြပါ။

 

အဝလွန်ခြင်း - ဒီအချက်ကလည်း သွေးပေါင်ချိန်ကို တက်စေပါတယ်။ (သွေးကြောနံရံမှာ ပိတ်နေတဲ့ အဆီတွေကြောင့်ဖြစ်ပါတယ်၊ အရှေ့မှာ ပြောသွားသလိုမျိုး ရေပိုက်က ကျဉ်းနေ၊ပိတ်နေ တော့ တွန်းပို့ရတဲ့ ရေစက်ရဲ့ ဖိအားက များလာရမယ့်သဘောပါ) သွားလာရ ခက်ခဲသွားတဲ့ သွေးကြောတွေထဲ သွေးတွေ ပုံမှန်လှည့်ပတ် နိုင်ဖို့ နှလုံးက ပုံမှန်ထက် ပိုတဲ့ ဖိအားကို သုံးရတာကြောင့်သွေးပေါင်ချိန် တက်လာတာဖြစ်ပါတယ်။

သွေးလည်ပတ်မှုမကောင်းလျှင် ဘယ်လို လက္ခဏာ မျိုးတွေ ဖြစ်တတ်လဲ ဖတ်ရှုရန် နှိပ်ပါ။

ေသြးလည္ပတ္မႈမေကာင္းလွ်င္ ဘယ္​လို လကၡဏာ မ်ိဳး​ေတြ ျဖစ္​တတ္​လဲ

အရက်သောက်ခြင်း - တစ်နေ့ကို အနည်းငယ် (သတ်မှတ်ထားတဲ့ ပမာဏ) ကို သောက်ပေးမယ်ဆိုရင် သွေးပေါင်ချိန်ကို ထိန်းထားနိုင်ပေမဲ့ လိုတာထက် ပိုလာရင်တော့ တန်ဆေးလွန်ဘေး အတိုင်း မလိုလားအပ်တဲ့ ရောဂါတွေဝင်လာတာပါပဲ။

 

ဒီထဲမှာ သွေးတိုးရောဂါကလည်း တစ်ခုအပါအဝင် ပါပဲ။ - ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်ခြင်းက လူကို လုံး၀ ကောင်းကျိုးမပေးပါဘူး။ ဆေးလိပ်သောက်တဲ့ လူရဲ့ သွေးကြောနံရံတွေက မာကြောနေပြီး ပုံမှန်လူရဲ့ သွေးကြောနံရံတွေလို အလွယ်တကူ ကျုံ့နိုင်ဆန့်နိုင် မလုပ်နိုင်ပါဘူး။ ဒါကြောင့် မာကြောနေတဲ့ ဒီသွေးကြောထဲမှာ သွေးတွေ ပုံမှန်အတိုင်း စီးဆင်းဖို့ ပုံမှန်ထက် ပိုတဲ့ သွေးပေါင်ချိန်ကို အသုံးပြုရတာ ဖြစ်ပါတယ်။

 

လှုပ်ရှားမှုနည်းခြင်း - White Collar Labor လို့ခေါ်တဲ့ ဉာဏ် အားကိုသုံးပြီး အလုပ်လုပ်ရတဲ့ လူတွေ အဓိက ဖြစ်ပါတယ်။ တစ်နေကုန် အဲကွန်းခန်းထဲမှာ ထိုင်ပြီး မလုပ်မရှပ် အလုပ်လုပ်နေရတာ ကြာလာတော့ သွေးကြောတွေမှာ အဆီတွေ တက်လာမယ် သွေးတွေတိုးလာမယ်။ - Stress များခြင်း - များပြားလှတဲ့ အလုပ်တွေ၊ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတဲ့ စီးပွားရေးတွေ ကြောင့် ပူပင်သောက၊ စိတ်ဖိစီးမှုတွေ များလာပါတယ်။

 

ဒီလို အခြေအနေမှာ ခန္ဓာကိုယ်က ဟော်မုန်းတွေကို လိုတာထက် ပိုထုတ်လုပ်လာပြီး အဲ့ဟော်မုန်းတွေကြောင့် သွေးတိုးရောဂါတွေ တခြားသော ရောဂါတွေလည်း ဝင်လာတာဖြစ်ပါတယ်။

Read times Last modified on Wednesday, 13 November 2019 17:09
Rate this item
(0 votes)