What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 15 October 2018 12:07

စားချဉ် ပြန်တာက အသက်သေဆုံးစေနိုင်သလား

စားချဉ့်ပြန်တာက ကျန်း မာ ရေးနဲ့ပတ်သက်တဲ့ပြဿနာတွေထဲက အတွေ့ရ အများဆုံး ပြဿနာတစ်ခုပါ။ စားချဉ့်ရည်ပြန် တယ် ဆိုတာက အစာအိမ်ထဲက အစာခြေရည်တွေက အစာရေမြို ကို ဖြတ်ပြီး အထက်ကို ဆန်တက် လာ တာကို ခေါ်တာပါ။

နားလည်အောင်ပြောရရင် ပုံမှန်ဖြစ်စဉ်နဲ့ ဆန့်ကျင်နေတာကို ဆိုလိုတာပါ။ အစာခြေရာမှာ အ ထောက်အကူပြုပေးတဲ့ အစာအိမ်ထဲမှာရှိနေရမယ့် အစာခြေအက်ဆစ်တွေက အစာရေမြိုထဲကို စီး ဆင်းလာတာကို ဆိုလိုတာပါ။ အ စာရေမြိုက အက်ဆစ်တွေကို ထိန်းသိမ်းတဲ့နေရာမဟုတ်ပါ ဘူး။ စားလိုက်တဲ့အစာတွေကို အစာအိမ်ထဲကို ပို့ပေးတဲ့ အင်္ဂါ အစိတ် အပိုင်းတစ်ခုပါ။


စား ချဉ့် ရည် ပြန်ရတဲ့ အကြောင်းအရင်း အမျိုးမျိုး ရှိပါတယ်။ ဆားတွေ အစားများရင် လည်း စားချဉ့်ရည်ပြန်ပါတယ်။ အမျှင်ဓာတ်အစားနည်းရင် လည်း စားချဉ့်ရည်ပြန်ပါတယ်။ စားချဉ့် ရည်ပြန်တာက ရင်ပူတာကို ဖြစ် စေနိုင်ပါတယ်။ ရင်ဘတ်အောက် ပိုင်းက အနည်းငယ်နာကျင်တာကို ခံစားရစေနိုင်ပါတယ်။ သည်လို မျိုးနာကျင်မှုက လှဲနေတဲ့အခါမျိုးနဲ့ ကိုယ်ကို ကိုင်းနေတဲ့အခါမျိုးမှာ ပိုပြီး ဆိုးလာတတ်ပါတယ်။
သည်လိုမျိုး စားချဉ့်ပြန် ဝေဒ နာခံစားရနေချိန်မှာ လှဲအိပ်နေ မယ် ဆိုရင် ပိုဆိုးလာနိုင်ပါတယ်။ သည်ဝေဒနာက လူကြီးလူငယ်မရွေးမှာ ခံစားရနိုင်ပါတယ်။

စားချဉ့်ပြန်ဝေဒနာခံစားပြီးတဲ့အခါလည်ချောင်းနာတာ၊ အသံဝင် တာနဲ့လည်ချောင်း အနောက် ပိုင်းက နာကျင်တာမျိုးတွေ ခံစား ရနိုင်သလို မောပန်းနွမ်းနယ်တာကိုလည်း ခံစားရနိုင်ပါတယ်။ အိပ်နေချိန်အတွင်းမှာ ပန်းနာရင်ကျပ် ဖြစ်တာ၊ အသက်ရှူရခက်တာ မျိုး တွေကိုလည်း ခံစားရနိုင်ပါတယ်။ဒါကဖြစ်နေကျ ပြဿနာတွေ ဖြစ်တာကြောင့် စိုးရိမ်ဖို့တော့ မလို ပါဘူး။ သည်ဝေဒနာကို ဆေးပညာအရ ကုသနိုင်ပါတယ်။ အမှုမဲ့အမှတ်မဲ့ မထားဖို့ဘဲ လိုအပ်တာ ဖြစ်ပါတယ်။

ဒါကရောဂါမဟုတ်ပေမဲ့ အ ချိန် မီ သေချာကုသမှု မခံယူ ရင် တော့သေစေနိုင်လောက်တဲ့ အထာ အခြေအနေ ပြင်းထန်နိုင် ပါ တယ်။ လူတော်တော်များများကတော့ သည်ဝေဒနာကို ညအချိန်မှာ ခံစားရတာ များပါတယ်။
အိပ်နေချိန်မှာ စားချဉ့်ပြန်တာ ခံစားရတဲ့အခါ ကိုယ်တိုင်က သတိ မထားမိနိုင်တာကြောင့် ကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။


သည်လိုအခြေအနေမျိုးမှာတော့ စားချဉ့်ပြန်တာကြောင့် အသက်အန္တရာယ်ရှိလာနိုင်ပါ တယ်။ ဒါကြောင့် အမြဲဂရုစိုက်ဖို့လိုအပ်ပါတယ်။ တစ်နေ့တာလုံး နုံးချည့် မူးဝေဝေ ဖြစ်နေမယ်ဆိုရင်တော့ ညအိပ်ချိန်မှာ အခန့်မသင့်ရင် စားချဉ့် ပြန်ဝေဒနာ ဖြစ်နိုင်တာကြောင့် သတိထားဖို့လိုပါတယ်။ တကယ်လို့သင့်အနေနဲ့ စားချဉ့်ပြန်တဲ့ အ ခါ သင့်တင့်တဲ့ကုသမှုကို မရရှိဘူးဆိုရင် အသက်သေတဲ့အထိ ဖြစ်နိုင်ပါတယ်။

Source:kumudranews

သွေးတွင်းအဆီဓာတ် များနေတာကို ဘယ်လို သိနိုင်မလဲ

သွေးတွင်းအဆီဓာတ် များနေတာကို ဘယ်လို သိနိုင်မလဲ

Read times
Rate this item
(0 votes)