What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 15 June 2018 17:23

မစားသင့်သော မနက်စာများ

မစားသင့်သော မနက်စာများ Google.com

မနက်စာ စားသုံးခြင်းဟာ ဦးနှောက်ကျန်းမာရေး အတွက်သာမက ခန္ဓာကိုယ်ကျန်းမာရေး အတွက်ပါ အကျိုးရှိစေပြီး တနေ့တာရဲ့ အလုပ်လုပ်နိုင်စွမ်းကိုလည်း အထောက်အကူပြုပါတယ်။

ဒါပေမယ့် သင်ဟာ မနက်စာကို ဝမ်းဗိုက်အမြန် ပြည့်တင်းဖို့ လွယ်လွယ်တွေ့တဲ့ အစားအစာကို စားမိနေသူ တယောက်ဆိုရင်တော့ တချို့သောမနက်စာ အဖြစ်စားသုံး နေကြတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် မသင့်တော်တဲ့ အကြောင်း ဆေးပညာရှင်တွေရဲ့ အကြံပြု ချက်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။

Image result for ဒိန်ချဉ်

သင့်မနက်ခင်းတွေမှာ ဘာမှမစားရသေးဘဲ အဆီထုတ်ထားတဲ့ ဒိန်ချဉ်သောက်သုံးခြင်းဟာ သင့်အစာအိမ်ရဲ့ အစာခြေစနစ်တွေကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အဆီထုတ်ထားတဲ့ ဒိန်ချဉ်ကို မနက်စာအဖြစ် စားသုံး လိုက်ခြင်းအားဖြင့် ခန္ဓာကိုယ် ခုခံအားစနစ်တွေကို လျော့ကျစေနိုင်တာကြောင့် အဆီထုတ်မထားတဲ့ သဘာဝ ဒိန်ချဉ်မျိုး ကိုသာ မနက်စာအဖြစ် စားသုံးပေးသင့်ပါတယ်။

Image result for Don't Drink Milk

မနက်စာအဖြစ် အစာမစားရသေးဘဲ နို့သောက်ဖို့ကို ဘယ်ဆေးပညာရှင်မှ အကြံပြု မထောက်ခံထားပါဘူး။ အစာမရှိဘဲ နို့သောက်သုံးခြင်းဟာ အစာအိမ်ထဲရှိ အက်ဆစ်ဓာတ်ထုတ်လွှတ်ခြင်းကို လှုံဆော်ပေးပြီး ရင်ပူရင်ဆာ ဖြစ်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် မနက်စာအဖြစ် အစာတခုခု စားသုံးပြီးမှသာလျှင် သောက်သုံးပေးသင့်ပါတယ်။

Image result for Don't Eat Banana

မနက်စာအဖြစ် ငှက်ပျောသီးတလုံးကို အလွယ်တကူ စားသောက်တတ်တဲ့အကျင့်ဟာ ရေရှည်မှာ သင့်နှလုံး ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် မနက်စာအဖြစ် မစားသုံးသင့်ပါဘူး။ ငှက်ပျောသီးဟာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝလွန်းတာကြောင့် အများကြီးစားမိရင် အန္တရာယ်ရှိနိုင်ပါတယ်။

Image result for Sweet Drink

သကြားဓာတ်လွန်ကဲစွာ ပါဝင်တဲ့ အားဖြည့်အချိုရည်တွေ အပါအဝင်အပြင် ဆိုဒါပါဝင်တဲ့ အအေးတွေကို မနက်စာအဖြစ် သောက်သုံးခြင်းကို အထူးရှောင်ကြဉ်သင့်ပါတယ်။ ရေရှည်မှာ အဝလွန်ခြင်းအပြင် ဆီးချို၊ သွေးချို ရောဂါတွေကို ဖြစ်ပွားစေနိုင်တာကြောင့် မနက်စာအဖြစ် သောက်သုံးဖို့ မသင့်တော်ပါဘူး။

source:irrawaddy

MyanmarMMRD မှ Health Products Directoryစာအုပ် အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။

Directory_Book_1.jpg

 

Read:အမဲသားစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

အမဲသားစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

 

Read times Last modified on Friday, 15 June 2018 17:31
Rate this item
(1 Vote)