What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 21 June 2022 15:47

သွေးအားနည်းရောဂါဆိုတာ..

သွေးအားနည်းရောဂါဆိုတာ.. google.com

လူတိုင်းအသက်ရှုကြရပါတယ်။ ရှုသွင်းလိုက်တဲ့လေထဲက အောက်ဆီဂျင် ကိုသုံးပြီး သွေးကို သန့်အောင် လုပ်ပေးဖို့ပါ။

သွေးထဲမှာ တော့ သွေးနီဥတွေရှိပါတယ်။ သွေးနီဥမှာ အောက်ဆီဂျင်ကို အသုံးချနိုင်တဲ့ ( ဟီမိုဂလိုဘင်) ဆိုတဲ့ သံဓာတ်ပါဝင်ပါတယ်။ ဒါကြောင့် သံဓာတ်အားနည်းတာကို သွေးအားနည်းတာလို့လည်း ခေ ါ်ပါတယ်။ သွေးစစ်ရင် (HB) ( ဟီမိုဂလိုဘင် ) နည်းနေတယ်လို့ အဖြေထွက်ရင် သွေးအတွင်း သံဓာတ်အားနည်းနေလို့ပါ။ (ဟီမိုဂလိုဘင်) ဟာ ပုံမှန်အားဖြင့် ကလေးများမှာ ၁၁ မှ ၁၂၊ အမျိုးသမီးများမှာ ၁၁ မှ ၁၂ နဲ့၊ ယောကျ်ားများမှာ ၁၃ မှ ၁၄ g/dl ရှိရပါတယ်။

သွေးအားနည်းရောဂါက တစ်မျိုးမကရှိပါတယ်။ ခဏတာ သွေးအားနည်းခြင်းနဲ့ နာတာရှည်သွေးအားနည်းခြင်း၊ နဲနဲဆိုးခြင်း၊ များများဆိုးခြင်း ဆိုပြီးရှိပါတယ်။

သွေးအားနည်းခြင်း၏ လက္ခဏာရပ်များကတော့- အသားအရေဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ မောပန်းလွယ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အသက်ရှုမဝခြင်း၊ ရင်ဘက်အောင့်ခြင်း၊ ခေါင်းမူခြင်း၊ ခြေလက် အေးစက်ခြင်း၊ါ် ခေါင်းကိုက်ခြင်း၊ စတဲ့ လက္ခဏာများ ခံစားရနိုင်ပါတယ်။ အစားအစာထဲမှာပါတဲ့ သံဓာတ်အပြင် အခြားဓာတ်တွေနဲ့ ပရိုတင်းတွေကိုသုံးပြီး (ရိုးတွင်းခြင်ဆီ) က သွေးနီဥကို ထုတ်ပေးတာပါ။ ဒါကြောင့် အစားအစာထဲမှာ သံဓာတ်နည်းသူများ၊ ဒဏ်ရာ၊ေ ရာဂါများကြောင့် သွေးထွက်လွန်ခြင်း တို့ကြောင့်လည်း သွေးအားနည်းစေနိုင်ပါတယ်။

လစဉ်ရာသီ်သွေးဆင်းနေရတာကြောင့်လည်း သွေးအားနည်းစေနိုင်သလို၊ ကိုယ်ဝန်ရှိ၍မစားနိုင်ဘဲ အာဟာရချိုတဲ့သူတွေ၊ အစားအစာချေးများသူတွေ၊ အရက်ကို နေ့တိုင်းနီးပါးသောက်သုံးသူများ၊ Celiac Disease နဲ့ Crohn’s Syndrome ဆိုတဲ့ အူရောဂါတွေရှိနေရင်၊ အူကိုအရှည်ကြီးဖြတ်ပစ်လိုက်ရသူတွေ၊ နာတာရှည်ကျောက်ကပ်၊ အသဲ၊ ကင်ဆာရောဂါတွေ ရှိရင်၊ ဓာတုအဆိပ်မိသူတွေ အများစုမှာ သွေးအားနည်း ရောဂါဖြစ်တတ်ပါတယ်။

အများဆုံးဖြစ်တာကတော့ သံဓာတ်ကြောင့် သွေးအားနည်းရောဂါဖြစ်စေတာပါ။ Iron deficiency anemia ဖြစ်ရင် သံဓာတ်ပါတဲ့ အစားအစာတွေ ရွေးစားသင့်ပါတယ်။ သံဓာတ်ပါတဲ့ အစားအစာများကို ကိန်းဂဏာန်းများ ဖြင့်ဖော်ပြလိုက်ပါတယ်။ အသဲ( ၇၀ )၊ ပဲပုတ် ( ၅၀ )၊ တခြားပဲ ( ၂၀-၂၅ )၊ တိုဖူး ( ၂၀ )၊ ဟင်းနနွယ် (၂၀ )၊ အမဲသား( ၁၀-၂၀ )၊ ကြက်အသား ( ၆ )၊ ပေါင်မုန့် ( ၆ )၊ ဝက်သား( ၄ )၊ တို့ဖြစ်ပါတယ်။

သွေးအားကောင်းဖို့ ဆေးဝါးအကူအညီနှင့်လည်း တိုးတတ်စေနိုင်ပါတယ်။ ပုံမှန်သွေးအားနည်းနေတဲ့ အမျိုးသမီး တစ်ယောက်ကသံဓာတ်ပါ စားဆေး (၃ ) လလောက်သောက်ပေးသင့်ပါတယ်။ သံဓာတ်ထိုးဆေးကတော့ Imferon Iron Dextran Injection ညိုမဲမဲ ခပ်ပြစ်ပြစ်ဖြစ်ပါတယ်။ ထိုးဆေးဟာ လူနာကိုအိပ်စေတာကြောင့် ဂရုစိုက်ထိုးပေးရပါတယ်။ ဆေးနဲ့မတည့်တာလည်းရှိနိုင်တာကြောင့် ဆေးမထိုးခင် တည့်မတည့် စမ်းပြီးမှ ထိုးသင့်ပါတယ်။

သံဓာတ်အပြင် (ဖောလစ်အက်စစ်) ကြောင့် လည်းသွေးအားနည်းရောဂါဖြစ်စေပါတယ်။ ဖောလစ်အက်စစ်ပါတဲ့ အစားအစာများကတော့ ပဲအမျိုးမျိုး၊ လိမ္မော်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ သဘောၤသီး၊ ပဲနို့၊ ဟင်းနုနွယ်၊ မုံညင်း၊ မုံလာအမျိုးမျိုး၊ အာလူး၊ ကြက်သွန်နီပင်၊ စတဲ့ အစိမ်းရောင်အသီးအရွက်များ၊ အစေ့အဆံများ၊ နေကြာစေ့၊ မြေပဲ၊ အသဲ-အမြစ်၊ နံနက်စာအဖြစ်စားလေ့ရှိတဲ့ ကောက်နှံ-ပြောင်း၊ ပြောင်းဖူးထွက်အစာများ၊ ပေါင်မုန့်၊ ဂျုံ၊ ခေါက်ဆွဲ၊ ဆန်တို့ဖြစ်ပါတယ်။ Folic acid (ဖောလစ်အက်စစ်) ဟာ Spina bifida နဲ့ Anencephaly ခေါ်မွေးရာ ပါ ဦးနှောက် -အာရုံကြော ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

နောက်တမျိုးကတော့ ဗီတာမင် ဘီ-၁၂ ကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါပါ။ ဘီ-၁၂ဟာတစ်နေ့ကို 7 mcg လိုအပ်သဖြင့် အားနည်းနေရင် Injection Vitamin 12 ထိုးပေးသင့်ပါတယ်။ ထိုးဆေးမှာ ပန်းရောင်ဖြစ်ပြီး အမြဲတမ်းထိုးပေးရမှာပါ။ ဘီ-၁၂ဟာ သွေးအတွက်သာမက ဦးနှောက်ကိုလည်း ထက်မြတ်စေပါတယ်။ အစားအစာများကတော့- ခရု၊ အသဲ၊ ကောက်နှံများ ၊ ငါး၊ အမဲသား၊ ဒိန်ချဉ်၊ နွားနို့်၊ ဥ၊ ကြက်သားတို့ဖြစ်ပါတယ်။

လူတစ်ယောက်မှာ သွေးနီဥ စုစုပေါင်း ၂၅ Trillion ၊ စက္ကန့်တိုင်းသွေးနီဥအသစ်ပေါင်း ၁၅ Trillion ကို ရိုးတွင်းခြင်ဆီက ထုတ်ပေးပါတယ်။

Blood Transfusion သွေးသွင်းကုသခြင်းဟာ အရေးပေါ်နဲ့ဆိုးဝါးတဲ့ သွေးအားနည်းရောဂါများအတွက် အသက်ကိုကယ်နိုင်ပါတယ်။ သွေးနီဥများဟာ ရက် ၉၀-၁၂၀ သာ အသက်ရှည်ပြီး အသစ်ထပ်ထပ်ဖြစ်နေကြတာပါ။ ထိုကြောင့် သွေးလှူရှင်တဦးဟာ သွေးလှူပြီး ရက် ၁၂၀ (သို့) ၄ လ တခါ သွေးထပ်မံလှူဒါန်းနိုင်ပါတယ်။

Bone marrow ( ရိုးတွင်းခြင်ဆီ)၊ မကောင်းသူတွေမှာ Aplastic anemia နဲ့ ကင်ဆာနှင့်တူတဲ့ Leukemia ( လူကီးမီးယား ) သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။ Aplastic anemia ဆိုရင်သွေးသွင်းပေးရပါတယ်။ Bone marrow transplant ခေါ် ရိုးတွင်းခြင်ဆီ အစားထိုးပေးရပါတယ်။ ဆိုးဝါးတဲ့သွေးအားနည်းရောဂါကြောင့် အသက်တောင်သေဆုံးနိုင်ပါတယ်။

Dr Tint Swe

Read times
Rate this item
(0 votes)