ငါးကြီးဆီက ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပေမဲ့လဲ နေ့စဉ်dietတွင် အိုမီဂါ၃ ပါဝင်ဖို့ အရေးကြီးတယ်ဆိုတာကို လူအများစုက မသိမြင်ခဲ့ကြပါဘူး။
အိုမီဂါ၃က ရောဂါဘယဖြစ်ပွားခြင်းမှ ကျွန်ုပ်တို့ကို ကာကွယ်ပေးပါတယ်။ ကျွန်ုပ်တို့ နေ့စဉ်စားသုံးနေတဲ့အစားအစာတွေက အိုမီဂါ၃ နည်းပါးတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောထားတာဖြစ်ပါတယ်။
အိုမီဂါ၃ဆေးတောင့်ကို လူအများ သောက်သုံးလာကြပါတယ်။ ဒါပေမဲ့ ဘယ်အသက်အရွယ် စသောက်သင့်လဲဆိုတာကို သိဖို့လိုအပ်ပါတယ်။ အိုမီဂါ၃က ဘယ်အသက်အရွယ်မဆို အရေးကြီးပါတယ်။
မွေးကင်းစကနေ အသက်အရွယ်ကြီးသည့်အထိ သောက်လို့ရပါတယ်။ အိုမီဂါ၃ကို လုံလောက်စွာ သောက်သုံးခြင်းက နှလုံးရောဂါ၊ အကြောရောင်ရောဂါ၊ အရိုးပွရောဂါ၊ ကင်ဆာရောဂါဖြစ်ပွားခြင်းတို့ကို ကာကွယ်ပေးပါတယ်။
ဘေဘီလေးတွေက ငယ်ရွယ်လွန်းတဲ့အတွက် မိခင်ရဲ့နို့ကနေ အိုမီဂါကို လုံလုံလောက်လောက်ရရှိပါတယ်။ အသက်တစ်နှစ်အရွယ်မှာတော့ ငါးကြီးဆီကို စပြီး ကျွေးသင့်ပါတယ်။ ငါးကြီးဆီဖြည့်စွက်စာမကျွေးခင်မှာ ငါးအလာဂျစ်ရှိမရှိအရင်ဆုံး စစ်ဆေးသင့်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များတွက် အိုမီဂါ၃ အိုမီဂါ၃ပြည့်ဝတဲ့နို့ကို သောက်သုံးထားတဲ့ကလေးတွေက ဉာဏ်ထက်မြတ်ကြတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အိုမီဂါ၃သောက်သုံးထားတဲ့မိခင်တွေရဲ့ကလေးဟာ အိုမီဂါ၃မသောက်သုံးထားတဲ့မိခင်တွေရဲ့ကလေးနဲ့ နှိုင်းယှဉ်ကြည့်ရင် ဉာဏ်ထက်မြတ်ပြီး သိမြင်နိုင်စွမ်းပိုမြင့်မားကြပါတယ်။
ပန်းနာရင်ကျပ်ရောဂါ- ကိုယ်ဝန်ဆောင်ချိန်အတွင်း အိုမီဂါ၃သောက်သုံးထားတဲ့ အမျိုးသမီးတွေရဲ့ကလေးတွေက ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားမှုလျော့နည်းပါတယ်။ လမစေ့ဘဲမွေးဖွားခြင်း- ကိုယ်ဝန်ဆောင်သည်တွေ အိုမီဂါ၃ကို သောက်သုံးမယ်ဆိုရင် ကလေးကို လမစေ့ဘဲ မွေးခြင်းကို လျော့ချပေးပါတယ်။ အရွယ်ရောက်ပြီးသားသူတွေအတွက် အိုမီဂါ၃ နှလုံးသွေးကြောကျဉ်ရောဂါ- ပုံမှန် ငါးကြီးဆီစားတဲ့သူတွေက နှလုံးသွေးကြောကျဉ်ရောဂါတွေ ဖြစ်ပွားမှုကို ၃၂ရာခိုင်နှုန်းလျော့နည်းစေပါတယ်။ ကင်ဆာ- ပုံမှန် အိုမီဂါ၃သောက်သုံးတဲ့သူတွေက ဘယ်ကင်ဆာရောဂါမဆို ဖြစ်ပွားမှုကို လျော့နည်းစေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
စိတ်ပိုင်းဆိုင်ရာအခြေအနေများ- အိုမီဂါ၃က ဦးနှောက်လုပ်ဆောင်မှုအတွက် အဓိကနေရာမှာ ပါဝင်ပါတယ်။ အိုမီဂါ၃က လူတွေကို စိတ်ကျရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးတယ်လို့လဲ တွေ့ရှိရပါတယ်။ ကလေးတွေ အိုမီဂါ၃ကို အဆက်မပြတ်စားသုံးမယ်ဆိုရင်တော့ သွေးထွက်ခြင်း၊ သွေးအားနည်းခြင်း၊ အော့အန်ခြင်းနဲ့ အခြားဘေးထွက်ဆိုးကျိုးများဖြစ်ပွားနိုင်တယ်ဆိုတာကိုသတိပြုမိသင့်ပါတယ်။
Source:mingalarbarmorning