What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 12 January 2021 12:25

သွေးတိုးရောဂါကြောင့် ကျောက်ကပ်များနှင့် နှလုံးကို ထိခိုက်ပျက်စီးစေနိုင်

အိန္ဒိယနိုင်ငံရှိ သွေးတိုးရောဂါခံစားနေရသည့် လူငယ်များ၏ ၂၀ ရာ ခိုင်နှုန်းခန့်သည် ကျောက်ကပ်ပျက်စီးခြင်း နှင့် နှလုံးခုန်နှုန်း ရပ်ဆိုင်း ခြင်း၏ အန္တရာယ် ၄၀ ရာခိုင်နှုန်း ပိုများကြောင်း ဆရာဝန်များက ပြောကြားသည်။

 

သွေးတိုးရောဂါသည် အစဉ်သဖြင့် လက္ခဏာများ ပြသလေ့မရှိသော်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးကို တဖြည်းဖြည်း ထိခိုက်စေနိုင်သည်ဟု ဆရာဝန်များကပြောသည်။

 

လူငယ်အများအပြားသည် ၎င်းတို့တွင် သွေးတိုးရောဂါရှိ ကြောင်း သတိမထားမိကြဘဲ လှုပ်လှုပ်ရှားရှား မနေတတ်သည့် နေ ထိုင်မှုပုံစံမျိုးဖြင့် ဆက်လက်နေထိုင်ကြစဉ် ကျောက်ကပ်များ ဖြည်းဖြည်းချင်း ပျက်စီး လာပြီး နှလုံးလည်း ထိခိုက်လာကာ အခြားသော ပြဿနာအမျိုးမျိုးဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ မြင့်တက်လာ နိုင်ကြောင်း ဆရာဝန်များကပြောသည်။

 

လူငယ်လူရွယ်များ၏ ၉၅ ရာခိုင်နှုန်းခန့်သည် ဆေးလိပ်အလွန် အကျွံသောက်ခြင်း၊ သေချာစွာ အိပ်စက်မှု မရှိခြင်း၊ အရက်သောက်ခြင်း၊ လေထုညစ်ညမ်းမှုနှင့် ကြုံရခြင်းနှင့် ရှည်ကြာသော အလုပ်ချိန် တို့ကြောင့် သွေးတိုး ရောဂါ စဖြစ်လာရကြောင်း ဆရာဝန်များက ပြောသည်။

 

သွေးတိုးခြင်းကို မကုသဘဲထားပါက နှလုံးနှင့် ကျောက်ကပ် များ ထိခိုက်ပျက်စီးနိုင်ပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်း (သို့မဟုတ်) ကျောက်ကပ်ပြဿနာများကဲ့သို့ အသက်အန္တရာယ်ရှိသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်။

 

သွေးတိုးရောဂါသည် ခန္ဓာကိုယ်၏ အရေးကြီးသော အင်္ဂါများကို ထိခိုက်ဖျက်ဆီးပစ်ပြီးမှသာ ရောဂါ လက္ခဏာများ ပြသလေ့ရှိသောကြောင့် အသံတိတ်လူသတ်သမားရောဂါဟု ခေါ်ဆိုလေ့ရှိသည်။

 

သွေးတိုးရောဂါမဖြစ်စေရေး ကိုယ်လက်လှုပ်ရှားမှုတိုးမြှင့်ခြင်း၊ တရားထိုင်ခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချခြင်းနှင့် ဆေးလိပ်၊ အရက်မသောက်ဘဲနေခြင်းတို့သည် အဓိကကျသော နည်းလမ်း များဖြစ်သည်ဟု ဆရာဝန်များက ပြောသည်။

Read times Last modified on Tuesday, 12 January 2021 12:27
Rate this item
(0 votes)