What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 August 2018 14:50

အရေးပြားပေါ်က အမဲစက်တွေကို အထိရောက်ဆုံးဖယ်ရှားနည်း

အရေးပြားပေါ်က အမဲစက်တွေကို အထိရောက်ဆုံးဖယ်ရှားနည်း Google.com

အရေးပြားဆိုတာ ဟာ လူ့ကိုယ်ခန္ဓာရဲ့ အကြီးမားဆုံး အစိတ်ပိုင်းတွေဖြစ်ပြီး ကျွန်တို့တွေကြုံတွေ့နေရတဲ့ နေ့စဉ်ဘဝက ပြဿနာတွေက ယေဘုံယျ အကျဆုံး ပြဿနာတစ်ရပ်လဲဖြစ်ပါတယ်။

ပညာရှင်တွေရဲ့ဖော်ပြချက်အရ လူသားတွေရဲ့  အသားရေ ပိုင်းဆိုင်ရာနေ့စဉ်ပြဿနာတွေထဲမှာ ဝက်ခြံ နဲ့ အမဲစက်တွေဟာ အများဆုံး ဖြစ်ပါတယ်။ အမဲအစက်ပြောက်တွေဟာ အသက်ရွယ်မရွေးဖြစ်ပေါ်နိုင်ပြီး အဲ့ဒီအတွက်လဲ သဘာဝဆေးနည်းကောင်းတွေရှိနေပြန်ပါတယ်။
၁- အာလူး

Image result for အာလူး

အမဲစက်တွေ ကိုယ်အရေပြားပေါ် ပေါ်လာတဲ့အခါ အာလူးကိုအသုံးပြုနိုင်ပါတယ်။ အာလူးကို ဖျော်ရည်လုပ် (သို့) ပါးပါးလှီးထား ပြီး ကိုယ်သုံးချင်တဲ့အရေပြားပေါ် မိနစ်အနည်းငယ် လိမ်းပေး(သို့) ကပ်ပေးထားနိုင်ပါတယ်။ အဲ့ဒီနောက် ရေနဲ့မျက်နှာသစ်ပေးပါ။ ဒီနည်းလမ်းကတော့ ၈ ရက်အတွင်း ရလဒ်သိသာစေပါတယ်။
၂- သံပုယို

Related image

သံပုယိုသီးမှာ အသားဖြူစေတဲ့ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ လတ်ဆတ်တဲ့သံပုယိုသီး အရည်ကို ဂွမ်းစနဲ့ ယူပြီး ကိုယ်သုံးချင်တဲ့နေရာပေါ်မှာ သုတ်လိမ်းပေးပါ။ အရည်ခြောက်သွားသည့်တိုင်ထားပြီး ရေနဲ့ဆေးချပါ။ နေ့စဉ် နှစ်ပတ်ကြာ ပြုလုပ်ပေးခြင်းဖြင့် ရလဒ်ကိုသိသာစေပါတယ်။
၃- သံပုယိုသီးရည်နှင့်ပျားရည်

ပျားရည်နဲ့သံပုယိုသီးကိုရောစပ်ပြီး mask အဖြစ်အသုံးပြုပေးခြင်းကလဲ အသားရည်ကိုဝင်းလက်စေပြီး၊ အားဖြည့်ပေးနိုင်ပါတယ်။
၎- အုန်းဆီ

အုန်းဆီဟာ ကိုယ်ခန္ဓာအရေပြားပေါ်က အမဲစက်တွေကို ဖယ်ရှာပေးနိုင်ပြီး အစိုဓာတ်ဖြည့်ကာ ဘက်တီးရီးယားတွေကို လဲကာကွယ်ပေးနိုင်ပါတယ်။ အအေးခံထားတဲ့အုန်းဆီကိုအသုံးပြုပြီးလိမ်းပေးခြင်းက ဗီတာမင်တွေပို ပါဝင်စေပါတယ်။

source:mingalarbarmorning

Read:မာဆတ်သွားကြမယ်

မာဆတ်သွားကြမယ်

Read times Last modified on Friday, 24 August 2018 15:20
Rate this item
(1 Vote)