What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 23 November 2018 17:18

မျက်စိစွံရင် ဘာတွေလုပ်မလဲ၊ ဘာတွေမလုပ်ရဘူးလဲ

ရာသီဥတုအကူးအပြောင်းကြောင့် အအေးမိခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးနှာစေးခြင်းတွေအပြင် မျက်စိနာခြင်း၊ စွံခြင်းတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။

ရိုးရိုးဖျားတာထက် ချောင်းဆိုးတို့နှာစေးတို့က ပတ်ဝန်းကျင်ကိုအနှောင့်အယှက် ပိုမိုဖြစ်ပေါ်စေပါတယ်။ မျက်စိနာတာ၊ မျက်စိစွံတာတွေကတော့ ပိုလို့တောင်ဆိုးပါသေးတယ်။ ပတ်ဝန်းကျင်ကို စိုးရွံ့မှုတွေဖြစ်ပေါ်စေရုံမက မိမိကိုယ်တိုင်လည်း အလုပ်ပျက်အကိုင်ပျက်နဲ့ အခက်အခဲဖြစ်စေပါတယ်။

ဒီအတွက် မျက်စိစွံတာ၊ နာတာတွေဖြစ်ပေါ်ချိန်မှာ လုပ်သင့်လုပ်ထိုက်တာတွေ၊ ရှောင်သင့်ရှောင်ထိုက်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဘာတွေလုပ်ရမလဲ ???

 

၁။ အနွေးဓာတ်ပေးပါ

မျက်စိစွံတဲ့နေရာကို အနွေးဓာတ်ပေးဖို့ လိုအပ်ပါတယ်။ အဝတ်စတစ်စကို ရေခပ်နွေးနွေးလေးနဲ့ စိုစွတ်စေပြီး နာနေတဲ့နေရာကို ဖြည်းညင်းစွာဖိတို့ပေးရမှာပါ။ အရည်ညှစ်ချရမှာမဟုတ်ဘူးနော်။ ဖြည်းဖြည်းလေးဖိကပ်ပေးရမှာပါ။ ရေတအားမပူဖို့တော့ သတိပြုရမယ်နော်။ တစ်ခါကပ်ရင် ၅ မိနစ်က ၁၀ မိနစ်အတွင်း ကြာပါစေ။ တစ်နေ့ကို ၃ ခါ ၄ ခါလောက် လုပ်ပေးနိုင်ပါတယ်။ တကယ်လို့ အဝတ်စမသုံးချင်ရင် လက်ဖက်ခြောက်အိတ်လေးတွေနဲ့လည်း ဖိကပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါသုံးပဲ အသုံးပြုရမှာနော်။

 

၂။ ဆပ်ပြာအနုစားသုံးပြီး ဆေးကြောသန့်စင်ပါ

Tear-Free baby shampoo လို ဆပ်ပြာအနုစား(ကလေးသုံးဆပ်ပြာ)ကို ရေနွေးနွေးနဲ့စပ်ပြီး အဝတ်စ (သို့မဟုတ်)ဂွမ်းဖတ်လေးနဲ့စုပ်ယူကာ မျက်ခွံပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ မျက်စိစွံတာ မပျောက်မချင်းလုပ်ပေးရမှာပါ။ ဒါမှနောက်ထပ်ဖြစ်လာမယ့် မျက်စိနာတာတွေကနေ ရှောင်ရှားပြီးဖြစ်စေမှာပါ။

 

၃။ ဆရာဝန်နဲ့ပြသပါ

မျက်စိစွံခြင်းက ရက်ကြာရှည်နိုင်တဲ့အပြင် နာကျင်စေတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ အဓိကကတော့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာပါ။ အဲဒါကြောင့် မျက်စိစွံတဲ့အခါ ibuprofen သို့ acetaminophen ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ ရက်မရှည်ချင်ရင်တော့ ဆရာဝန်နဲ့ပြပြီး ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။

 

၎။ ပဋိဇီဝလိမ်းဆေးကို လိမ်းပေးပါ

Antibiotic Ointments ကို ဆေးဆိုင်တွေမှာမေးဝယ်ပြီး လိမ်းပေးနိုင်ပါတယ်။ ဒါပေမဲ့ သူများညွှန်တဲ့ လိမ်းဆေးတိုင်းလည်း သင့်မျက်စိနာနဲ့ တည့်ချင်မှတည့်မှာမို့ နာမည်ကြီးတိုင်းလည်း မသုံးသင့်ပါဘူးနော်။ ဒါ့အပြင် မျက်စိအပြင်ဘက်မှာဖြစ်တဲ့ မျက်စိစွံတာတွေအတွက် မျက်စဉ်းလည်းခတ်ပေးနိုင်ပါတယ်။

 

ဘာတွေမလုပ်ရဘူးလဲ ???

၁။ မိတ်ကပ်မလူးပါနဲ့

မျက်စိနာနေစဉ်မှာ မိတ်ကပ်လူးခြင်းမှရှောင်ကြည်ပါ။ မိတ်ကပ်လူးတဲ့ပစ္စည်းတွေ၊ ဒါမှမဟုတ် မိတ်ကပ်လူးရင်းကနေ ဘက်တီးရီးယားပိုးတွေက တခြားဘက်ကမျက်စိကို ကူးစက်စေနိုင်တာကြောင့်ပါ။ ဒါ့အပြင် နာကျင်မှုကိုလည်း ကြာရှည်စေတတ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် မိတ်ကပ်လူးတဲ့အခါ သုံးတဲ့ဘရက်ရှ်တွေကို ပုံမှန်ဆေးကြောပေးပါ။ ၃ လထက်ကျော်နေတဲ့ ပစ္စည်းတွေရှိရင်တော့ လွှင့်ပစ်လိုက်ပါတော့။

 

၂။ မျက်ကပ်မှန်မဝတ်ပါနဲ့

မျက်စိနာနေစဉ်မှာ မျက်ကပ်မှန်မတပ်ဖို့ အသေအချာ သတိပေးပါရစေနော်။ မျက်ကပ်မှန်နဲ့အနာနဲ့ ကပ်မိရင် ပိုပြီးနာမှာသေချာပါတယ်။ ဒါ့အပြင် မျက်ကပ်မှန်မှာ ဘက်တီးရီးယားတွေပါသွားပြီး ကူးစက်တာတွေဖြစ်ပေါ်စေနိုင်ပါသေးတယ်။

 

၃။ မျက်စိကိုမထိတွေ့ပါနဲ့

အနာဖြစ်နေတဲ့နေရာကို သန့်ရှင်းစွာထားပေးပါ။ မျက်စိကို ထိတွေ့ကိုင်တွယ်တာမျိုး မလုပ်ပါနဲ့။ အနာကျက်မြန်ဖို့ အနာနဲ့မျက်ခွံ စပ်နေတဲ့နေရာကို ဖွဖွလေးနှိပ်ပေးလို့ရပါတယ်။ ဒါပေမဲ့ နှိပ်တဲ့အခါမှာ နာကျင်မှုကိုခံစားရရင်တော့ ဆက်မနှိပ်သင့်ပါဘူး။

 

၎။ အနာကိုမညှစ်ပါနဲ့
ဒါကတော့အရေးကြီးဆုံးပါပဲ။ မျက်စိစွံတာကို ဝက်ခြံညှစ်သလို ညှစ်ထုတ်ဖို့မကြိုးစားပါနဲ့။ ဖြစ်နိုင်ရင် စွံနေတဲ့အဖုလေးကို ထိကိုမထိပါနဲ့။

Source:mingalarbarmorning.com

သားအိမ်ခြစ်ပြီး ဘယ်လောက်အကြာမှာ လိင်ဆက်ဆံလို့ရသလဲ

သားအိမ်ခြစ်ပြီး ဘယ်လောက်အကြာမှာ လိင်ဆက်ဆံလို့ရသလဲ

Read times
Rate this item
(1 Vote)