What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 April 2018 15:26

အရေးပေါ်လူနာတင်ယာဉ်ုဖြစ်တည်လာရခြင်း အကြောင်း

အရေးပေါ်လူနာတင်ယာဉ်ုဖြစ်တည်လာရခြင်း အကြောင်း google.com

လူနာတင်ယာဉ် ( Ambulance ) ဆိုသည်မှာ နေထိုင်မကောင်းသူ (သို့) ထိခိုက်ဒဏ်ရာရသူအား ဖြစ်သည့် နေရာမှ ဆေးကုသမှု ခံယူနိုင်ရန်အတွက် ဆေးရုံ(သို့) ကုသပေးနိုင်သည့် နေရာသို့ ပို့ဆောင်ပေးရသော ယာဉ်ဖြစ်ပါတယ်။

ယာဉ်ပေါ်တွင် လူနာအား ဆေးရုံတွင် ဆေးကုသမှုပေးသကဲ့သို့ ပြုစုကုသပေးနိုင်သော ယာဉ်ဖြစ်ပါတယ်။ လူနာတင်ယာဉ်ဟူသော ဝေါဟာရကို လက်တင်ဘာသာစကားမှ “အင်ဗျူလာ” Ambulare မှဆင်းသက်လာပြီး “to walk or move about” ဟု အဓိပ္ပာယ်ရပါတယ်။

Related image

သမိုင်းမှတ်တမ်းများအရ ပထမဆုံးလူနာတင်ယာဉ်ကို ၁၄၈၇ ခုနစ်က စပိန်တွင် စတင်အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် စက်တပ်လူနာတင်ယာဉ်များ တီထွင်လာခဲ့ပါတယ်။ အခြားယာဉ်များနှင့် မတူပဲ အချက်ပြမီး နှင့် ဥဩသံကို အသုံးပြုခွင့်ပေးထားပါတယ်။ လူနာတင်ယာဉ်ပေါ်မှ လူနာ၏ အခြေအနေပေါ်မူတည်ပြီး မီးအချက်ပြ မှုနှင့် အသံပေးမှုပြုထားပါတယ်။

အချက်ပြမီးနှင့် ပတ်သတ်ပြီး နိုင်ငံအလိုက်သတ်မှတ်ချက်များ ရှိကြပြီး အများအားဖြင့် ရဲကားများတွင် အနီ နှင့် အပြာရောင်၊ မီးသတ်ကားတွင် အနီရောင်၊ ဆေးဘက်ဆိုင်ရာ လူနာတင်ယာဉ်များတွင် အနီရောင်နှင့် အဖြူရောင်၊ နာရေးသယ်ပို့ကားများတွင် ခရမ်းရောင်၊ လုံခြုံရေးအေဂျင်စီများတွင် အစိမ်းရောင်စသည့်ဖြင့် အသုံးပြုကြပါတယ်။

မီးရောင်နှင့် အတူအချက်ပေးကိရိယာကိုလည်းအသုံးပြုနိုင်ပြီး အများပြည်သူအထိတ်တလန့်မဖြစ်စေရန်နှင့်စာ သင်ကျောင်းများ၊ ဆေးရုံများတွင် အချက်ပေးဥဩသံများကို မသုံးရန်တားမြစ်ထားပါတယ်။

လူနာတင်ယာဉ်ပေါ်တွင် ယာဉ်မောင်းအပြင် လူနာတင်ယာဉ်၏ အဆင့်အတန်းအလိုက် ဆရာဝန်၊ အကူသူနာပြု နှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အနိမ့်ဆုံးရှေးဦးသူနာပြုစုသူများ၊ အသက်ကယ်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းကိရိယာများကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်သူများ ပါရပါတယ်။

လူနာတင်ယာဉ်နှင့် လူနာပို့ဆောင်ရာတွင် အခြေအနေ(၂) မျိုးရှိသည်။ အရေးပေါ်လူနာပို့ဆောင်ခြင်းနှင့် အရေးပေါ်မဟုတ်သောလူနာပို့ဆောင်ခြင်းတို့ဖြစ်ပါတယ်။

သွေးဆုတ်၊ သွေးလန့်နေသူ၊ သတိမေ့မြောနေသူ၊ သွေးထွက်လွန်နေသူ၊ နှလုံးရပ်သွားသူ၊ လေဖြတ်သူတို့ကို အရေးပေါ်လူနာအဖြစ်သတ်မှတ်ပါတယ်။ ဆေးရုံအချိန်မီရောက်ဖို့အတွက် အချက်ပြမီးနှင့် အချက်ပေးသံကို လိုအပ်သလို အသုံးပြုရပါတယ်။ သာမန်ဖျားနာသူ၊ နာတာရှည်ရောဂါသည်များ ၊ ဆေးရုံဆင်းလူနာများ၊ သယ်ယူပို့ဆောင်ခြင်းမှာ အရေးပေါ်မဟုတ်သော ပို့ဆောင်ခြင်းမျိုးပါ။

ရှေးဂရိဆေးပညာရှင်များက လူနာတင်ယာဉ်တွင် တပ်ဆင်ရန်အတွက် ရှေးဂရိတို့၏ ရောဂါပျောက်ကင်း ခြင်း အမှတ်အသားဖြစ်သည့် “ ခြောက်ထောင့်ကြယ် အမှတ်အသား” “ six points on the star of life” ကို သတ်မှတ်ခဲ့ကြပါတယ်။ ခြောက်ထောင့်ကြယ်အ မှတ်အသား၏ အလယ်တွင် ဆေးတောင်ဝှေးကို မြွေက ရစ်ပတ်နေသည့်ပုံကို ထည့်ထားပါတယ်။ အမှတ်အသား၏ အခြေခံ ရည်ရွယ်ချက်မှာ ရှေးဦးသူနာပြုပေးခြင်းပင်ဖြစ်ပါတယ်။ လူနာ၏ အသက်နှင့် ကိုယ်ခန္ဓာတည်မြဲနေစေရန်၊ ထိခိုက်အနာတရ ထပ်မံဖြစ်ပွား မှုမှ ကာကွယ်ရန်နှင့် အမြန်ဆုံးပြန်လည်ကောင်းမွန်စေရန် ဖြစ်ပါတယ်။

Image result for Ambulance log

 

ခြောက်ထောင့်ကြယ်၏ ထောင့်တစ်ခုစီတွင် လုပ်ဆောင်ချက်တစ်ခုစီရှိပါတယ်။

(၁) စောလျင်စွာ စူးစမ်းရှာဖွေဖော်ထုတ်ခြင်း (Early detection)၊

(၂) စောလျင်စွာ သတင်းပို့ပေးခြင်း (Early reporting)

(၃) စောလျင်စွာ တုံ့ပြန်မှုပေးခြင်း( Early response)

(၄) ဖြစ်စဉ်ပေါ်တွင် ပြုစုပေးခြင်း ( On scene care)

(၅) သယ်ဆောင်သွားစဉ် စောင့်ရှောက်မှုပေးခြင်း( care in transit)

(၆) ပြုစုကုသမှုခံနိုင်ရန် လွှဲပြောင်းပေးခြင်း ( Transfer to definitive care)

ဖြစ်ပါတယ်။ ဒါကြောင့် လူနာတင်ယာဉ်ပေါ်ရှိ တံဆိပ်အမှတ်အသားသည် လေးနက်သည့်သဘောကို ဆောင်သည့် သင်္ကေတတစ်ခုဖြစ်ပါတယ်။

လူနာတင်ယာဉ်များတွင် ကြက်ခြေနီအမှတ်အသားမတပ်ဆင်သင့်ပေ။ ကြက်ခြေနီအမှတ်အသားသည် နိုင်ငံအစိုးရများ သဘောတူလက်မှတ်ရေးထိုးထားသည့် ဂျီနီဗာ အများသဘောတူစာချုပ်အရ စစ်မက်ဖြစ် ပွားနေချိန်၊ အေးချမ်းမှုမရှိသည့် ကိစ္စများဖြစ်ပွားနေချိန်တွင် လူနာနှင့်ေ ဆးဝန်ထမ်းများက ဆေးရုံနှင့် လူနာ တင်ယာဉ်များအား အကာအကွယ်ရစေရန် တပ်ဆင်သည့် အမှတ်အသားဖြစ်ပါတယ်။

ကြက်ခြေနီအဖွဲ့နှင့် ပတ်သတ်သော အရာများတွင်သာ တပ်ဆင်ခွင့်ရှိပြီး ကြက်ခြေနီမဟုတ်သည့် မည်သည့် အရာများတွင် ရေးဆွဲတပ်ဆင်ထားပါက အလွဲသုံးစားမှု ( Misused ) အဖြစ် သတ်မှတ်ပါတယ်။

လူနာတင်ယာဉ်၏ အခြေခံသဘောတရားများ၊ လူနာတင်ယာဉ်တံဆိပ်က အစ အဓိပ္ပာယ်ရှိပုံ၊ အရည်အချင်းပြည့်ဝစွာ ပြုစုစောင့်ရှောက်မှု၊ တို့ကို ဗဟုသုတရဖွယ် ဖတ်ရှုလိုက်ရမည်လို့ ယုံကြည်ပါတယ်။

Read: သင့်မှာ ခရုသင်းဆိုတဲ့ အရေပြားရောဂါဖြစ်နေပြီဆိုရင်…..

Related image

Read times Last modified on Monday, 23 April 2018 16:14
Rate this item
(0 votes)