What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Wednesday, 20 November 2019 13:14
Written By Aung Win (Health Products Directory)
{Unicode)
======
ဆီးချို ရောဂါ ရှိနေပြီးဆိုတာ သတိပေးနေတဲ့ လက္ခဏာ ၅ ခု
ဆီးချို ရောဂါ ဆိုတာ တသက်လုံး ဝေဒနာ ခံစားရတဲ့ နာတာရှည် ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ အကယ်၍ ဆီးချို ရောဂါ ကို ကောင်းမွန်စွာ ဆေးကုသမှု မခံယူဘူးဆိုရင် နှလုံး ရောဂါ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ (CAD) နဲ့ လေဖြတ်ခြင်း ကဲ့သို့ ပြင်းထန်းတဲ့ ရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ 
ဆီးချို ရောဂါကို မထိန်းချုပ်ဘူးဆိုရင် အချိန်ကြာလာတာနဲ့ အမျှ အန္တရာယ်များလေလေဘဲ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ လက္ခဏာ တစ်ခုခုကို ကြုံတွေ့ ခံစားနေရတယ် ဆိုရင် ဆရာဝန် နဲ့ တိုင်ပင်ပြီး စစ်ဆေးမှုများ ပြုလုပ်ဖို့ အကြံပြုလိုက်ပါတယ်။
မကြာခဏ ဆီးသွားခြင်း (Polyuria)
ဆီးချို ရောဂါ ရှိသူများ အတွက် အစားအစား တွေက သကြားဓာတ်ကို ပိုတိုးစေပါတယ်။ သွေးကြော ထဲရှိမှာရှိတဲ့ သကြားဓာတ် တွေက ကျောက်ကပ်ကို ပိုအလုပ်လုပ် စေပါတယ်။ ဘာလို့လဲဆိုတော့ သွေးကြောထဲမှာ ရှိတဲ့ သကြားဓာတ်တွေကို သွေးများက ဖယ်ထုတ်ပြီး ကျောက်ကပ်ကို ပို့ဆောင်ရပါတယ်။ ကျောက်ကပ်မှ တဆင့် ဆီးအဖြစ် ခန္ဓာကိုယ်ကနေ စွန့်ထုတ်ပစ်ရပါတယ်။
ရေငတ်ခြင်း (Polydipsia)
သွေးထဲရှိ သကြားဓာတ် များကို ကျောက်ကပ်ကနေ ဖယ်ထုတ်ဖို့ ဆီးကို ပိုထုတ်လွှတ် ရပါတယ်။ ဆီးကို ပိုထုတ်လွှတ်ရတာကြောင့် သင့်ခန္ဓာကိုယ်မှ ရေဓာတ်များကို ဆုံးရှုံးသွားပြီး ရေဓာတ်ခန်းခြောက် လာစေပါတယ်။ နောက်ဆက်တွဲ အနေဖြင့် သင့်ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေ ပြန်လည် ဖြည့်တင်းဖို့ သင့်ကို ရေငတ်ခြင်း မကြာခဏ ဖြစ်ပေါ်စေပါတယ်။
ဆာလောင်ခြင်း (Polydipsia)
ဆီးချို ရောဂါ ဝေဒနာရှင်ရဲ့ ခန္ဓာကိုယ်က အင်ဆူလင် ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ သွေးထဲရှိတဲ့ ဂလူးကို့စ် ပမာဏများက ကာဗိုဟိုက်ဒရိတ် မြင့်မားသော အစားများစားပြီးနောက် သင်ရဲ့ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်များကို ထွက်စေပြီး ဂလူးကို့စ် ပမာဏ ကို ချက်ချင်းကျသွားစေပါတယ်။ အရပ်သားအခေါ်အနေဖြင့် ပြောရမယ်ဆိုရင် ဆီးချိုကျတယ် လို့ ပြောလို့ ရပါတယ်။ ဒီလိုဖြစ်ပြီး ဆိုတာ အစားတစ်ခုခုကို စားသုံးရပါတယ်။
ပါးစပ်ခြောက်ခြင်း (Xerostomia)
Image result for dry mouth
ဆီးချို ရောဂါ အမျိုးအစား ၁ နဲ့ အမျိုးအစား ၂ မှာ အများဆုံးတွေ့ရတဲ့ လက္ခဏ တစ်ခုကတော့ ပါးစပ်ြခောက်ခြင်း ဖြစ်ပါတယ်။ သွေးထဲမှာ သကြားဓာတ် မြင့်မားတာက မကြာခဏ ဆီးသွားခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဆီးသွားခြင်း တိုးလာတာရဲ့ နောက်ဆက်တွဲ အနေဖြင့် ရေဓာတ် ဆုံးရှုံးခြင်း နဲ့ ရေခန်းခြောက်ခြင်း ကို ဖြစ်စေပါတယ်။ ရေဓာတ်များ ဆုံးရှုံးခြင်းကြောင့် ပါးစပ်ခြောက်ခြင်း (ဝါ) အာခြောက် ခြင်းကို ဖြစ်ပေါ်စေပါတယ်။
ခေါင်းကိုက်ခြင်း (Headaches)
ဆီးချို ရောဂါ ရှိသူတွေမှာ သွေးအတွင်း သကြားဓာတ် ပြောင်းလဲမှုကြောင့် ခေါင်းကိုက်လေ့ ရှိပါတယ်။ သွေးအတွင်း သကြားဓာတ် စမ်းသပ်မှုများ လေလေ ၊ ခေါင်းကိုက်လာ လေလေပဲ ဖြစ်ပါတယ်။ ဦးနှောက်မှာ ရှိတဲ့ သွေးကြော ဟော်မုန်းများ ပြောင်းလဲခြင်းကို တုန့်ပြန်မှု အနေဖြင့် သင့်ကို မကြာခဏ ခေါင်းကိုက်ခြင်း ဖြစ်ပေါ်ပါတယ်။
ယခုဖော်ပြ အချက် ၅ ချက်ကို ကြည့်ခြင်း အားဖြင့် ဆီးချို ရောဂါ ဝေဒနာရှင်များအတွက် ရေဓာတ်က အလွန် ရေးပါကြောင့် တွေ့ရပါတယ်။ ဒါကြောင့် စာဖတ်သူများကို အကြံပြုခြင်းတာ တစ်ခုခုကတော့ ရေများများ သောက်သုံးဖို့ အကြုံပြုလိုက်ပါတယ်။
Read times Last modified on Wednesday, 20 November 2019 13:25
Rate this item
(1 Vote)